DVB Logo
Home
မြန်မာသတင်း
မိတ်ဆွေ(မြန်မာ)အဖွဲ့ Nansen Refugee Award ရရှိ
DVB
·
October 5, 2022
မိတ်ဆွေ(မြန်မာ)အဖွဲ့ Nansen Refugee Award ရရှိ
1 / 3
Donate to DVB

ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)က နှစ်စဉ်ချီးမြှင့်တဲ့ Nansen Refugee Award (အာရှဒေသဆိုင်ရာဆု)ကို မိတ်ဆွေ(မြန်မာ)အဖွဲ့က  ရရှိသွားပါတယ်။

မိတ်ဆွေ(မြန်မာ) အဖွဲ့ဟာ ရန်ကုန်၊ မန္တလေး၊ မကွေး၊ ကရင်၊ ရခိုင်၊ ရှမ်း စတဲ့ ပြည်နယ်နဲ့ တိုင်း ခြောက်ခုရှိ နေရာပေါင်း ၃ဝဝ နီးပါးမှာ ဒုက္ခသည်တွေကို အကူအညီပေးနေတဲ့အဖွဲ့ ဖြစ်ပါတယ်။

ဒီအဖွဲ့ကို ကရင်လူမျိုး သူနာပြုဆရာမ နော်ဘွေခူက ၂ဝဝ၄ ခုနှစ်မှာ တယောက်တည်း စတည်ထောင်ခဲ့တာ ဖြစ်ပါတယ်။

မိတ်ဆွေ(မြန်မာ)အဖွဲ့ဟာ အစောပိုင်းက မြန်မာနိုင်ငံတွင်း ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်နေတဲ့ HIV/AIDS ရောဂါကူးစက်ခံသူတွေနဲ့ ကလေးငယ်၊ အမျိုးသမီး ကျန်းမာရေးလိုအပ်ချက်များကို ဖြေရှင်းကူညီပေးနိုင်ရေး စတင်ဖွဲ့စည်းခဲ့ပေမယ့် နောက်ပိုင်းမှာတော့ သဘာဝဘေးအန္တရာယ်နဲ့ ပဋိပက္ခဒဏ် တွေ့ကြုံခံစားနေရတဲ့ လူမှုအသိုင်းအဝန်းကို ကူညီဖို့နဲ့  နေရပ်စွန့်ခွာ ရွှေ့ပြောင်းနေထိုင်သူတွေအတွက် ကူညီပံ့ပိုးပေးနိုင်ဖို့ အဖွဲ့အစည်းကို တိုးချဲ့ခဲ့တယ်လို့ UNHCR ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

နိုဘယ်လ် ငြိမ်းချမ်းရေးဆုရရှိခဲ့တဲ့ Fridtjof Nansen ကို ဂုဏ်ပြုပြီး ၁၉၅၄ ခုနှစ်ကစလို့ Nansen Refugee Award ဆုကို ချီးမြှင့်လာတာဖြစ်ပါတယ်။

ဒီနှစ်အတွက် ကမ္ဘာလုံးဆိုင်ရာဆုကို ဂျာမနီဝန်ကြီးချုပ်ဟောင်း Angela Merkel ကရရှိခဲ့ပြီး အာရှတိုက်အတွက်ဆုကို မိတ်ဆွေ(မြန်မာ) အဖွဲ့အပါအဝင် ဒေသတွင်းဆုရှင်လေးဦးနဲ့ အာဖရိက၊ အမေရိကနဲ့  အရှေ့အလယ်ပိုင်းတို့ကလည်း  ဆုရရှိခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013