DVB Logo
Home
မြန်မာသတင်း
၁၉၇၄ အလုပ်သမားသပိတ်မှာ ပါဝင်ခဲ့သူတွေကို မေဒေးနေ့တွင် ဂုဏ်ပြုမည်
DVB
·
April 30, 2014
၁၉၇၄ အလုပ်သမားသပိတ်မှာ ပါဝင်ခဲ့သူတွေကို မေဒေးနေ့တွင် ဂုဏ်ပြုမည်
Donate to DVB

မနက်ဖြန် မေလ ၁ ရက်နေ့မှာကျရောက်မယ့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ အခမ်းအနား ကို နိုင်ငံတ၀ှမ်းက နေရာတော်တော်များများမှာ ကျင်းပဖို့ရှိပါတယ်။

[caption id="attachment_52981" align="alignleft" width="300"]မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ်(ယာယီ)က အလုပ်သမားအခွင့်အရေးအတွက်  ၂၀၁၄ ခုနှစ် မတ်လ  က ဆန္ဒထုတ်ဖော်နေစဉ် မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ်(ယာယီ)က အလုပ်သမားအခွင့်အရေးအတွက် ၂၀၁၄ ခုနှစ် မတ်လ က ဆန္ဒထုတ်ဖော်နေစဉ်[/caption]မေလ ၁ ရက်နေ့မှာ ကျရောက်မယ့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ အထိမ်းအမှတ်အနေနဲ့ ၁၉၇၄ အလုပ်သမားသပိတ်မှာ ပါဝင်ခဲ့တဲ့သူတွေကို မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ်ကနေပြီး ဂုဏ်ပြုမယ်လို့ အဖွဲ့ရဲ့ ဥက္ကဋ္ဌ ဦးအောင်လင်းက ပြောပါတယ်။

“မနက်ဖြန်ကို ၇၄ ပထမ အလုပ်သမားသပိတ်ရဲ့ အသက် ၇၀ ကျော် ၈၀ သပိတ်ခေါင်းဆောင်ဟောင်းကြီးတွေကို မနက်ဖြန်မှာ သွားရောက် မေဒေးနေ့ အထိမ်းအမှတ် အမှတ်တရ ဂုဏ်ပြုမှာ ဖြစ်ပါတယ်။ တောင်ဥက္ကလာပ မဂ္ဂင်ကျောင်းတိုက်မှာ ကျင်းပမှာ ဖြစ်ပါတယ်။”

ဗမာပြည်နိုင်ငံရေးလှုပ်ရှားမှု သမိုင်းမှာ ၁၉၇၄ ခုနှစ် ဇွန် ၆ ရက်ကလည်း မေ့မရတဲ့ သပိတ်ကြီးဖြစ်ပြီး ဒီသပိတ်ကြီးကို မဆလ စစ်အာဏရှင်တွေက အကြမ်းဖက်ဖြိုခွင်းခဲ့တဲ့အတွက် သွေမြေကျမှုတွေ ဖြစ်ရပါတယ်။ ဒါကြောင့် ဒီအလုပ်သမားသပိတ်မှာ ပါဝင်ပြီး ကျန်နေတဲ့ သူတွေကို ဂုဏ်ပြုမှာ ဖြစ်ပါတယ်။

ပဲခူးတိုင်း ဝေါမြို့မှာလည်း အလုပ်သမားနေ့အခမ်းအနား ကျင်းပမှာဖြစ်ပြီး ပြည်ထောင်စု ဒုတိယ၀န်ကြီး ဒေါ်ဝင်းမော်ထွန်းလည်း တက်ရောက်ဖို့ရှိတယ်လို့လည်း ဦးအောင်လင်းက ပြောပါတယ်။

ရန်ကုန်မြို့ လှိုင်သာယာမြို့နယ် အမှတ် ၆ ရပ်ကွက်ရှိ အောင်မြင်သာယာ ဘောလုံးကွင်း မှာလည်း နိုင်ငံတ၀ှမ်းလုံးက အလုပ်သမား ၆ ထောင်လောက်ပါဝင်ပြီး အလုပ်သမားနေ့ အခမ်းအနား ကျင်းပသွားမယ်လို့ ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ဒီအခမ်းအနားမှာ အလုပ်သမားအလုပ်အကိုင်နဲ့ လူမှုဖူလုံရေးဝန်ကြီးဌာန ဒုဝန်ကြီး၊ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (အိုင်အယ်အို)ရန်ကုန်ရဲ့ ဆက်သွယ်ရေးအရာရှိနဲ့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (တီတီယူစီ) မြန်မာရုံး ဒါရိုက်တာလည်း တက်ရောဖို့ရှိတယ်လို့ ဖော်ပြထားပါတယ်။ မေဒေးနေ့ အခမ်းအနားကို မနက် ၈ နာရီကနေ ညနေ ၆ နာရီအထိ ကျင်းပမှာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

လက်ရှိ မြန်မာနိုင်ငံအတွင်းမှာ အလုပ်သမားတွေဟာ လုပ်ခလစာအပါအ၀င် အခြား လုပ်သား အခွင့်အရေးတွေ မြှင့်တင်ဖို့ လိုအပ်နေသေးတယ်လို့ မြန်မာနိုင်ငံ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအောင်လင်းက ပြောဆိုပါတယ်။

“လက်ရှိ အလုပ်သမားတွေရဲ့ ဘ၀ကတော့ နိမ့်ပါးနေတုန်းပဲ။ အခြေခံအချက်တွေကို အများကြီး မြှင့်တင်ရပါလိမ့်ဦးမယ်။ လုပ်ခလစာအပါအ၀င် အခြား လုပ်သားအခွင့်အရေးတွေနဲ့ အခြေခံအခွင့်အရေး ချိုးဖောက်မှုတွေ တရားဥပဒေ စိုးမိုးမှုတွေ မရှိသေးတဲ့ အခြေအနေတွေ အများကြီး ဖြစ်ပေါ်နေပါသေးတယ်။ ဒါတွေကို အများကြီး ပြုပြင်ပြောင်းလဲမှုတွေ လုပ်ရပါလိမ့်မယ်။ လုပ်ခလစာ အလွန်အမင်းနည်းပါးတဲ့အတွက်ကြောင့် စားဝတ်နေရေးတွေ မပြေလည်ကြဘူး။ အနိမ့်ဆုံးလုပ်ခလစာ ဥပဒေကလည်း ရေးဆွဲဖို့ ပြင်ဆင်နေဆဲ ကာလမှာပဲ ရှိသေးတဲ့အတွက် လုပ်သားတွေရဲ့ လိုအပ်ချက်တွေက လောလောဆယ် မပြည့်မီသေးဘူး။ လုပ်ခလာစာ နိမ့်ပါးတဲ့ အတွက်ကြောင့်မို့လို့ အလုပ်သမားတွေ အခွင့်အရေးတောင်းဆိုတဲ့ တောင်းဆိုမှုတွေ ဖြစ်ပေါ်လာတယ်။ အဲဒီလို ဖြစ်ပေါ်လာတဲ့အခါမှာ ဒီအလုပ်သမားတောင်းဆိုမှုတွေကို ကိုယ်စားပြုပြီးတော့ တောင်းဆိုပေးရတဲ့ အလုပ်သမားသမဂ္ဂခေါင်းဆောင်တွေ တော်တော်များများ အလုပ်ကနေ ရပ်စဲခံနေရတယ်။ ဥပဒေအရ အရေးယူပေးဖို့ ဥပဒေတွေ ပုဒ်မတွေ အထင်အရှား ရှိနေပေမယ့်လည်း အခုအချိန်မှာ အလုပ်ရှင်တွေကို သက်ဆိုင်ရာအာဏာပိုင် အဖွဲ့အစည်းတွေက အရေးယူခြင်း မရှိပဲ လစ်လျူ ရှုနေတဲ့ အနေအထားတွေ အများကြီး ရှိနေတယ်။ ဒီအခြေအနေမျိုးမှာ အလုပ်သမားတွေရဲ့ အခွင့်အရေးတွေ အများကြီး ဆုံးရှုံးနေဦးမှာ ဖြစ်ပါတယ်။”

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013
၁၉၇၄ အလုပ်သမားသပိတ်မှာ ပါဝင်ခဲ့သူတွေကို မေဒေးနေ့တွင် ဂုဏ်ပြုမည်