DVB Logo
Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည်နဲ့ ၈၈ မျိုးဆက်တို့ မန္တလေးမှာ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ဟောပြောမည်
DVB
·
April 30, 2014
ဒေါ်အောင်ဆန်းစုကြည်နဲ့ ၈၈ မျိုးဆက်တို့ မန္တလေးမှာ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ဟောပြောမည်
Donate to DVB

လာမယ့် မေလ ၁၈ ရက်နေ့ မန္တလေးမြို့မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်းတို့ ပထမဆုံးအကြိမ် ပူးပေါင်းပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး ပူးပေါင်းဟောပြောမှာ ဖြစ်ပါတယ်။

[caption id="attachment_51810" align="alignleft" width="300"]ဒေါ်အောင်ဆန်းစုကြည်နှင့် ၈၈ ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)တို့ တွေ့ဆုံစဉ် -- ဓာတ်ပုံ - ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) ဒေါ်အောင်ဆန်းစုကြည်နှင့် ၈၈ ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)တို့ တွေ့ဆုံစဉ် -- ဓာတ်ပုံ - ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)[/caption]အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ရှစ်ဆယ့်ရှစ်မျိုးဆက် ပွင့်လင်းလူ့အဖွဲ့အစည်းအကြား ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် အတူတကွ လက်တွဲဆောင်ရွက်မယ်လို့ ထုတ်ပြန်ပြီးတဲ့ နောက် ပထမဆုံးအကြိမ် လူထုအကြား ပူးတွဲဆောင်ရွက်ချက်ဖြစ်ပါတယ်။

ဒီဆွေးနွေးပွဲအတွက် မန်းတောင်ခြေက မြစ်ငယ်ကွင်းနဲ့ အောင်ပင်လယ်ကွင်းမှာ ပြုလုပ်နိုင်ဖို့ အာဏာပိုင်တွေဆီမှာ ဧပြီ ၂၉ ရက်နေ့တုန်းက လျောက်ထားတယ်လို့ မန္တလေးတိုင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး ဦးစိုင်းလှသိန်းက ပြောပါတယ်။
“ဘာတွေလုပ်မယ်ဆိုတောကို အသေးစိတ် ကျနော်တို့ကို မပြောသေးဘူး။ လောလောဆယ်တော့ အခြေခံဥပဒေနဲ့ ပတ်သက်တဲ့ အကြောင်းကိုပဲ ဇောင်းပေးပြီး ပြောမှာပဲ။ ဒါပေမယ့် အသေးစိတ်ကို ကျနော်တို့ မသိရသေးဘူး။ ဒါက ဗဟိုက စီစဉ်တာလေ။ ကျနော်တို့က ဒီမှာ ကွင်းရရှိရေးနဲ့ စတိတ်စင်နဲ့ ဟောပြောပွဲဖြစ်မြောက်ရေးအတွက် လုပ်ရတာပဲ။”

၈၈မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ကိုဂျင်မီကတော့ နေရာနဲ့ အချိန်ကို အသေးစိတ် စီစဉ်ထားတာရှိပေမယ့် အတိအကျပြောဆိုဖို့ ခက်တယ်လို့ အခုလို ပြောပါတယ်။

“သေချာတာတခုကတော့ အဲဒီအလုပ်တွေက လုပ်မယ်ဆိုတာ ပြောလို့ရပါတယ်။ ကျနော်တို့ ၂၁ ရက်နေ့က နောက်ဆုံးဆွေးနွေးခဲ့တဲ့အထဲမှာ အသေးစိတ်ဆွေးနွေးမှုတွေ ရှိပါတယ်။ သို့သော် အဲဒါကို အန်တီဘက်ကနေပြီး ဗဟိုအလုပ်အမှုဆောင်ကို တင်ပြီးတော့မှ အတည်ပြုချက်ယူမယ် ဆိုတဲ့ သဘောပေါ့။ အဲဒီတော့ ဗဟိုအလုပ်အမှုဆောင်ကို အတည်ပြုချက်ထွက်လာရင်တော့ ဒီထက်ပိုပြီး တိတိကျကျ ပြောနိုင်မှာပါ။”

ပြီးခဲ့တဲ့ ဧပြီလ ၂၁ ရက်က ဦးမင်းကိုနိုင်၊ ဦးကိုကိုကြီး အပါအ၀င် ၈၈မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ခေါင်းဆောင်တွေဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်မှာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး လုပ်ငန်းတွေကို ဆွေးနွေးခဲ့ကြပါသေးတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013