DVB Logo
Home
မြန်မာသတင်း
လက်ပံတောင်းတောင် စီမံကိန်း ရပ်ဆိုင်းရေး ဆန္ဒပြ
DVB
·
April 29, 2014
လက်ပံတောင်းတောင် စီမံကိန်း ရပ်ဆိုင်းရေး ဆန္ဒပြ
Donate to DVB

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်တန့်ရေး တောင်းဆိုဆန္ဒပြတဲ့ သပိတ်စခန်းတွေကို အကြမ်းဖက်နှိမ်နင်းခဲ့တာ ၁၇ လပြည်ခဲ့ပြီဖြစ်ပေမယ့် ဥပဒေကြောင်းအရ အရေးယူနိုင်မှုမရှိတဲ့အပေါ် ရန်ကုန်နဲ့ လက်ပံတောင်းတောင်မှာ ဧပြီ ၂၉ ရက်နေ့က ဆန္ဒပြပွဲတွေ ပြုလုပ်ခဲ့ပါတယ်။

ဒီနေ့မနက်ပိုင်းမှာ စစ်ကိုင်းတိုင်း မုံရွာခရိုင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဖျက်သိမ်းရေး၊ မီးလောင်ဗုံး တရာခံ ဖော်ထုတ်ရေးနဲ့ ပုဒ်မ ၁၄၄ ရုပ်သိမ်းပေးရေးတို့အတွက် ရာချီတဲ့ ဒေသခံ လယ်သမားတွေက ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။

[caption id="attachment_55703" align="alignleft" width="300"]ဓာတ်ပုံ - ကိုဟန်ဝင်းအောင် ဓာတ်ပုံ - ကိုဟန်ဝင်းအောင်[/caption]

ဆန္ဒပြဖို့အတွက် ခွင့်ပြုချက်ကို ဆည်တည်းရွာက တောင်းခံခဲ့တာဖြစ်ပြီး တုံရွာထိပ်ကနေ ညောင်ပင်ကြီး ငွေဇင်ယော် ဆိပ်ကမ်းအထိ ချီတက်ဆန္ဒပြခဲ့တာလို့ ဦးဆောင်ဆန္ဒပြတဲ့ မနွယ်နွယ်ဝင်းက ပြောပါတယ်။

“၂၀၁၂ ခုနှစ် ၁၁ လပိုင်းကနေ ကနေ့အထိဆိုရင် ၁ နှစ်နဲ့ ၅ လရှိပြီ။ ၁ နှစ်နဲ့ ၅ လပြည့်တာတောင် လက်ပံတောင်းတောင် သပိတ်စခန်း ဖြိုခွင်းခံရတဲ့ မီးလောင်ဗုံးတရားခံကို အခုထက်ထိ မဖော်ထုတ်နိုင်သေးဘူး။ အဓိက အချက်ကတော့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း လုံးဝ ဖျက်သိမ်းပေးရေး၊ မီးလောင်ဗုံး တရားခံ ဖော်ထုတ်အရေးယူပေးရေး၊ ပုဒ်မ ၁၄၄ အမြန်ဆုံး ရုပ်သိမ်းပေးရန် အဲဒီ ၃ ချက်ကို ဦးတည်ပြီး ကျမတို့ ဒီနေ့ ဆန္ဒပြတာပါရှင့်။”

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနဲ့ ပတ်သက်ပြီး နစ်နာခဲ့တဲ့ လျော်ကြေးမယူထားတဲ့ တောင်သူတွေကို  ဖြေရှင်းချက် တစုံတရာ မပေးသေးသလို ဆက်လက်လုပ်ကိုင်နေတယ်လို့ လည်း သူက ပြောပါတယ်။

ဒါ့အပြင် ဧပြီ ၂၉ ရက် ညနေပိုင်းမှာလည်း လက်ပံတောင်းတောင် စီမံကိန်း ရပ်ဆိုင်းရေး အတွက် ရန်ကုန် မြို့လယ် မဟာဗန္ဓုလ ပန်းခြံကို တပတ်ပတ်ပြီး ဆူးလေဘုရားပေါ်အထိ တက်ရောက် ဆုတောင်းခဲ့တယ်လို့ ဒီမိုကရေစီ အင်အားစုက ဦးသန်းဆွေက ပြောပါတယ်။

“လယ်တီ သိမ်ကိစ္စနဲ့ လျော်ကြေး မယူထားတဲ့ မြေတွေကို သိမ်းပြီး တရားစွဲတာတို့ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားတာတို့ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး လစဉ်လတိုင်း ဆုတောင်းနေကြဆိုတော့။ မီးလောင်ဗုံးနဲ့ ပစ်တဲ့ တရားခံ မမိသေးသ၍ ကျနော်တို့ကလည်း တောင်းဆိုနေမှာပါ။”

ဒီစီတန်းလှည်လည်မှုနဲ့ ဆုတောင်းပွဲကို လူပေါင်း ၇၀ လောက် ပါဝင်ခဲ့သလို အာဏာပိုင်တွေထံကနေ ခွင့်ပြုချက်တောင်းခံခဲ့ခြင်း မရှိဘူးလို့လည်း သူက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013