DVB Logo
Home
Lead Story
နေတိုးမဟာမိတ်ထဲ အမြန်ဆုံးဝင်ခွင့်ရရေး တရားဝင်လျှောက်ထားကြောင်း ယူကရိန်းသမ္မတ ပြော
DVB
·
October 1, 2022
နေတိုးမဟာမိတ်ထဲ အမြန်ဆုံးဝင်ခွင့်ရရေး တရားဝင်လျှောက်ထားကြောင်း ယူကရိန်းသမ္မတ ပြော
Donate to DVB

သမ္မတ ဇလန်းစကီးက ယူကရိန်းနိုင်ငံကို နေတိုး စစ်မဟာမိတ်အဖွဲ့ထဲ အမြန်ဆုံး ဝင်ခွင့်ရဖို့  တရားဝင် လျှောက်ထားလိုက်ပြီလို့ စက်တင်ဘာ ၃၀ ရက်မှာ ပြောပါတယ်။ 

ယူကရိန်းအနေနဲ့ ရုရှားနဲ့ စကားပြောဖို့ အဆင်သင့် ရှိပေမဲ့ သမ္မတ ပူတင်နဲ့တော့ စကားပြောမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ 

ရုရှားက တစိတ်တပိုင်း သိမ်းယူထားတဲ့ ယူကရိန်း နယ်မြေ လေးခုကို ရုရှားအပိုင်ဖြစ်တဲ့ အကြောင်း ရုရှားသမ္မတ ပူတင်က အခမ်းအနားနဲ့ ကြေညာခဲ့ပြီးတဲ့နောက်မှာ ယူကရိန်း သမ္မတက အခုလို ပြောလိုက်တာပါ။ 

ပူတင်က ရုရှားအပိုင်လို့ ကြေညာလိုက်တဲ့ နယ်မြေဟာ ယူကရိန်းနိုင်ငံရဲ့ ၁၄ ရာခိုင်နှုန်း ဖြစ်ပြီး ဒါဟာ ဒုတိယကမ္ဘာ့စစ်နောက်ပိုင်း အကြီးမားဆုံးနယ်ချဲ့မှု ဖြစ်တယ်လို့ ရိုက်တာသတင်းက ဆိုပါတယ်။ 

ဒါကို အနောက်နိုင်ငံတွေက လက်မခံသလို၊ ရုရှားရဲ့မဟာမိတ်တွေကလည်း လက်မခံကြပါဘူး။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ဒါဟာ ကုလသမဂ္ဂ ပဋိညာဉ်ကို တရားမဝင်ချိုးဖောက်မှု ဖြစ်တယ်လို့ ပြောပါတယ်။ 

ယူကရိန်းသမ္မတက “ကျနော်တို့ အနေနဲ့ ပြတ်ပြတ်သားသားပဲ လုပ်ရမယ့် အချိန်ရောက်ပါပြီ။ နေတိုး စစ်မဟာမိတ်အဖွဲ့ထဲမှာ မြန်မြန်ဆန်ဆန်အဖွဲ့ဝင်ဖြစ်လာဖို့ ယူကရိန်းရဲ့ လျှောက်လွှာမှာ လက်မှတ်ထိုးပါမယ်” လို့ ပြောကြားပြီးနောက် ဝန်ကြီးချုပ်ရဲ့ လွှတ်တော်ဥက္ကဋ္ဌတို့ရှေ့မှာ လက်မှတထိုးလိုက်ပါတယ်။ 

ဆက်လက်ပြီး ယူကရိန်းသမ္မတက ရုရှားဟာ သမိုင်းကို လိုရာဆွဲပြီး၊ နယ်စပ်မျဉ်းတွေကိုလည်း စိတ်ကြိုက် ဖန်တီးဖို့အတွက် လူသတ်တဲ့နည်း၊ အကြပ်ကိုင်တဲ့နည်း၊ အလိမ်အညာ၊ အညစ်အပတ် နည်းတွေကို သုံးတာကို ယူကရိန်းက လက်မခံဘူးလို့လည်း ပြောသွားပါတယ်။ 

ယူကရိန်းအနေနဲ့ တန်းတူမှု၊ ရိုးသားမှု၊ ဂုဏ်သိက္ခာနဲ့အညီ၊ မျှတတဲ့အခြေအနေအောက်မှာ ရုရှားနဲ့ အတူယှဉ်တွဲနေထိုင်ရေး ပေါ်လစီအပေါ်ကို လက်ကိုင်ထားတယ်ဆိုတာကိုလည်း ထည့်ပြော သွားပါတယ်။ 

ဒါပေမယ့် လက်ရှိ ရုရှားသမ္မတ လက်ထက်မှာတော့ ဒါတွေ မဖြစ်နိုင်ဘူး။ ပူတင်ဟာ ဂုဏ်သိက္ခာနဲ့ ရိုးသားမှုဆိုတာတွေကို နားလည်သူမဟုတ်ဘူးလို့လည်း ပြောသွားပါတယ်။

ယူကရိန်းတပ်တွေဟာ နိုင်ငံအရှေ့ပိုင်းမှာ စစ်ရေးအရ သိသာတဲ့အောင်မြင်မှုတွေ ရရှိထားတယ်လို့ ဇလန်းစကီး စက်တင်ဘာ ၃၀ ရက်မှာ ပြောခဲ့သလို ရုရှားသိမ်းပိုက်ထားတဲ့ ဒွန်းနက်စ်ခ်ဒေသထဲက လိုင်မန် Lyman မြို့ကို သူ့ မိန့်ခွန်းထဲမှာ ထည့်ပြောသွားတာဖြစ်ပြီ တခြား အသေးစိတ်တွေကိုတော့ ပြောမသွားပါဘူး။ 

ယူကရိန်းကာကွယ်ရေးဝန်ကြီးကတော့ ယူကရိန်းတပ်တွေဟာ လိုင်မန်မြို့အနီးက ရွာတရွာကို ပြန်သိမ်းပိုက်နိုင်တဲ့အကြောင်း အစောပိုင်းမှာ ပြောထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013