DVB Logo
Home
မြန်မာသတင်း
ကုန်းလမ်းသယ်ယူပို့ဆောင်ရေးနှင့် ပုဂ္ဂလိကကုမ္ပဏီ ပူးပေါင်းပြီ
DVB
·
April 29, 2014
ကုန်းလမ်းသယ်ယူပို့ဆောင်ရေးနှင့် ပုဂ္ဂလိကကုမ္ပဏီ ပူးပေါင်းပြီ
Donate to DVB

ကုန်းလမ်းပို့ဆောင်ရေးက ပြည်တွင်းကုမ္ပဏီတခုနဲ့ ပူးပေါင်းပြီး ရန်ကုန်မြို့တွင်းမှာ စီးတီးဘတ်စ်ယာဉ်လိုင်းတွေ ပြေးဆွဲသွားတော့မှာ ဖြစ်ပါတယ်။

ရထားပို့ဆောင်ရေးဝန်ကြီးဌာန လက်အောက်မှာရှိတဲ့ ကုန်းလမ်းပို့ဆောင်ရေးက forever green right service company limited နဲ့ ပူပေါင်းပြီး ရန်ကုန်မြို့တွင်းမှာ စက်တင်ဘာလက စပြီး စီးတီးဘတ်စ် ၂၅ စီးနဲ့ ယာဉ်လိုင်းတခု စတင်ပြေးဆွဲတော့မှာပါ။

[caption id="attachment_55697" align="alignleft" width="300"]ဓာတ်ပုံ - သာနိုးဝေ ဓာတ်ပုံ - သာနိုးဝေ[/caption]ကိုရီးယားနိုင်ငံထုတ် ဟွန်ဒိုင်းအမျိုးအစား Gas အသုံးပြုတဲ့ စီတီးဘတ် စုစုပေါင်း ၇၅ စီး တင်သွင်းပြီး မြို့တွင်းမှာ ပြေးဆွဲသွားမှာ ဖြစ်သလို အဝေးပြေးယဉ်လိုင်းတွေကိုလည်း ကားအသစ်တွေဝယ်ယူပြီး ပြေးဆွဲသွားဖို့ ရှိနေပါတယ်။

ကုမ္ပဏီနဲ့ ကုန်းလမ်းသယ်ယူပို့ဆောင်ရေးတို့ နှစ်ခုပါင်းပြီး ကျပ်သန်းပေါင်း ၇၄၀၀ ကုန်ကျခံ ရင်းနှီးမြှုပ်နှံလုပ်ကိုင်သွားမယ်လို့ ကုန်းလမ်းသယ်ယူပို့ဆောင်ရေး ညွှန်ကြားရေးမှူး ဦး တင်ဝင်းအောင်က ခုလို ပြောပါတယ်။

“စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုက ကျပ်သန်းပေါင်း ၇၄၀၀ ရှိပါတယ်။ သူတို့က ကျပ်သန်းပေါင်း ၇၄၀၀ ထည့်ဝင်ထားပြီးတော့ ကျနော်တို့က ကုန်းလမ်းပို့ဆောင်ရေးရှေ့က မြေဧက ၂ ဒဿ မ ၅ ဧကမှာ နှစ် ၃၀ ငှားရမ်းစရိတ်ကို ကျပ်သန်းပေါင်း ၃၀၆၀၀ နဲ့ သတ်မှတ်ပြီးတော့မှ သူက ၇၀ ရာခိုင်နှုန်း၊ ကျနော်တို့က ၃၀ ရာခိုင်နှုန်းနဲ့ ဒီလုပ်ငန်းကို အကျိုးအမြတ်ယူပြီး ဒီမြေနေရာမှာ အလုပ်လုပ်မယ်။”

ပြေးဆွဲမယ့်ယာဉ်လမ်းကြောင်းနဲ့ ယာဉ်စီးခနှုန်းထားကိုတော့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ ညွှန်ကြားချက်အတိုင်း ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

ကုန်းလမ်းပို့ဆောင်ရေးအနေနဲ့ အခုလို ပြည်တွင်းကုမ္ပဏီနဲ့ ပူးပေါင်းလုပ်ကိုင်ရတဲ့ ရည်ရွယ်ချက်ကိုလည်း ဦးတင်ဝင်းအောင်က အခုလိုပြောပါတယ်။

“ကျနော်တို့ ဌာနအနေနဲ့ကတော့ မူဝါဒအရလည်း ရေရှည်သွားတော့မယ်။ စီးပွားရေး လုပ်ငန်းဖြစ်တဲ့အတွက် အစိုးရကလည်း တဖြည်းဖြည်း ဖြေလျော့သွားတယ်။ ပူပေါင်းဆောင်ရွက်မှု ဘာကြောင့်လုပ်ရလဲဆိုတော့ လူထုအတွက်လည်း လုပ်ပေးနိုင်မယ်။ ကျနော်တို့ ၀န်ထမ်းတွေလည်း အလုပ်အကိုင် ရမယ်။ ဒါကြောင့် ကျနော်တို့ ပိုပြီး ကြိုးစားမှာ ဖြစ်ပါတယ်။”

ကုန်းလမ်းပို့ဆောင်ရေးက ၂၀၁၁ ခုနှစ်မှာ ဂျပန်နိုင်ငံ ICE Group မှ JCCI ကုမ္ပဏီ တခုနဲ့ အခုလိုယာဉ်လိုင်းတွေပြေးဆွဲဖို့ အမေရိကန်ဒေါ်လာ ၄၅၀ ဒဿ မ ၆၈၃ သန်းဖိုး ရင်းနှီးမြှုပ်နှံ လုပ်ကိုင်ဖို့ သဘောတူညီမှု ရရှိခဲ့ပေမယ့် ကုမ္ပဏီဘက်က ပြန်လည်ရုပ်သိမ်းသွားပါတယ်။

ကုန်းလမ်းပို့ဆောင်ရေးကို ၁၉၆၅ ခုနှစ်က စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး ဘတ်စ်ကားအသစ်တွေ မတင်သွင်းနိုင်တဲ့အတွက် ရန်ကုန်မြို့တွင်းမှာ ယာဉ်လိုင်းမပြေးဆွဲတာ ဆယ်နှစ်ကျော်ရှိပြီဖြစ်ပြီး အခုခါမှာတော့ forever green right service company limited နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူညီမှုရရှိခဲ့တာပါ။

ကုန်းလမ်းသယ်ယူပို့ဆောင်ရေးအနေနဲ့ နောက်ထပ်ပူးပေါင်းလုပ်ကိုင်မယ့် ကုမ္ပဏီတွေရှိရင်လည်း ပူးပေါင်း လုပ်ကိုင်သွားမယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013