DVB Logo
Home
မြန်မာသတင်း
ရေးမြို့နယ် ခေါဇာမြို့ရဲစခန်းမှူးနှင့် ရဲတပ်သား ၂ ဦး ပစ်သတ်ခံရ
DVB
·
September 30, 2022
ရေးမြို့နယ် ခေါဇာမြို့ရဲစခန်းမှူးနှင့် ရဲတပ်သား ၂ ဦး ပစ်သတ်ခံရ
Donate to DVB

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ခေါဇာမြို့ရဲစခန်းမှူးနဲ့ ရဲတပ်သား ၂ ယောက် လစာထုတ်ဖို့ ကားနဲ့အသွား စက်တင်ဘာ ၃၀ ရက် နေ့လယ်က ခေါ်ဇာမြို့ ကဗျာကြီးကျေးရွာလမ်း နေရာမှာ ရေးဘီလူးအဖွဲ့က ပစ်ခတ်ရှင်းလင်းလိုက်တယ်လို့ ရေးဘီလူးအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

စခန်းမှူးနဲ့ သူ့ရဲဘော်ဆီက သေနတ်အရှည် ၂ လက်၊ အတို ၁ လက်၊ လက်ပစ်ဗုံး ၁ လုံး၊ ကျည်အိမ်ကျည်တောင့်တွေပါ သိမ်းဆည်းရခဲ့တယ်လို့ ဆိုပါတယ်။

ဒေသခံတယောက်က “မွန်ပြည်နယ်၊ ရေးခရိုင်၊ ခေါဇာမြို့နယ်(ခွဲ)က စခန်းမှူးနဲ့ တခြားအဆင့် ရဲတပ်သား ၂ ယောက် ရေးနဲ့ ခေါဇာကြား လမ်းခရီးတနေရာမှာ ပစ်ခတ်ခံရပါတယ်။ ခေါဇာစခန်းမှူးက အသစ်ဖြစ်ပြီး ဘယ်သူပုန်ကိုမှ မကြောက်လို့ ခေါဇာပြောင်းလာတာလို့ ပြောဆိုထားခဲ့ပြီးနောက်မှာ အခုလို ပစ်ခတ်ခံရတယ်” လို့ ပြောပါတယ်။

ရေးမြို့နယ်မှာ စစ်ကောင်စီလက်အောက်ခံ ရဲအရာရှိတယောက် ပထမဆုံး ပစ်ခတ်သေဆုံးခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ရက်ကလည်း လမိုင်းနယ်မြေခံ ရဲတ‌ယောက် ပစ်ခတ်ခံရလို့ ဒီနေ့အထိ ရဲတပ်ဖွဲ့ဝင် အနည်းဆုံး ၁၀ ယောက်ထက်မနည်း သေဆုံးခဲ့တာပါ။

ရေးဘီလူးလက်ချက်ကြောင့် စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာတွေမှာ တုန်လှုပ်ချောက်ချားရတယ်လို့ မြို့ခံတယောက်က ပြောပါတယ်။

အခုဖြစ်စဥ်နဲ့ပတ်သက်ပြီး ရဲတပ်ဖွဲ့ဝင်တွေဘက်က အသေးစိတ် မထုတ်ပြန်နိုင်သေးသလို လက်ရှိမှာ စစ်တပ်၊ ရဲတွေကတော့ အခင်းဖြစ်တဲ့ နေရာဘက်ကို ပိတ်ဆို့ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013