DVB Logo
Home
မြန်မာသတင်း
ချင်းနှင့် မကွေးအတွက် “မမများနဲ့ ပွဲကမယ်” တတိယပရောဂျက်မှ ရာခိုင်နှုန်း ၈၀ ကျော် ရရှိထား
DVB
·
September 30, 2022
ချင်းနှင့် မကွေးအတွက် “မမများနဲ့ ပွဲကမယ်” တတိယပရောဂျက်မှ ရာခိုင်နှုန်း ၈၀ ကျော် ရရှိထား
Donate to DVB

မြေပြင်တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ချင်းပြည်နယ်နဲ့ မကွေးတိုင်းက စစ်အာဏာရှင်တော်လှန်ရေးမှာ လိုအပ်ချက်တွေ ဖြည့်ပေးနိုင်ဖို့အတွက် “မမများနဲ့ပွဲကမယ်” တတိယပရောဂျက်စတင်နေပြီး လတ်တလောအချိန်ထိ ၈၂ ရာခိုင်နှုန်း မစ်ရှင်အောင်မြင်ထားပြီဖြစ်တယ်လို့ ထုတ်ပြန်ပါတယ်။

“[ 82% ] - မစ်ရှင်ပြည့်ဖို့ [ 18% ] ပဲလိုတော့တယ်… အကြောင်းကြောင်းတွေ စုံသွားတာကြောင့် ဒီတခေါက် မမခရီးစရိတ်က ချက်ချင်းမပြည့်တာ နားလည်ပါတယ် (စိတ်တော့မကောင်းဘူးပေါ့)… မစ်ရှင်ကတော့ ဘယ်လိုဖြစ်ဖြစ်ပြည့်မှဖြစ်မှာဆိုတော့ ဆက်ဝုန်းကြမှဖြစ်မယ်။ လလဲကုန်ပြီ၊ လစာလဲထွက်ပြီဆိုတော့… စလုံးရေ… စလုံးရေ… ကူကြပါဦး..”

ဒီပရောဂျက်ကိုတော့ ပြီးခဲ့တဲ့ ဩဂုတ် ၂၇ ရက်မှာ စတင်ခဲ့တာဖြစ်ပြီး လာမယ့် အောက်တိုဘာ ၇ ရက်အတွင်း ကျပ်သိန်းပေါင်း ၁၅၀၀၀ ပမာဏကို ပြည်သူနဲ့အတူ ရှာဖွေသွားမှာ ဖြစ်ပြီးတော့ ဒီကမ်ပိန်းမှာလည်း စင်ကာပူ၊ မြန်မာ၊ မလေးရှား၊ အမေရိကန်၊ တောင်ကိုရီးယား၊ ယူအေအီး၊ ဂျာမနီ၊ ဩစတြေးလျ၊ ထိုင်း၊ ဂျပန်၊ နယူးဇီလန်၊ ပြင်သစ်၊ ကနေဒါ၊ ဆွစ်ဇာလန်၊ ယူကေ၊ ထိုင်ဝမ်စတဲ့ နိုင်ငံအသီးသီးက ရန်ပုံငွေရှာဖွေရေး အဖွဲ့တွေအသီးသီးနဲ့ ဆက်သွယ်လှူဒါန်းနိုင်ဖို့ နှိုးဆော်ထားခဲ့တာဖြစ်ပြီးရရှိလာတဲ့ ရန်ပုံငွေတွေကိုတော့ NUG အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနကနေတဆင့် ပေးပို့ကူညီသွားမယ်လို့ ပြောထားပါတယ်။

လတ်တလောမှာတော့ မြန်မာ့နွေဦးတော်လှန်ရေးကာလဟာ ၁ နှစ်ခွဲကျော်လာခဲ့ပြီဖြစ်ကာ ဒီကာလအတွင်းမှာ နိုင်ငံအတွက် အသက်ပေးခဲ့ကြတဲ့ သူရဲကောင်းရဲဘော်တွေ၊ မတရားဖမ်းဆီး နှိပ်စက်ခံထားရတဲ့ ပြည်သူတွေနဲ့ မီးရှို့ဖျက်ဆီးခံလိုက်ရတဲ့ အိမ်တွေနဲ့ရွာတွေ အများကြီး ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

နွေဦးတော်လှန်ရေး တိုက်ပွဲများစွာဟာ နိုင်ငံအနှံ့ဒေသအသီးသီးမှာ ဖြစ်ပွားနေပြီး ဒီဒေသတွေထဲက ချင်းပြည်နယ်နဲ့ မကွေးတိုင်းတွေဟာလည်း စစ်ကောင်စီရဲ့ အင်အားအလွန်အကျွံသုံးကာ ဖျက်ဆီးတိုက် ခိုက်မှုတွေကို ခံစားနေရပြီး နေ့စဉ်နဲ့အမျှ ဒီဖျက်ဆီးမှုတွေကြောင့် စစ်ဘေးရှောင် ပြည်သူတွေနဲ့ ထိခိုက်ပျက်စီးမှုတွေက များပြားလာနေတာပါ။

“အရေးကြီးဆုံးက ဒီ "မမများနဲ့ပွဲကမယ် " ချင်း၊ မကွေးပရောဂျက်ကရရှိလာတဲ့ အလှူငွေတွေကို NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာန (MOD) ကနေတဆင့် ပေးပို့ကူညီသွားမှာဖြစ်ပါတယ်။ ဒီနေရာမှာ မမတို့သည် ရောက်ရာဒေသတိုင်းကို ပြည်သူ့ငွေနဲ့ ထိရောက်စွာပံ့ပိုးကူညီသွားမှာဖြစ်လို့ ချစ်ခြင်း၊ မုန်းခြင်းကင်းစွာ တော်လှန်ရေး၊ လွတ်မြောက်ရေး၊ တွန်းလှန်နိုင်ရေး၊ တန်ပြန်နိုင်ရေးကိုသာ တည့်တည့်မျက်နှာမူထားတယ် ဆိုတာ သစ္စာကျိန်ဆိုပါတယ်။ တိုက်ပွဲဆိုတာ လက်နက်အင်အားဘယ်လိုပင်သာသာ ခိုင်မာတဲ့ခံယူချက်နဲ့ ပြည်သူလူထုရဲ့ ထောက်ခံမှုမရှိရင် အောင်ပွဲဆိုတာ မရနိုင်ပါဘူး။ ခိုင်မာတဲ့ခံယူချက်နဲ့ ပြည်သူတွေရဲ့ ထောက်ခံမှုတွေရှိနေပေမယ့်လည်း လက်နက်အင်အားကွာနေရင်တော့ အချိန်ကြန့်ကြာမှုတွေနဲ့ ဆုံးရှုံးမှုတွေတော့ ရှိတတ်ပါတယ်။ ဒါကြောင့်မို့  ပြည်သူတွေလည်း ပင်ပန်းနေကြတာ နားလည်ပေမဲ့ ရနိုင်သလောက် အင်နဲ့အားနဲ့ ပါဝင်ပေးကြဖို့ တိုက်တွန်းလိုက်ရပါတယ်။”

“မမများနဲ့ပွဲကမယ်” အနေနဲ့ သိပ်မကြာခင်ကလည်း တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ကရင်နီဒေသတိုက်ပွဲကြားက လိုအပ်ချက်တွေကို ဖြည့်ပေးနိုင်ဖို့အတွက် ၂၁ ရက်တာ ကမ်ပိန်းမှာ ကျပ်သိန်း ၅,၈၀၀ ကျော်ထိ ရှာဖွေ ပေးနိုင်ခဲ့သလို စစ်ကိုင်းတိုင်းအတွက် ရက် ၃၀ အတွင်း ကျပ်သိန်း ၁၅,၀၀၀ ပရောဂျက်မှာလည်း မျှော်မှန်းတဲ့ပမာဏထက်ကျော်လွန်ကာ ကျပ်သိန်း ၂၇,၀၀၀ ကျော်ထိ ရရှိထားခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ အကြမ်းဖက်စစ်အုပ်စုက မတရားအာဏာသိမ်းယူထားတဲ့ ကာလတွေအတွင်း နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့အတူ စစ်ကောင်စီတပ်တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေ၊ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲတွေလည်း တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေ အနှံ့ ပြင်းထန်နေပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013