DVB Logo
Home
မြန်မာသတင်း
မြန်မာအလှမယ်ဟန်လေး ကနေဒါတွင် နိုင်ငံရေးခိုလှုံခွင့်ရရှိ
DVB
·
September 26, 2022
မြန်မာအလှမယ်ဟန်လေး ကနေဒါတွင် နိုင်ငံရေးခိုလှုံခွင့်ရရှိ
Donate to DVB

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ဘန်ကောက်လေဆိပ်မှာ  အကြမ်းဖက်စစ်ကောင်စီက ဖမ်းဆီးဖို့ ကြိုးစားတာခံခဲ့ရတဲ့  Miss Grand International အလှမယ် သော်နန္ဒာအောင် (ခ) ဟန်လေးဟာ ကနေဒါနိုင်ငံမှာ နိုင်ငံရေးခိုလှုံခွင့် ရရှိသွားခဲ့ပြီဖြစ်တယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။

ဟန်လေးဟာ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာကျင်းပခဲ့တဲ့ Miss Grand International 2020 ပြိုင်ပွဲမှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ခဲ့ပြီး အကြမ်းဖက်စစ်တပ်ရဲ့အကြမ်းဖက်မှုတွေကို နိုင်ငံတကာကသိအောင် ဖော်ထုတ်ခဲ့တဲ့ အလှမယ်တယောက် ဖြစ်ပြီး အဲဒီပြိုင်ပွဲကာလတွင်းမှာပဲ စစ်ကောင်စီက သူ့ကို ဖမ်းဝရမ်းထုတ်ခဲ့တာကြောင့် ထိုင်းနိုင်ငံမှာပဲ ဆက်လက်နေထိုင်နေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်တုန်းကတော့ ထိုင်းပြည်ဝင်ခွင့်ဗီဇာအတွက် ဗီယက်နမ်နိုင်ငံကို ခေတ္တသွားရောက်ခဲ့ပြီး ထိုင်းနိုင်ငံကို ပြီးခဲ့တဲ့ စက်တင်ဘာ ၂၁ ရက်က ပြန်အဝင်မှာ ထိုင်းလူဝင်မှုကြီးကြပ်ရေးရဲတွေက ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။

သူ့ရဲ့နိုင်ငံကူးလက်မှတ်ပျောက်ဆုံးကြောင်း မြန်မာရဲတပ်ဖွဲ့ဘက်က တိုင်ကြားထားတဲ့အတွက် ပတ်စပို့ ရှိနေလျက်နဲ့ အဖမ်းခံခဲ့ရတာဖြစ်ပြီး လတ်တလောမှာတော့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာအဖွဲ့ UNHCR ရဲ့ အကူအညီနဲ့ ကနေဒါနိုင်ငံမှာ နိုင်ငံရေးခိုလှုံခွင့် ရရှိခဲ့တယ်လို့ ဆိုပါတယ်။

သတင်းရင်းမြစ်တခုရဲ့ အဆိုအရ အလှမယ် ဟန်လေးဟာ စက်တင်ဘာ ၂၇ ရက်မှာ ထိုင်းကနေ ကိုရီးယားလေကြောင်းလိုင်းနဲ့ ထွက်ခွာမှာဖြစ်ပြီး အဲဒီကနေတဆင့် ကနေဒါနိုင်ငံ၊ တိုရန်တိုမြို့ကို ဆက်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

Photo Credit

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013