DVB Logo
Home
မြန်မာသတင်း
မြန်မာစစ်တပ်ကို ပိတ်ဆို့ဒဏ်ခတ်မှုအသစ်များထပ်လုပ်ရန် ဥရောပရောက်ကရင်များတောင်းဆို
DVB
·
September 26, 2022
မြန်မာစစ်တပ်ကို ပိတ်ဆို့ဒဏ်ခတ်မှုအသစ်များထပ်လုပ်ရန်  ဥရောပရောက်ကရင်များတောင်းဆို
Donate to DVB

အီးယူ ဥရောပသမဂ္ဂအနေနဲ့ မြန်မာစစ်တပ်အပေါ် ပိတ်ဆို့ဒဏ်ခတ်အရေးယူမှုအသစ်တွေထပ် လုပ်ဖို့ ဥရောပရောက် ကရင်အသိုက်အဝန်းက တောင်းဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံအကျပ်အတည်းအပေါ် အီးယူရဲ့ နှေးကွေးတဲ့  တုံ့ပြန်မှုအပေါ် ဥရောပ ကရင်အသိုင်းအ၀ိုင်းက အကြီးအကျယ်စိတ်ပျက်ကြောင်းနဲ့  ယူကေ၊ အမေရိကန်နှင့် ကနေဒါတို့က ပိတ်ဆို့အရေးယူမှုအသစ်တွေ ပုံမှန်ပြုလုပ်နေပေမယ့် အီးယူအနေနဲ့  ၂၀၂၂ ခုနှစ် ဖော်ဖော်ဝါရီလကတည်းက မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုအသစ်တွေ ထပ်မလုပ်ခဲ့ဖူးလို့ ဥရောပရောက်ကရင်ကွန်ရက်က ထုတ်ပြန်ပါတယ်။

၂၀၂၁ ခု ဖေဖော်ဝါရီ ၁ ရက်  စစ်တပ်အာဏာသိမ်းချိန်ကစပြီး ကရင်အပါအဝင်  မြန်မာနိုင်ငံတဝန်းလုံးက ပြည်သူအပေါ် စစ်ကောင်စီတပ်တွေက အကြမ်းဖက်တိုက်ခိုက်ခဲ့ပါတယ်။

အထူးသဖြင့် ကရင်ပြည်နယ်မှာ ကျေးရွာတွေ၊ စာသင်ကျောင်းတွေနဲ့ ဆေးဘက်ဆိုင်ရာ ဌာနတွေကို ပစ်မှတ်ထားပြီး မြန်မာစစ်တပ်က အမြောက်တွေနဲ့ပစ်ခတ်၊ လေယာဉ်တွေနဲ့တိုက်ခိုက်ခဲ့တာမှာ လူပေါင်း ၃၇၀,၀၀၀ ကျော် နေအိမ်တွေကို စွန်ခွာထွက်ပြေးခဲ့ရပြီး အများစုမှာ တောတောင်ထဲ  ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

မြန်မာတနိုင်ငံလုံးမှာ လူပေါင်း တသန်းကျော် အိုးအိမ်မဲ့ဖြစ်ခဲ့ရကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာနဲ့ လူ့အခွင့်အရေးဆိုင်ရာ ကပ်ဘေးကြုံနေရပေမဲ့ ဥရောပသမဂ္ဂအနေနဲ့ အရေးယူဆောင်ရွက်ဖို့  ပျက်ကွက်နေတယ်လို့ ဥရောပကရင်အသိုက်အဝန်းက ပြောပါတယ်။

မြန်မာစစ်တပ်ဟာ မြန်မာပြည်သူတွေကို နေ့တိုင်း သတ်ဖြတ်တာ၊  ဗုံးခွဲတာ၊ ထောင်ချတာတွေ လုပ်ဆောင်နေကြောင်းနဲ့ ဥရောပသမဂ္ဂအနေနဲ့ ဒဏ်ပိတ်ဆို့မှုတွေသစ်တွေ ထပ်လုပ်ဖို့ တိုက်တွန်းထားပါတယ်။

ဥရောပသမဂ္ဂအနေနဲ့ မြန်မာစစ်တပ်ရဲ့ ၀င်ငွေရင်းမြစ်တွေ၊ စစ်လက်နက်ပစ္စည်းတွေရတဲ့လမ်းကို ရပ်တန့်ဖို့အရေး ကူညီဆောင်ရွက်ပေးနေတဲ့ မှန်ကန်တဲ့မူဝါဒရှိနေပေမဲ့ အဲဒီမူဝါဒကို အထိရောက်ဆုံးဖြစ်အောင် အကောင်အထည်မဖော်ဘူးလို့  ထောက်ပြထားပါတယ်။

ဒါကြောင့် အီးယူဒါမှမဟုတ် အီးယူအဖွဲ့ဝင်နိုင်ငံနေနဲ့  ကရင်လူမျိုးနဲ့ မြန်မာပြည်သူတွေရဲ့ အသက်အန္တရာယ် လွတ်မြောက်ရေးအတွက်  မြန်မာစစ်တပ်ကို လက်နက်နဲ့ ၀င်ငွေ ဖြတ်တောက်နိုင်ရေး ကူညီပေးဖို့ ပြည်ပရောက်ကရင်တွေက တောင်းဆိုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013