DVB Logo
Home
မြန်မာသတင်း
ပေါက်ခေါင်းမြို့ရှိ စည်ပင်ရုံးနှင့် လ၀ကရုံး မိုင်းခွဲတိုက်ခိုက်ခံရ
DVB
·
September 26, 2022
ပေါက်ခေါင်းမြို့ရှိ စည်ပင်ရုံးနှင့် လ၀ကရုံး မိုင်းခွဲတိုက်ခိုက်ခံရ
Donate to DVB

ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့ရှိ စည်ပင်သာယာရေးအဖွဲ့ရုံးနဲ့ (လ၀က)ရုံးကို   စက်တင်ဘာ ၂၅ ရက် ညပိုင်းက မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့  ပေါက်ခေါင်းဒေသခံ လွတ်မြောက်ရေးအင်အားစုက ပြောပါတယ်။

ပေါက်ခေါင်း လွတ်မြောက်ရေးအင်အားစု( Pakkaung Liberation Force)ရဲ့ မြို့ပြစစ်ဆင်ရေးအထူးတပ်ဖွဲ့ဖြစ်တဲ့ မြို့ပြလူကြီးလူကောင်းများအဖွဲ့က ပထမဆုံးအကြိမ်အဖြစ် ‘ကျောက်ခဲဟင်းညိုစစ်ဆင်ရေး’ အနေနဲ့ မိုင်းခွဲတိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။

ပေါက်ခေါင်း လွတ်မြောက်ရေးအင်အားစုတာဝန်ရှိသူက “ပေါက်ကွဲတာကတော့အသံနဲ့ပဲ အောင်မြင်တယ်လို့ခန့်မှန်းလို့ရတယ်။ မိုင်းက ၆ နာရီလောက်ကတည်းက ဆင်ပြီးသွားပြီ၊ မီးပျက်တာကို စောင့်နေတာ။ မီးလည်းပျက်တာနဲ့ တန်းခွဲပြစ်တာ၊ လက်လုပ်မိုင်းပါပဲ။ ရီမု နဲ့ခွဲတာ” လို့ ပြောပါတယ်။

မိုင်းပေါက်ကွဲမှုကြောင့် လူတွေထိခိုက် ဒဏ်ရာရ သေဆုံးတဲ့ သတင်းမကြားသိရဘဲ လဝကရုံး အဆောက်အအုံနေရာတချို့ မီးလောင်သွားတယ်လို့ သိရပါတယ်။ 

“(လ၀က) ရုံးက ရုံးမျက်နှာစာပိုင်းတွေ မီးလောင်သွားတယ်။ ရုံးမှာက ညစောင့်လောက်ပဲရှိတော့ ထိခိုက်ဒဏ်ရာလောက်ပဲ ရမယ်ထင်တယ်။ အသေအပျောက်တော့မကြားဘူး။ ရုံးက လူနေအိမ်တွေနဲ့ လမ်းခြားတော့ မီးကအိမ်တွေဘက်မကူးပါဘူး။ စည်ပင်ရုံးကတော့ ဘာထပ်ဖြစ်လဲမသိရသေးဘူး”လို့ ပေါက်ခေါင်း လွတ်မြောက်ရေးအင်အားစုတာဝန်ရှိသူက ပြောပါတယ်။

ပေါက်ခေါင်းမြို့ (လ၀က)ရုံးအနီးနေထိုင်တဲ့ ဒေသခံတဦးက  “ညက ၇ နာရီကျော်လောက်မှာပဲ၊ ပေါက်ကွဲသံတခု အရင်ကြားတယ်။ နောက်ဆက်ပြီး နောက်ထပ် ထပ်ကြားတယ်။ ငါးမိနစ်လောက်ပဲကြာတယ်။ နောက်တော့ မီးလောင်လို့ထင်တယ်။ မီးသတ်ကားတွေလည်း သွားတာတွေ့လိုက်ရတာ၊  (လ၀က) ရုံးက ကျမတို့နဲ့နီးတော့  နည်းနည်းတော့ မြင်ရတယ်။ ရုံးရှေ့ဘက်ပိုင်းတွေ မီးလောင်တယ်၊။ အိမ်တွေနဲ့ ကပ်မနေလို့တော်သေးတယ်၊ ရပ်ကွပ်ထဲကိုမီးမကူးတာ”လို့ ပြောပါတယ်။

ပေါက်ကွဲမှုဖြစ်ပြီးနောက် စစ်ကောင်စီတပ်တွေက ညဘက် လမ်းသွားလမ်းလာတွေနဲ့ လာကြည့်တဲ့သူတွေကို စစ်ဆေးနေပြီး အဖမ်းဆီးသတင်းတွေကတော့ မကြားသိရသေးပါဘူး။

စစ်ကောင်စီရဲ့ ဒေါက်တိုင်တွေဖြစ်တဲ့ သက်ဆိုင်ရာဌာနတွေကို မြို့ပြစစ်ဆင်ရေးအနေနဲ့ ဆက်လက်တိုက်ခိုက်သွားမယ်လို့ ပေါက်ခေါင်း လွတ်မြောက်ရေးအင်အားစုက သတိပေးစာ ထုတ်ပြန်ထားပါတယ်၊

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013