DVB Logo
Home
Lead Story
မန္တလေးတိုင်းဒေသကြီးအတွင်း အပူချိန်လွန်ကဲမှုကြောင့် ဖြစ်ပေါ်လာတဲ့ အပူရှပ်လူနာ များပြား
DVB
·
April 27, 2014
မန္တလေးတိုင်းဒေသကြီးအတွင်း အပူချိန်လွန်ကဲမှုကြောင့် ဖြစ်ပေါ်လာတဲ့ အပူရှပ်လူနာ များပြား
Donate to DVB

မန္တလေးတိုင်းဒေသကြီးမှာ အပူချိန်လွန်ကဲမှုကြောင့်ဖြစ်ပေါ်လာသော အပူရှပ်လူနာ အရေအတွက်မှာ ဧပြီ ၂၀ ရက်မှ ၂၅ ရက်အထိ ၄၉ ဦးရှိ နေပြီလို့ တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနနဲ့ မန္တလေး အထွေထွေရောဂါကုဆေးရုံကြီးရဲ့ စာရင်းတွေကို ကိုးကားပြီး အစိုးရက သတင်းထုတ်ပြန်ပါတယ်။

[caption id="attachment_55566" align="alignright" width="300"]မန္တလေးဆေးရုံကြီး လူနာဆောင်အား မြင်တွေ့ရစဉ် (ဓာတ်ပုံ - ကိုဝမ်း) မန္တလေးဆေးရုံကြီး လူနာဆောင်အား မြင်တွေ့ရစဉ် (ဓာတ်ပုံ - ကိုဝမ်း)[/caption]ဒီလူနာတွေထဲက အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးမှာ သေဆုံး သွားသလို ၃၉ ဦးဟာ ဆေးကုသမှုခံယူနေရတယ်လို့လည်း သတင်းမှာ ဖော်ပြထားပါတယ်။ အများစုဟာ ဆင်းရဲနွမ်းပါးသူတွေဖြစ်ပြီး နေပူဒဏ်ခံပြီး အလုပ်လုပ်ကိုင်သူတွေ ဖြစ်တယ်လို့ဆိုပါတယ်။ မြန်မာနိုင်ငံမှာ အခုရက်ပိုင်းအတွင်းမှာ အပူရှိန်မြင့်မားတာကြောင့် အပူလျှပ်လူနာ အရေအတွက်တွေ တိုးပွားလာသလို အသက်ဆုံးရှုံးမှုတွေ ရှိနေပါတယ်။

ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်းအမြင့်ဆုံးတန်ဖိုးဖြစ်သော လွန်ကဲအဆင့်ရှိတဲ့ ၁၁ ထက်ကျော်လွန်နေသောတန်ဘိုးများကို မြန်မာတနိုင်ငံလုံး ကျရောက်နိုင်တယ်လို့လည်း မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်က လူမှုရေးကွန်ရက် ဖေ့ဘွတ်စာမျက်နှာမှာ ရေးသားထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013