DVB Logo
Home
မြန်မာသတင်း
မရမ်းကုန်းမြို့နယ်၌ လူငယ် ၂ ဦး သေနတ်ဖြင့်ပစ်ခံရပြီး ၁ ဦးသေ၊ ၁ ဦးဒဏ်ရာရ
DVB
·
September 22, 2022
မရမ်းကုန်းမြို့နယ်၌ လူငယ် ၂ ဦး သေနတ်ဖြင့်ပစ်ခံရပြီး ၁ ဦးသေ၊ ၁ ဦးဒဏ်ရာရ
Donate to DVB

ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ ဘုရင့်နောင် (၃) ရပ်ကွက်မှာ စက်တင်ဘာ ၂၂ ရက်  ဒီကနေ့ မနက်ပိုင်းက လူငယ်အမျိုးသားနှစ်ယောက်  သေနတ်နဲ့ပစ်ခတ်ခံရပြီး တယောက် သေဆုံးကာ တယောက် ဒဏ်ရာရရှိခဲ့တယ်လို့  မြို့ခံတွေဆီက သိရပါတယ်။

ဘုရင့်နောင် (၃) ရပ်ကွက် အောင်သိဒ္ဓိလမ်းနဲ့ ပါမောက္ခလမ်းသွယ်ထိပ်မှာ စကားပြောနေတဲ့ အမျိုးသားနှစ်ယောက်ကို အမည်မသိအမျိုးသားတယောက်က သေနတ်နဲ့ပစ်ခတ်ခဲ့တာလို့ ရပ်ကွက်နေသူတစ်ဦးက ပြောပါတယ်။

“ကောင်လေးနှစ်ယောက်စကားပြောနေတာ လမ်းလျှောက်လာတဲ့ လူတစ်ယောက်က အနီးကပ် သေနတ်နဲ့ပစ်သွားတာ တစ်ဦး သေတယ်၊ တစ်ဦး ဒဏ်ရာရတယ်။”

သေနတ်နဲ့ပစ်ခတ်ခံရလို့ သေဆုံးသူဟာ အသက် ၂၂ နှစ်အရွယ်ရှိ မောင်ဇွဲသူအောင်ဖြစ်ပြီး ဒဏ်ရာရရှိသူကတော့ မောင်လှမြင့်သိန်း ဖြစ်တယ်လို့ ရပ်မိရပ်ဖတစ်ဦးက ပြောပါတယ်။

“သေနတ်နဲ့အပစ်ခံရတာတော့ သိတယ်။ ဘာကြောင့်ပစ်လဲတော့ မသိဘူး။ သေတဲ့ကောင်လေး နောက်စေ့ကိုထိတယ်။ ဒဏ်ရာရတဲ့ကောင်လေးက ပေါင်ကိုမှန်တာ”လို့ ပြောပါတယ်။

လက်တလောမှာ ဘုရင့်နောင် ၃ ရပ်ကွက်နဲ့ သမိုင်းလမ်းဆုံမီးပွိုင့်မှာ စစ်ကောင်စီတပ်တွေနဲ့ရဲတွေ ရှာဖွေစစ်ဆေးနေပါတယ်။

ရန်ကုန်တိုင်းရှိ မြို့နယ်တချို့မှာ   စက်တင်ဘာ ၁ ရက်မှ ၂၂  ရက်အထိ ဗုံးပေါက်ကွဲမှုနဲ့ ပစ်ခတ်မှု အကြိမ် ၃၀ ဖြစ်ခဲ့ပြီး  ၇ ယောက် သေဆုံးကာ  ၁၀ ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013