DVB Logo
Home
Lead Story
မြန်မာ့အရေး လုပ်ဖော်ကိုင်ဖက်အဖွဲ့ရဲ့ ပထမဆုံးအကြိမ် အစည်းအဝေး ကျင်းပ
DVB
·
April 26, 2014
မြန်မာ့အရေး လုပ်ဖော်ကိုင်ဖက်အဖွဲ့ရဲ့ ပထမဆုံးအကြိမ် အစည်းအဝေး ကျင်းပ
Donate to DVB

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း ခေါ်ယူကျင်းပတဲ့ မြန်မာ့အရေး လုပ်ဖော်ကိုင်ဖက်အဖွဲ့ရဲ့ ပထမဆုံးအကြိမ် အစည်းအဝေးကို ဧပြီလ ၂၅ ရက်မှာ ပြုလုပ်ခဲ့ရာမှာ မြန်မာနိုင်ငံက လူဝင်မှု ကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ၀န်ကြီးဌာန ၀န်ကြီး ဦးခင်ရီနဲ့ ကိုယ်စားလှယ်အဖွဲ့တွေ တက်ရောက်ခဲ့ကြပါတယ်။

560945-genericban မြန်မာနိုင်ငံရဲ့ ကဏ္ဍပေါင်းစုံမှာ ပြုပြင်ပြောင်းလဲမှု၊ ပွင့်လင်းမြင်သာမှုတွေနဲ့အတူ အောင်မြင်မှုတွေကို အသိအမှတ်ပြု ကြိုဆိုပါကြောင်း ဘန်ကီမွန်းက ပြောပါတယ်။ ဒါပေမယ့်လည်း မြန်မာနိုင်ငံ ဆက်လက်ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေထဲမှာ ၂၀၁၅ ရွေးကောက်ပွဲကို ကြိုတင်ပြင်ဆင်မှုတွေ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး၊ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းမှုတွေနဲ့ နိုင်ငံရေးဆွေးနွေးပွဲ စတင်နိုင်ဖို့တွေ အပြင် ရခိုင်ပြည်နယ်နဲ့ တခြားဒေသတွေအတွင်း ပြင်းထန်တဲ့ ဘာသာရေးပဋိပက္ခတွေနဲ့ လူအုပ်စုချင်းချင်း အတွင်းက သဘောထား တင်းမာမှုတွေ ဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။

အစိုးရတပ်နဲ့ ကေအိုင်အေတို့အကြား တိုက်ပွဲတွေမှာ ၂ ဘက်လုံးက ရန်-ရန်ချင်း တုံ့ပြန်နေမယ်ဆိုရင် တနိုင်ငံလုံး အပစ်ရပ်ရေးနဲ့ နိုင်ငံရေးဆွေးနွေးပွဲကို ဆိုးဆိုးဝါးဝါး ထိခိုက်စေလိမ့်မယ်လို့လည်း မိန့်ခွန်းထဲမှာ ပြောပါတယ်။

၂၀၁၅ ရွေးကောက်ပွဲကိုလည်း ယုံကြည်စိတ်ချပြီး အဆင်ပြေချောမွေ့တဲ့ လုပ်ငန်းစဉ်ဖြစ်ဖို့ လွတ်လပ်တဲ့ ရွေးကောက်ပွဲကော်မရှင်ကို ထားရှိဖို့ တိုက်တွန်းပြီး ယူအန်အနေနဲ့လည်း လိုအပ်သလို ကော်မရှင်နဲ့အတူ ကူညီဆောင်ရွက်ပေးဖို့ အသင့်ပဲလို့ ဆိုပါတယ်။

အစိုးရအနေနဲ့ ဘာသာ၊ လူမျိုး မခွဲခြားပဲ နိုင်ငံသားအားလုံးရဲ့ ဘေးကင်းလုံခြုံမှုကို တာဝန်ယူ ကာကွယ်စောင့်ရှောက်ပေးရမှာ ဖြစ်ပြီး နိုင်ငံတွင်း ယူအန်နဲ့ အန်ဂျီအိုတွေကိုလည်း ကာကွယ် စောင့်ရှောက်ပေးဖို့ တိုက်တွန်းသွားပါတယ်။

သန်းခေါင်စာရင်း ကောက်ယူဖို့ ကျန်နေသေးတဲ့ ဒေသတွေမှာ လုံခြုံရေး စိတ်မချရသေးတာတွေက သန်းခေါင်စာရင်း မကောက်ယူနိုင်အောင် ပဋိပက္ခတွေကို တမင် ဖန်တီးနေတာလို့လည်း ဆိုပါတယ်။ ဒါ့အပြင် နိုင်ငံမဲ့နေတဲ့သူတွေကို နိုင်ငံသားဖြစ်ခွင့်နဲ့ ကချင်ပြည်နယ်က ပြည်သူတွေနဲ့ ထိတွေ့နိုင်ဖို့ ကိစ္စတွေကိုလည်း အလေးအနက် ပြောကြားသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013