DVB Logo
Home
မြန်မာသတင်း
ရန်ကုန်မှာ ဟိုင်းလတ်ပြေးဆွဲခွင့် သတ်မှတ်ရက် ၂၀၁၄ နှစ်ကုန်အထိ တိုးမြှင့်ပေးရန် တောင်းဆို
DVB
·
April 26, 2014
ရန်ကုန်မှာ ဟိုင်းလတ်ပြေးဆွဲခွင့် သတ်မှတ်ရက် ၂၀၁၄ နှစ်ကုန်အထိ တိုးမြှင့်ပေးရန် တောင်းဆို
Donate to DVB

ဟိုင်းလတ်ယာဉ်လိုင်းများအား ရန်ကုန်စည်ပင်သာယာ နယ်နိမိတ်အတွင်းမှ ဧပြီလ ၃၀ ရက်နေ့ နောက်ဆုံးထား ပြေးဆွဲခွင့် ရပ်ဆိုင်းဖို့ သက်ဆိုင်ရာက ထုတ်ပြန်ထားပါတယ်။ ဒီထုတ်ပြန်ချက်က သတ်မှတ်ရက်ကို ဒီနှစ်အကုန် အထိ ရွေ့ဆိုင်းပေးဖို့ ဟိုင်းလတ်ယာဉ်လိုင်း သမားတွေက တောင်းဆိုလိုက်ပါတယ်။

မှော်ဘီ-တိုက်ကြီး၊ သန်လျင်-ကျောက်တန်း၊ ၁၀၇ ယာဉ်လိုင်း၊ ရွှေပြည်သာ-အင်းစိန် စတဲ့ ဟိုင်းလတ်ယာဉ်လိုင်း အားလုံးက စုပြီး ဧပြီ ၂၆ ရက်နေ့ ရန်ကုန်မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်တောင်းဆိုလိုက်တာပါ။

Hiluxဟိုင်းလတ်ယာဉ်တွေကို မီနီဘတ်စ်နဲ့ ပြောင်းလဲပြေးဆွဲဖို့ ညွှန်ကြားခဲ့တာဖြစ်ပေမယ့် မီနီဘတ်တွေ ၀ယ်ယူရာမှာ ဈေးနှုန်းမြင့်မားတာတွေ ၀ယ်ယူရာမှာ အခက်အခဲ ရှိနေတာတွေကြောင့် အချိန်ကာလ တခုထပ်တောင်းတာ ဖြစ်တယ်လို့ ရွှေပြည်သာ ဟိုင်းလတ်ယာဉ်လိုင်းက ကော်မတီဝင် ကိုသန်းဇော်မင်းက ပြောပါတယ်။

မီနီဘတ်စ်ဝယ်ယူရာမှာ ကုမ္ပဏီကနေ ဓာတ်ပုံကြည့် ၀ယ်ယူရတာဖြစ်ပြီး ကုမ္ပဏီမှာ လစဉ်ပေးသွင်းဝယ်ယူတာကိုလည်း ဟိုင်းလတ်ယာဉ်လိုင်း ပိုင်ရှင်တွေက မတတ်နိုင်သလို မီနီဘတ်စ် ၀ယ်ယူရာမှာ ကြုံတွေရတဲ့ အခက်အခဲကို အခုလို ပြောပါတယ်။

ရွှေပြည်သာ ဟိုင်းလတ်ယာဉ်လိုင်းက ကော်မတီဝင် ကိုသန်းဇော်မင်းက “ကားထုတ်ဖို့အတွက်ကို သိန်း ၂၂၀ ဆိုလို့ရှိရင် သိန်း ၁၁၀ သွင်းရတယ်။ သွင်းပြီးတော့မှ ကျန်တဲ့ငွေကို တလကို လစဉ် ၈ သိန်းနဲ့ ၉ သိန်းကြား သွင်းရတယ်။ အဲဒီတော့ လစဉ်သွင်းရတဲ့ငွေနဲ့ စ၀ယ်ယူတုန်းက သိန်း ၁၀၀ ကျော် သွင်းရတာကို ကားပိုင်ရှင်တွေက မတတ်နိုင်ကြဘူး။ နောက်တခုက အဲဒီလို ၀ယ်ပြီးသွားလို့ ရောက်လာတဲ့ မီနီဘတ်စ်ကိုလည်း ခရီးသည်တင်ဆောင်ဖို့ ပြန်ပြင်ဆင်ရပါတယ်။ ပြန်ပြင်ဆင်တဲ့ နေရာမှာလည်း အနိမ့်ဆုံး သိန်း ၂၀ နဲ့ ၃၀ ကြားလောက်မှ အကုန်အကျခံပြီး ပြန်ပြင်ဆင်မှ ခရီးသည်တင်ဆောင်လို့ရတဲ့ အနေအထားကို ရောက်မှာပါ။ အဲဒီလိုမျိုး ပြင်ဆင်တဲ့နေရာတွေ ၀ယ်ယူတဲ့နေရာတွေ ငွေသွင်းရတဲ့နေရာတွေမှာ အခက်အခဲဖြစ်နေလို့ မလဲနိုင်ကြပါဘူး။ မလဲချင်ဘူးတော့ မဟုတ်ဘူး ၀ယ်ယူတဲ့နေရာမှာ အခက်အခဲတွေ ဖြစ်လို့ မလဲနိုင်ကြတာပါ။ နောက်တခုက မီနီဘတ်စ်က ပြေးဆွဲရင်းနဲ့မှာ အခက်အခဲဖြစ်ခဲ့ရင်လည်း ပြင်ဆင်ရတဲ့ ပြင်ဆင်စရိတ်က ဈေးကြီးတာတွေ ရှိပါတယ်”လို့ ပြောပါတယ်။

မီနီဘတ်ဝယ်ယူရင်လည်း သက်ဆိုင်ရာ အစိုးရက ပူးပေါင်းပါဝင် ကူညီ လုပ်ကိုင်ဆောင်ရွက်ပေးဖို့လည်း တောင်းဆိုလိုက်ပါတယ်။

ရန်ကုန် စည်ပင်သာယာနယ်နမိတ်အတွင်းမှာ ဟိုင်းလတ်ယာဉ်လိုင်းတွေကို ဧပြီ ၃၀ အကုန်မှာ မပြေးဆွဲဖို့ တားမြစ်လိုက်တဲ့ အတွက် ယာဉ်ပေါင်း ၈၀၀ လောက်ထိခိုက်ခဲ့တယ်လို့လည်း ဆိုပါတယ်။

၂၀၁၄ ခုနှစ်အကုန်အထိ အချိန်တိုးမြင့်ပေးဖို့ သမ္မတ၊ လွှတ်တော်ဥက္ကဋ္ဌ၊ ရန်ကုန်တိုင်း ၀န်ကြီးချုပ်တွေဆီကို အသနားခံစာ တင်ထားတယ်လို့လည်း ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013