DVB Logo
Home
မြန်မာသတင်း
ဆင်ခေါင်းတောင်အနီး အပန်းဖြေစခန်းတွင် ရေနစ်ပျောက်ဆုံးသွားသည့် အမျိုးသားအလောင်း ပြန်တွေ့
DVB
·
September 20, 2022
ဆင်ခေါင်းတောင်အနီး အပန်းဖြေစခန်းတွင် ရေနစ်ပျောက်ဆုံးသွားသည့် အမျိုးသားအလောင်း ပြန်တွေ့
Donate to DVB

မန္တလေးတိုင်း ကျောက်ဆည်မြို့နယ် ဆင်ခေါင်းတောင်အနီး အပန်းဖြေစခန်းတခုမှာ ရေနစ်ပျောက်ဆုံးခဲ့တဲ့ အမျိုးသားတဦးရဲ့ ရုပ်လောင်းကို စက်တင်ဘာ ၂၀ ရက်နေ့ မနက် ၁၁ နာရီက ရှာဖွေတွေ့ရှိခဲ့ပါတယ်။

ရေနစ်သေဆုံးသူ အမျိုးသားဟာ စက်တင်ဘာ ၁၈ ရက်နေ့ နေ့လယ်ပိုင်းက ရေနစ်ပျောက်ဆုံးခဲ့တာဖြစ်ပြီး ရုပ်အလောင်းကို သုံးရက်မြောက်နေ့မှာ မြို့ကြီးရေလွှဲဆည် (အဝေရာဆည်) မှာ ရှာဖွေတွေ့ရှိခဲ့တာလို့ သိရပါတယ်။

“သေဆုံးသူက လူလတ်ပိုင်းယောက်ျားလေး။ တနင်္ဂနွေနေ့က မွေးနေ့ပွဲသွားလုပ်တာ။ အဖွဲ့ထဲက ကောင်မလေးတစ်ယောက် ရေထဲအဆင်း ရေနစ်တာကို ဆင်းကယ်တာ။ သူက ရေမကူးတတ်ဘူး။ ကောင်မလေးက တနေရာကနေ ကယ်လိုက်နိုင်တယ်။ အသက်ရှင်တယ်” လို့ ရှာဖွေကယ်ဆယ်ရေးလုပ်ပေးတဲ့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်းရုံး) တာဝန်ရှိသူက ပြောပါတယ်။

တွေ့ရှိခဲ့တဲ့ ရုပ်အလောင်းကို လူနာတင်ကားနဲ့ သယ်ဆောင်ပြီး မန္တလေးမြို့ တောင်အင်းမြောက်အင်းသုသာန်မှာ သင်္ဂြိုဟ်ခဲ့တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013