DVB Logo
Home
မြန်မာသတင်း
အကြမ်းဖက်စစ်ကောင်စီအရာရှိများ ဂျပန်တွင် ပညာသင်ခွင့် ရပ်ဆိုင်းမည်
DVB
·
September 20, 2022
အကြမ်းဖက်စစ်ကောင်စီအရာရှိများ ဂျပန်တွင် ပညာသင်ခွင့် ရပ်ဆိုင်းမည်
1 / 3
Donate to DVB

၂၀၂၃ ခုနှစ်ပညာသင်နှစ်ကစလို့ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ မြန်မာစစ်တပ်က ကျောင်းသားသစ်တွေကို ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနနဲ့ ဂျပန်ကိုယ်ပိုင်ကာကွယ်ရေးတက္ကသိုလ်တွေမှာ ပညာသင်ကြားခွင့် ရပ်ဆိုင်းတော့မယ်လို့ ဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ မစ္စတာ Kenji Aoki က ဒီ‌နေ့ စက်တင်ဘာ ၂၀ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ 

အကြမ်းဖက်စစ်ကောင်စီအနေနဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ အာဏာသိမ်းပြီး မြန်မာပြည်သူတွေကို အကြမ်းဖက်တာတွေအပေါ် သတိပေးချက်တွေကို လျစ်လျူရှုပြီး ပြီးခဲ့တဲ့ ဇူလိုင်လမှာ ဒီမိုကရေစီအရေးလှုပ်ရှားသူ ၄ ယောက်ကို ကွပ်မျက်ခဲ့တဲ့အတွက် ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်တာတွေနဲ့ ဖလှယ်တာတွေ ဆက်လုပ်ဖို့ မသင့်တော်ဘူးလို့ ဆုံးဖြတ်လိုက်ကြောင်း သူက ပြောပါတယ်။ 

ဂျပန်ကာကွယ်ရေးဝန်ကြီးဝန်ကြီးဌာနရဲ့ အဆိုအရ လက်ရှိမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် သင်တန်းသား ၁၁ ယောက် ရှိနေပြီး အမျိုးသားကာကွယ်ရေး အကယ်ဒမီမှာ ၉ ယောက်၊ မြေပြင်ကာကွယ်ရေးတပ်ဖွဲ့နဲ့ လေကြောင်းကာကွယ်ရေးတပ်ဖွဲ့တို့မှာ ၁ ယောက်စီရှိနေပြီး သူတို့ရဲ့ ပညာသင်ကာလပြီးတဲ့အထိ လက်ခံသွားမယ်လို့ ဆိုပါတယ်။ 

နိပွန်ဖောင်ဒေးရှင်းနဲ့ ဂျပန်မြန်မာအသင်းတို့ဦးဆောင်ပြီး ၂၀၁၅ ခုနှစ်က စတင်လို့ မြန်မာစစ်တပ်ကအရာရှိတွေကို လက်ခံခဲ့ပြီး ဂျပန်ကာကွယ်ရေးဆိုင်ရာ လေ့လာရေး အမျိုးသားအင်စတီကျုအပါအဝင် ဂျပန်ကာကွယ်ရေးဆိုင်ရာ တက္ကသိုလ်ကောလိပ်တွေမှာ မြန်မာစစ်တပ်က အဆင့်မြင့်အရာရှိ ၁၇ ယောက်ကို သင်တန်းပေး ဘွဲ့ပေးခဲ့ပြီး ဖြစ်ပါတယ်။

ဂျပန်ကာကွယ်ရေးတပ် (SDF) ဥပဒေအရ ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနဟာ နိုင်ငံပေါင်း ၃၆ နိုင်ငံက တပ်ဖွဲ့ဝင်တွေကို စစ်ပညာနဲ့ အဆင့်မြင့်လေ့ကျင့်ရေး အထောက်အကူ ပညာရပ်တွေ လက်ခံ​သင်ကြားပေးနေတာလည်းဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013