DVB Logo
Home
မြန်မာသတင်း
NUG ကိုထောက်ခံကြောင်းပြလျှင် ထောင်ဒဏ် ၁၀ နှစ်ထိချမည်ဟု စစ်ကောင်စီ ခြိမ်းခြောက်
DVB
·
September 20, 2022
NUG ကိုထောက်ခံကြောင်းပြလျှင် ထောင်ဒဏ် ၁၀ နှစ်ထိချမည်ဟု စစ်ကောင်စီ ခြိမ်းခြောက်
Donate to DVB

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေရဲ့ ထုတ်ပြန်ချက်တွေ၊ အလှူခံပို့စ်တွေကို ကြိုက်နှစ်သက်ကြောင်းပြရင်၊ ပြန်လည်မျှဝေတာတွေပြုလုပ်ရင် ထောင်ဒဏ် ၃ နှစ်ကနေ ၇ နှစ်ထိ ချမှတ် နိုင်တယ်လို့ စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်‌ ဇော်မင်းထွန်းက ဒီနေ့ စက်တင်ဘာ ၂၀ ရက်နေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ လူသုံးအများဆုံးဖြစ်တဲ့ Facebook  ကနေ NUG၊ CRPH နဲ့ PDF တွေရဲ့ စာတွေ၊ ပုံတွေကို ကြိုက်နှစ်သက်တဲ့အမှတ်သားပေးမိတာနဲ့ ပြန်လည်မျှဝေတာတွေအတွက် ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၂၄ (ခ) နဲ့ အရေးယူနိုင်ပြီး အနည်းဆုံးပြစ်ဒဏ် ထောင်ဒဏ် ၃ နှစ်ကနေ အများဆုံး ၁၀ နှစ်ထိ ပြစ်ဒဏ်ချမှတ်နိုင်တယ်လို့ ခြိမ်းခြောက်ပြောဆိုခဲ့တာပါ။  

“ဖေ့ဘွတ်ခ်ကနေ လိုက်ခ်ပေးတာတွေ ပြန်ရှယ်တာတွေကိုလည်း အရေးယူနိုင်ပါတယ်။ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၂၄ (ခ) အရ ထောင်ဒဏ် ၁၀ နှစ်ထိချမှတ်နိုင်ပါတယ်၊ ကိုယ်တိုင် သတိလွတ်သွားလို့ပါ၊ ဘာဖြစ်သွားမှန်း မသိလိုက်လို့ပါ၊ ဒီတိုင်းကြည့်နေလိုက်ပဲဆိုရင် ဥပဒေက လက်ပိုက်ကြည့်နေမှာမဟုတ်ဘူး” လို့ ပြောဆိုခဲ့တာပါ။  

ဒါ့အပြင် စစ်အာဏာရှင်ကို တွန်းလှန်တိုက်ခိုက်နေတဲ့ အဖွဲ့အစည်းတွေကို အလှူငွေထည့်ဝင်တာနဲ့ပတ်သက်ပြီး မြန်မာငွေ ၁၀၀ ကျပ်ထည့်ဝင်ရင်တောင် သေဒဏ်အထိချမှတ်နိုင်တယ်လို့လည်း ပြောဆိုခဲ့ပါသေးတယ်။  

NUG၊ CRPH နဲ့ PDF တွေကို အလှူငွေထည့်ဝင်တာ ဖမ်းမိရင် အကြမ်းဖက်ဥပဒေပုဒ်မ ၃ (ခ)နဲ့ ငြိစွန်းမှာဖြစ်ပြီး အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂ အရ ထောင်ဒဏ် ၇ နှစ်ထိ ချမှတ်နိုင်သလို ဒါထက်ဆိုးရင် အကြမ်း ဖက်ဥပဒေပုဒ်မ ၅၄ အရ ထောင် ၁၀ နှစ်ကနေ သေဒဏ်ထိချမှတ်မှာဖြစ်တယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ခြိမ်းခြောက်ပြောဆိုတာတွေ ပြုလုပ်ခဲ့ပါတယ်။  

ခုလိုလုပ်ရတာဟာ ဥပဒေကို မသိ နားမလည်ဘူးဆိုပြီး အပြစ်မရှိတဲ့ ပြည်သူတွေ အသုံးချခံမဖြစ်ရအောင် မနစ်နာရအောင် ဆောင်ရွက်ရတာဖြစ်တယ်လို့လည်း ပြောဆိုသွားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013