DVB Logo
Home
မြန်မာသတင်း
ဂျပန်ဖောင်ဒေးရှင်းက မသန်စွမ်းသူတွေအတွက် အကူအညီပေးမည်
DVB
·
April 26, 2014
ဂျပန်ဖောင်ဒေးရှင်းက မသန်စွမ်းသူတွေအတွက် အကူအညီပေးမည်
Donate to DVB

မသန်စွမ်းသူတွေ လူမှုအသိုက်အဝန်းမှာ ဝင်ဆံ့နိုင်ဖို့အတွက်နဲ့ စီးပွားရေးလုပ်ငန်းတွေမှာ ပါဝင် လုပ်ကိုင်နိုင်ဖို့အတွက် ပညာပေးအစီအစဉ်တွေပါ သင်ကြားပေးမယ့် စီးပွားရေးလုပ်ငန်း ပျိုးထောင်ရေးဗဟိုဌာန တည်ထောင်ရေးအတွက် နိုင်ငံတကာ အန်ဂျီအို အဖွဲ့ဖြစ်တဲ့ ဂျပန်နီပွန် ဖောင်ဒေးရှင်းက ကူညီပေးသွားမှာဖြစ်ပါတယ်။

ဒီအစီစဉ်တွေကို မြန်မာနို်င်ငံ မသန်စွမ်းရှေ့ဆောင်အဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်

NIPPON Foundaion Logoမြန်မာနို်င်ငံ မသန်စွမ်းရှေ့ဆောင်အဖွဲ့ ဒါရိုက်တာ ဦးအောင်ကိုမြင့် က “ပထမအချက်က တင်ပြခဲ့သလိုပဲ business center ဖွင့်လှစ်ပေးဖို့ စီစဉ်ထားပါတယ်။ ဒီစင်တာမှာ ကျနော်တို့ မသန်စွမ်းတဲ့သူတွေ လုပ်ငန်းခွင်ဝင်ဖို့အတွက် လိုအပ်တဲ့ စကေးတွေဖြည့်ပေးမှာဖြစ်ပါတယ်။ လန်းကွေ့စကေး ဖြစ်နိုင်ပါတယ်။ သဘောထားခံယူချက်တွေဖြစ်နို်င်ပါတယ် သင်ပေးကြမှာ ဖြစ်ပါတယ်။ တဖက်က ကျနော်တို့ ဝင်ငွေရအောင်လို့ အင်တာနက် access ကို တခြားလူတွေကို သုံးခွင့်ရအောင် အင်တာနက်ကဖေး ပုံစံမျိုး ဆားဗစ်ပေးသွားမှာဖြစ်ပါတယ်။ ပရင့်မီဒီယာပေါ့ စာနယ်ဇင်း စာအုပ်စာပေပေါ့။ ဒီစီးပွားရေးလုပ်ငန်းတွေမှာ ရပ်တည်ဖို့အတွက် သင်ကြားပေးသွား မှာ ဖြစ်ပါတယ်။ ဒါကပထမတချက်ပါ”လို့ ပြောပါတယ်။

ဒါ့အပြင် နီပွန်ဖောင်းဒေးရှင်းက မသန်စွမ်းရှေ့ဆောင်အဖွဲ့ကို လှူဒါန်းထားတဲ့ ကားတွေကို အသုံးပြုပြီး ခရီးသွားလုပ်ငန်းတခု စတင်ဖို့လည်းရှိပါတယ်။

မြန်မာနို်င်ငံ မသန်စွမ်းရှေ့ဆောင်အဖွဲ့ ဒါရိုက်တာ ဦးအောင်ကိုမြင့် က “မသန်စွမ်းသူများ အကျုံးဝင်စီးပွားရေးလုပ်ငန်းနဲ့ ပတ်သက်တဲ့ တိုရစ်ဇင်လုပ်ငန်းတခုကို စတင်တည်ထောင်သွားမှာ ဖြစ်ပါတယ်။ နီပွန်ဖောင်ဒေးရှင်းက လက်ခံရရှိတဲ့ ကား ၆ စီးကို သုံးပြီးတော့မှ မြန်မာနိုင်ငံမှာ တက်စီဆားဗစ်ကို စတင်မှာဖြစ်ပါတယ်။ မသန်စွမ်းတဲ့သူတွေကော မြန်မာနိုင်ငံကိုလာတဲ့ မသန်စွမ်းသူ ခရီးသွားတွေကော သက်ကြီးရွယ်အိုတွေကော အသုံးပြုနိုင် ဘီးတပ်ကုလားထိုင် ပါတက်စီးနို်င်တဲ့ ကားတွေကို စတင်ပြေးဆွဲသွားမှာဖြစ်ပါတယ်”လို့ ပြောပါတယ်။

မသန်စွမ်းသူတွေအတွက် ပညာရေးအစီစဉ်တွေကိုလည်း အေဒင်အုပ်စုနဲ့ ပူးပေါင်း လုပ်ဆောင်သွားဖို့လည်း စီစဉ်နေပါတယ်။

အေဒင်အုပ်စု ကုမ္ပဏီ ဥက္ကဋ္ဌ ဦးချစ်ခိုင် က “ကျနော်တို့ အေဒင်အုပ်စု ကုမ္ပဏီအနေနဲ့ နီပွန်ဖောင်ဒေးရှင်းနဲ့ အကြိမ်များစွာ ဆွေးနွေးခဲ့ပြီး မသန်စွမ်းသူများရဲ့ အနာဂတ်အတွက် ပညာရေး အစီစဉ်တွေမှာ ပါဝင်လုပ်ဆောင်ပေးဖို့အတွက် သဘောတူခဲ့ပါတယ်။ အဲ့လို သဘောတူတဲ့နေရာမှာ ပညာရေးအထောက်အကူပြု ပစ္စည်းတွေ ဝယ်ယူတဲ့နေရာမှာ အသုံးချရမယ့် ငွေကြေးတွေကို အတိုးနှုန်းမပါပဲနဲ့ ထုတ်ချေးပေးဖို့အတွက် ဒီကိစ္စ ဆောင်ရွက်ပေးဖို့အတွက် သဘောတူခဲ့ပါတယ်”လို့ ဆိုပါတယ်။

နီပွန်ဖောင်ဒေးရှင်းဟာ ပဋိပက္ခဖြစ်ပွားနေတဲ့ ဒေသတွေက ဒုက္ခသည်တွေကို ကူညီဖို့အတွက် မြန်မာအစိုးရ၊ မြန်မာငြိမ်းချမ်းရေးစင်တာ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ဆက်သွယ်ပြီး  အငြင်းပွားရာဒေသတွေကို ဒေါ်လာ ၃ သန်းတန်ဖိုးရှိ ဆန်နဲ့ ဆေးပစ္စည်းတွေကို ပေးပို့ လှူဒါန်းသွားမှာ ဖြစ်ပါတယ်။

ဂျပန်နီပွန်ဖောင်ဒေးရှင်းဟာ မြန်မာနိုင်ငံမှာကျောင်းတွေ ဆောက်လုပ်ပေးရေးစီမံကိန်း ဝေးလံ ဒေသမှာ နေထိုင်သူတွေကို ပရဆေးပင်စိုက်ပျိုးနည်း သင်ကြားပေးပြီး ပရဆေး ထုတ်လုပ်ရေးစီမံကိန်း အပါအဝင် အမေရိကန်ဒေါ်လာ ၄၁ သန်းခန့် တန်ဖိုးရှိတဲ့ စီမံကိန်းပေါင်း ၃၃ ခုကို ဆောင်ရွက်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013