DVB Logo
Home
မြန်မာသတင်း
ကမ္ဘာ့ရွှေဈေးနဲ့ ဒေါ်လာငွေလဲနှုန်း ပြန်ကျ၊ ပြည်တွင်းရွှေဈေး ကျပ် ၂၈ သိန်းခွဲဝန်းကျင် ကျဆင်း
DVB
·
September 19, 2022
ကမ္ဘာ့ရွှေဈေးနဲ့ ဒေါ်လာငွေလဲနှုန်း ပြန်ကျ၊ ပြည်တွင်းရွှေဈေး ကျပ် ၂၈ သိန်းခွဲဝန်းကျင် ကျဆင်း
Donate to DVB

ကမ္ဘာ့ရွှေဈေးနဲ့ ဒေါ်လာငွေလဲနှုန်း ကျနေလို့ ပြည်တွင်ရွှေဈေး ကျပ် ၂၈ သိန်းခွဲဝန်းကျင်ထိ ထပ်မံ ကျဆင်းလာပါတယ်။ 

ဒီကနေ့ ရန်ကုန်ဈေးကွက်မှာ အခေါက်ရွှေ တစ်ကျပ်သားကို  ကျပ် ၂၈ သိန်းခွဲဝန်းကျင်နဲ့ အရောင်းအဝယ်ဖြစ်နေပြီး၊ ၁၅ ပဲရည်က တစ်ကျပ်သားကို ကျပ် ၂၆ သိန်းနဲ့ ၂၇ သိန်း ကြားအရောင်းအဝယ် ဖြစ်နေတယ်လို့ ရန်ကုန်ရွှေဈေးကွက်အတွင်းက သိရပါတယ်။

စက်တင်ဘာ ၁၈ ရက်နေ့က အခေါက်ရွှေ တစ်ကျပ်သားကို  ၂၉၄၀,၀၀၀ ဝန်းကျင်ရှိခဲ့ရာက  ဒီနေ့ စက်တင်ဘာ ၁၉ ရက် ညနေပိုင်းမှာ ၂၈၃၀,၀၀၀ ထိ ပြန်ကျခဲ့ပြီး၊ တစ်ရက်အတွင်း ကျပ် ၁ သိန်းဝန်းကျင် ပြန်ကျဆင်းခဲ့တာ ဖြစ်ပါတယ်။

“အခုရွှေဈေးကတော့ အကျဘက်ကို ပြန်ရောက်နေတာပေါ့နော်။ အဓိကကတော့ ဒေါ်လာဈေး ကျတာရယ်၊ ကမ္ဘာ့ရွှေဈေးကျတာရယ်ကြောင့်။ ဒီနှစ်ခုလုံး လာဆုံတဲ့အတွက် ရွှေဈေးက တော်တော်လေး ကျသွားတာပါ။ ဒီနှစ်ခု ပြန်တက်ရင်တော့ ရွှေဈေးလည်း ပြန်တက်သွားနိုင်ပါတယ်” လို့ ရွှေဆိုင်လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လနှောင်းပိုင်းက တစ်ကျပ်သားကို ကျပ် ၃၅ သိန်းအထက်ထိ စံချိန်တင် မြင့်တက်ခဲ့တဲ့ အခေါက်ရွှေဈေးက သီတင်းပတ်သုံးပတ်ဝန်းကျင်အတွင်းမှာ ကျပ် ၂၈ သိန်းခွဲ ဝန်းကျင်ထိ ပြန်လည်ကျဆင်းလာတာ ဖြစ်ပါတယ်။

ပြင်ပဒေါ်လာငွေလဲနှုန်းကလည်း ဩဂုတ်လကုန်ပိုင်းက ၁ ဒေါ်လာကို ၄,၅၀၀ ဝန်းကျင်ထိ မြင့်တက်ခဲ့ပြီးတော့ အခုအခါမှာ ကျပ် ၃,၂၀၀ ဝန်းကျင်ထိ ပြန်လည် ကျဆင်းနေပါတယ်။

ပြည်တွင်းရွှေဈေးနှုန်းကို ပြင်ပဒေါ်လာငွေလဲနှုန်း၊ ကမ္ဘာ့ရွှေပေါက်ဈေးတို့နဲ့ တွက်ချက်ပြီး ဈေးနှုန်း သတ်မှတ် အရောင်းအဝယ်ပြုလုပ်ကြတာ ဖြစ်ပါတယ်။

ကမ္ဘာ့ရွှေဈေးကလည်း တစ်အောင်စကို ဒေါ်လာ ၁,၇၀၀ အထက်မှာ ရှိခဲ့ရာကနေ  ဒီနေ့မှာ   ၁,၆၆၁ ဒေါ်လာထိ ပြန်ကျဆင်းခဲ့ပါတယ်။

ကမ္ဘာ့ရွှေဈေးနဲ့ ဒေါ်လာငွေလဲနှုန်းကျနေလို့ ပြည်တွင်းရွှေဈေး ပြန်လည်ကျဆင်းလာပေမဲ့  ရွှေဆိုင်တွေမှာ ရွှေအရောင်းအဝယ်ကတော့ နည်းပါးနေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013