DVB Logo
Home
မြန်မာသတင်း
မိုးကုတ်တွင် ရှို့မီး လောင်ကျွမ်းမှု ၂ ကြိမ်ဖြစ်ပွား
DVB
·
April 25, 2014
မိုးကုတ်တွင် ရှို့မီး လောင်ကျွမ်းမှု ၂ ကြိမ်ဖြစ်ပွား
Donate to DVB

မန္တလေးတိုင်း ဒေသကြီး  မိုးကုတ်မြို့နယ်မှာ ခုရက်ပိုင်းအတွင်း လူနေအိမ်တွေကို  မီးရှို့မှု ၂ ကြိမ်ဖြစ်ပွားခဲ့ပြီး တရားခံတွေကိုတော့ ဖမ်းဆီးရမိခြင်းမရှိသေးဘဲ စုံစမ်းစစ်ဆေးနေဆဲပဲလို့ မိုးကုတ်မြို့နယ် မီးသတ်တပ်ဖွဲ့က ပြောပါတယ်။

[caption id="attachment_55494" align="alignright" width="300"]မိုးကုတ်မြို့ (ဓာတ်ပုံ - ထာဝရ ပတ္တမြားမြေ မိုးကုတ် MGK) မိုးကုတ်မြို့ (ဓာတ်ပုံ - ထာဝရ ပတ္တမြားမြေ မိုးကုတ် MGK)[/caption]

မိုးကုတ်မြို့နယ်  အောင်နန်းရပ်ကွက်က လူနေအိမ်တလုံးနဲ့ မြို့မရပ်ကွက်က နေအိမ် ၂ လုံးမှာ ဒီရက်ပိုင်းအတွင်း  အမည်မသိလူတွေရဲ့ မီးရှို့မှု ၂ ကြိမ်ဖြစ်ပွားခဲ့တဲ့အတွက်  ရပ်ကွက်နေပြည်သူနဲ့ မီးသတ်တပ်ဖွဲ့က အချိန်မီငြိမ်းသတ်ခဲ့ရ ပါတယ်။

ဧပြီ ၂၁ ရက်နေ့က  အောင်နန်းရပ် ကွက်မှာ ဆေးခန်းနဲ့ ပူးတွဲဖွင့်ထားတဲ့ နေအိမ်ကို  မီးရှို့ခဲ့တာဖြစ်ပြီး မြို့မရပ်ကွက်က နေအိမ်ထဲမှာတော့ ဧပြီ ၂၄ ရက်နေ့က မီးရှို့မှု ဖြစ်ပွားခဲ့တာပါ။

မိုးကုတ်မြို့နယ် မီးသတ်တပ်ဖွဲ့ ဒုတပ်ရင်းမှူး ဦးသာဌေးကတော့ ရှို့မီး ၂ အနက် ၁ ခုက  အ၀တ်စုတ်ကို ဓာတ်ဆီလောင်းမီးရှို့တာဖြစ်ပြီး ကျန်တခုကတော့ ဖယောင်းတိုင်နဲ့ ဂျပ်စက္ကူကို မီးရှို့တာဖြစ်ကြောင်းနဲ့ မီးလောင်မှု ထပ်မဖြစ်စေဖို့ ညဘက်မှာ လုံခြုံရေး ဆောင်ရွက်နေတယ်လို့ ပြောပါတယ်။

ဒါပေမယ့် မီးရှို့သူတွေကို ဖမ်းဆီနိုင်ခြင်းမရှိသေးသလို  ဘာကြောင့် မီးရှို့ရတယ်ဆိုတာကိုလည်း ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။

မြို့မရပ်ကွက်မှာ နေထိုင်တဲ့  ဦးပါလေးကတော့ မီးလောင်မူဖြစ်ခဲ့တဲ့နေရာက မြို့ပေါ်ရပ်ကွက်ဖြစ်ပြီး မီးလောင်မှုဟာ ဘာသာရေးပဋိပက္ခကြောင့် မဟုတ်ဘူးလို့ ပြောပါတယ်။

မိုးကုတ်မြို့ မြို့မရပ်ကွက်မှာ  ယခင်ကလည်း လူငယ်ချင်းစကားများရာက မီးရှို့မှုတခု ဖြစ်ပွားခဲ့ဖူးတယ်လို့ ဒေသခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။

အခုမီးရှိုမှုတွေမှာတော့ ပျက်ဆီးဆုံးရှုံးမှုတွေနဲ့ လူတွေ ထိခိုက်ဒဏ်ရာရမှု ကြီးကြီးမားမား မရှိခဲ့ပါဘူး။ အပြည့်အစုံ အသံဖိုင်နားဆင်ရန်
Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013