
လီဗာပူးအသင်းက ဘရိုက်တန် တောင်ပံကစားသမား ယန်ကူဘာ မင်တေးကို ပေါင်သန်း ၅၀ နဲ့ ခေါ်ယူဖို့ ကမ်းလှမ်းခဲ့ပေမဲ့ ပယ်ချခံလိုက်ရတယ်လို့ အားကစားသတင်းတွေက ဖော်ပြပါတယ်။
အသက် ၂၂ နှစ်အရွယ် ဂမ်ဘီယာ ကစားသမား မင်တေးဟာ ၂၀၂၄ ခုနှစ်က နယူးကာဆယ်ကနေ ဘရိုက်တန်ကို ပြောင်းရွှေ့လာတာပါ။
တိုက်စစ်မှူး မိုဟာမက်ဆာလာ ထွက်ခွာသွားပြီးနောက် လီဗာပူးအသင်းဟာ တိုက်စစ်ပိုင်း အားဖြည့်ဖို့ ရှာဖွေနေတာ ဖြစ်ပါတယ်။
ဒါ့အပြင် လီဗာပူးဟာ ပီအက်စ်ဂျီ တောင်ပံကစားသမား ဘာကိုလာ ကိုလည်း ပေါင်သန်း ၁၀၀ ဝန်းကျင်နဲ့ ခေါ်ယူဖို့ ပစ်မှတ်ထားနေပေမဲ့ ပီအက်စ်ဂျီဘက်က ပေါင် ၁၄၅ သန်းအထိ အလိုရှိနေတယ်လို့ သိရပါတယ်။











