DVB Logo
Home
မြန်မာသတင်း
မြို့နယ် ၂၅ မြို့နယ်၌ နှစ်လအတွင်း ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်ခဲ့သူ ၂၈ ဦးရှိ
DVB
·
September 18, 2022
မြို့နယ် ၂၅ မြို့နယ်၌ နှစ်လအတွင်း ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်ခဲ့သူ ၂၈ ဦးရှိ
Donate to DVB

၂၀၂၂ ခုနှစ် ဇူလိူင်လ ၁၆ ရက်မှ စက်တင်ဘာ ၁၅ ရက်နေ့အထိ မြို့နယ် ၂၅ မြို့နယ်မှာ ရေထဲခုန်ချတာ၊ ကိုယ့်ကိုယ်ကိုယ် သေနတ်နဲ့ပစ်ခတ်တာတွေနဲ့ ကြိုးဆွဲချသေဆုံးသူ ၂၈ ဦးရှိတယ်လို့ သတင်းအချက်အလက်တွေအရ သိရပါတယ်။

ဒီလို အဆုံးစီရင်သူတွေဟာ လုပ်ငန်းခွင်အတွင်း ဖိအားပေးခံရမှု၊ စားဝတ်နေရေးအဆင်မပြေမှု၊ အိမ်သုံးဆေးဝါတွေ စျေးနှုန်းကြီးမြင့်မှု၊ အလုပ်အကိုင်ရှာပါးမှု၊ မိသားစုအတွင်းရေး အဆင်မပြေမှု အစရှိတဲ့ ပြဿနာတွေကြောင့် ဖြစ်ပါတယ်။

ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားတဲ့အထဲမှာ ကျောင်းသူ၊ သူနာပြု၊ CDM ပညာရေးဝန်ထမ်း၊ CDM မီးရထားဝန်ထမ်း၊ စက်ရုံအလုပ်သမား၊ ရဲတပ်သား၊ လက်လုပ်လက်စား၊ ဦးစီးအရာရှိ နဲ့ ဒုတိယရဲမှူးကြီးတို့ ပါဝင်ပါတယ်။

၂၀၂၂ ခုနှစ် ဇူလိူင် ၁၆ ရက်မှ စက်တင်ဘာ ၁၅ ရက်နေ့အထိ မြို့နယ် ၂၅ မြို့နယ်မှာ ရေထဲခုန်ချသတ်သေသူ ငါးဦး၊ ကိုယ့်ကိုယ်ကိုယ်သေနတ်နဲ့ပစ်သေသူတဦးနဲ့ ကြိုးဆွဲချသေသူ ၂၂ ဦးတို့ ရှိပါတယ်။ဖြစ်ပွားခဲ့တဲ့ မြို့နယ်တွေကတော့ စစ်ကိုင်း၊ မုံရွာ၊ တမူး၊ နမ္မတူ၊ လာရှို၊ မော်လမြိုင်၊ မုဒုံ၊ သံဖြူဇရပ်၊ ပြ ည်ကြီးတံခွန်၊ ဝမ်းတွင်း၊ စစ်တွေ၊မောင်တော၊ ရေကြည်၊ မအူပင်၊ ငါးသိုင်းချောင်း၊ ပုသိမ်၊ င ပုတော၊ မြောက်ဒဂုံ၊ တောင်ဒဂုံ၊ သာကေတ၊ ရွှေပြည်သာ၊ မြောက်ဥက္ကလာ၊ လှိုင်သာယာ နဲ့ မဂ်လာဒုံတို့ ဖြစ်ပါတယ်။ 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013