DVB Logo
Home
Lead Story
၎ တန်းနှင့် ၈ တန်း အစိုးရစစ်စာမေးပွဲစနစ် ပြောင်းလဲရေး ဆွေးနွေး
DVB
·
April 25, 2014
၎ တန်းနှင့် ၈ တန်း  အစိုးရစစ်စာမေးပွဲစနစ် ပြောင်းလဲရေး ဆွေးနွေး
Donate to DVB
အခုလာမယ့် ၂၀၁၄ -၂၀၁၅ ပညာသင်နှစ်မှာ အခြေခံပညာ စတုတ္ထတန်းနဲ့ အဌမတန်းကို ယခင်က ကျင့်သုံးနေတဲ့ ကျောင်းစစ်စာမေးပွဲဖြေဆိုမှုပုံစံအစား အစိုးရစစ်အဖြစ်ပြောင်းဖို့ ဆွေးနွေးနေကြတယ်လို့ အမှတ် ၂ အခြေခံပညာဦးစီးဌာန  ညွှန်ကြားရေးမှူး ဦးချစ်ဆွေက ပြောပါတယ်။

hight school studentအခုချိန်မှာ တိကျတဲ့ ဆုံးဖြတ်ချက်ချမချနိုင်သေးဘဲ လက်ရှိသွားနေတဲ့ မြန်မာနိုင်ငံ ရဲ့  ပညာရေးမူဝါဒနဲ့ ချင့်ချိန်ပြီး ပြန်သုံးသပ်နေ ဆဲ ဖြစ်ကြောင်း နဲ့ လာမယ့်မေလမှာ ကျင်းပဖို့ရှိတဲ့ ပညာရေးဆွေး နွေးပွဲကျရင် ဆုံးဖြတ်ချက် ချမှတ်နိုင်တယ်လို့ ပြော ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၃-၂၀၁၄ ပညာသင်နှစ်ကစပြီး ပညာရေး ၀န်ကြီးဌာနက မအောင်မနေရ ပညာရေးကနေ ကျောင်းသားတွေ အမှန်တကယ် အရည်အချင်းရှိအောင် အမှတ်ပေး စနစ် ပြောင်းလိုက်တာကြောင့် အခုနှစ် စာမေးပွဲအောင်စာရင်းမှာ အခြေခံပညာကျောင်းသားတွေ  အတန်းကျရှုံးမှု ပိုများလာပါတယ်။
Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013