DVB Logo
Home
Lead Story
Exim bank မော်လမြိုင်-ရေး-မြိတ်-ထားဝယ်-ကော့သောင်း ကားလမ်းဖောက်ရေး ဆွေးနွေး
DVB
·
April 25, 2014
Exim bank မော်လမြိုင်-ရေး-မြိတ်-ထားဝယ်-ကော့သောင်း ကားလမ်းဖောက်ရေး ဆွေးနွေး
Donate to DVB
မြန်မာနိုင်ငံကို ချေးငွေတွေ ထုတ်ချေးထားပေးတဲ့ တရုတ်နိုင်ငံ Eximbank ဟာ မွန်ပြည်နယ် မော်လမြိုင် - ရေး - မြိတ် - ထားဝယ်နဲ့ ကော့သောင်း ကားလမ်း ဖောက်လုပ်ရေး စီမံကိန်းနဲ့ ပတ်သက်ပြီး ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်လွင်နဲ့ နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ၀န်ကြီးရုံး တာဝန်ရှိသူတဦးက အတည်ပြု ပြောဆိုပါတယ်။

s-EXIMBANK-CHINA_large copyအရင် စစ်အစိုးရလက်ထက် က ဖောက်လုပ်ထား တဲ့ ရေး-မြိတ်-ထားဝယ်နဲ့ ကော့သောင်း ကားလမ်းဟာ လမ်းကြမ်းသာသာ ဖြစ်ပြီး မကြာခဏ မြေပြိုတာနဲ့ တံတားကျိုးတာ ဖြစ်ပေါ်ပြီး လမ်းပိတ်ဆို့မှုတွေ ဖြစ်ပေါ်တတ်ပါတယ်။

ပုဂ္ဂလိက ကားလိုင်းတွေဟာလည်း ရန်ကုန်ကနေ မော်လမြိုင်-ရေး-ထားဝယ်-မြိတ် အထိပဲ ပြေးဆွဲနိုင်ပြီး ထိုင်းနယ်စပ် ကော့သောင်းအထိ ပြေးဆွဲနိုင်ခြင်း မရှိသေးပါဘူး။

တရုတ်ကုမ္ပဏီတွေဟာ ရခိုင်ပြည်နယ် ကျောက်ဖြူနဲ့ မြန်မာတရုတ်နယ်စပ် မူဆယ်၊ ရွှေလီ အထိ ဘက်စုံလမ်းမကြီးတခု ဖောက်ဖို့ အစိုးရဆီ ကမ်းလှမ်းထားပေမယ့် တိကျတဲ့ သဘောတူညီချက်တော့ မရကြသေးပါဘူး။
Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013
Exim bank မော်လမြိုင်-ရေး-မြိတ်-ထားဝယ်-ကော့သောင်း ကားလမ်းဖောက်ရေး ဆွေးနွေး