DVB Logo
Home
Lead Story
လိင်စည်းမခြားချစ်သူများ အခွင့်အရေးဆိုင်ရာ ဓာတ်ပုံပြိုင်ပွဲ ကျင်းပမည်
DVB
·
April 25, 2014
လိင်စည်းမခြားချစ်သူများ အခွင့်အရေးဆိုင်ရာ ဓာတ်ပုံပြိုင်ပွဲ ကျင်းပမည်
Donate to DVB

လာမယ့် မေ ၁၇ ရက်နေ့မှာ ကျင်းပပြုလုပ်မယ့် အပြည်ပြည်ဆိုင်ရာ လိင်တူချစ်သူများ အပေါ် ကြောက်ရွံ့မုန်းတီးမှုအား ဆန့်ကျင်သောနေ့ (IDAHO) အထိမ်းအမှတ်အဖြစ် လိင်စည်းမခြားချစ်သူများ (LGBT) အခွင့်အရေးဆိုင်ရာ ဓာတ်ပုံပြိုင်ပွဲကို YG events နဲ့ Colors Rainbow တို့က ကြီးမှူးပြီး ကျင်းပမယ်လို့ စီစဉ်သူတွေက ပြောပါတယ်။

[caption id="attachment_55452" align="alignright" width="300"]၂၀၁၃ ခုနှစ် နိုဝင်ဘာ ၂၀ ရက်နေ့ (ဆန့်ကျင်ဘက်လိင်လိုဝတ်စားနေထိုင်သူများနေ့) တွင် တွေ့ရသည့် LGBT များ (ဓာတ်ပုံ-ထွန်းထွန်းသိန်း) ၂၀၁၃ ခုနှစ် နိုဝင်ဘာ ၂၀ ရက်နေ့ (ဆန့်ကျင်ဘက်လိင်လိုဝတ်စားနေထိုင်သူများနေ့) တွင် တွေ့ရသည့် LGBT များ (ဓာတ်ပုံ-ထွန်းထွန်းသိန်း)[/caption]

မြန်မာနိုင်ငံရှိ လိင်စိတ်ခံယူမှု ကွဲပြားသူများဖြစ်ကြတဲ့ LGBT (Lesbian - အမျိုးသမီးချင်း ချစ်ခင်စုံမက်သူ၊ Gay - အမျိုးသားချင်း ချစ်ခင်စုံမက်သူ၊ Bisexual - အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ နှစ်မျိုးလုံး ကို ချစ်ခင်စုံမက်သူ၊ Transgender - ဆန့်ကျင်ဘက်လိင်ကဲ့သို့ ဝတ်စားဆင်ယင်နေ ထိုင်သူ) တွေနဲ့ သက်ဆိုင်တဲ့ ပုံရိပ်တွေကို ဓာတ်ပုံတပုံချင်းဖြစ်စေ၊ ဒါမှမဟုတ် မှတ်တမ်းဓာတ်ပုံ ၃ ပုံမှ ၈ ပုံ အထိ ရိုက်ကူးနိုင်ပြီး ပုံတွေကို မေ ၃ ရက်နေ့ နောက်ဆုံးထားပြီး [email protected] သို့ ပေးပို့နိုင်တယ်လို့ သိရပါတယ်။

အကောင်းဆုံးပုံတွေကို မေ ၁၇ ရက်နေ့ (အပြည်ပြည်ဆိုင်ရာ လိင်တူချစ်သူများအပေါ် ကြောက်ရွံ့မုန်းတီးမှုအား ဆန့်ကျင်ရေးနေ့) မှာ ကြေညာပြသသွားမယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013