DVB Logo
Home
မြန်မာသတင်း
အမုန်းတရားပြောဆိုရေးသားမှုနှင့်ပတ်သက်ပြီး ဒုတိယအကြိမ် ဆွေးနွေး
DVB
·
April 24, 2014
အမုန်းတရားပြောဆိုရေးသားမှုနှင့်ပတ်သက်ပြီး ဒုတိယအကြိမ် ဆွေးနွေး
Donate to DVB

အမုန်းတရားပြောဆိုရေးသားမှု ပြန့်ပွားနေတာနဲ့ပတ်သက်ပြီး နိုင်ငံတကာမှာ ဥပဒေကြောင်းအရ တားဆီးမှုတွေ ဘယ်လိုဆောင်ရွက်နေသလဲဆိုတဲ့ အချက်တွေနဲ့ ပတ်သက်လို့ အစိုးရပြန်ကြားရေးဝန်ကြီးဌာနနဲ့ FES ဖောင်ဒေးရှင်းတို့ ရန်ကုန်မြို့မှာ  ဧပြီ ၂၄ ရက်နေ့က ဆွေးနွေးကြပါတယ်။

ဆွေးနွေးပွဲကို မနှစ်ကလည်း ပူးပေါင်းဆောင်ရွက်ခဲ့ဖူးပါတယ်။   အမုန်းစကားကို အဓိပ္ပာယ်ဖွင့်ဆိုရင် ဂရုစိုက်ရမယ့် အချက်အလက်တွေ အမုန်းတရားကို တားမြစ်ဖို့လိုအပ်ချက်နဲ့ လွတ်လပ်မှု လိုအပ်ချက်အတွက် မျှတဖို့လိုအပ်တာကို နိုင်ငံတကာ ဥပမာတွေနဲ့ ယှဉ်ပြီး အိုင်ယာလန်နိုင်ငံ အူစတာ Ulster တက္ကသိုလ်က ဥပဒေ ပညာရှင်က ဆွေးနွေးခဲ့ပါတယ်။

ရန်ကုန်မြို့မှာ စကိုင်းစတားမှာ ကျင်းပတဲ့ အမုန်းတရား ပေါ်ပေါက်စေတဲ့ ရေးသား ဟောပြောချက်တွေနဲ့ ပတ်သက်တဲ့ ရှင်းလင်းဆွေးနွေးပွဲကို ကိုယ်တိုင်တက်ရောက်ခဲ့တဲ့ ဦးရဲထွဋ်က အိုင်ယာလန်နိုင်ငံ ဥပဒေ ပညာရှင်ဆွေးနွေးမှုကို ခုလိုပြောပါတယ်။

“ပထမတခု စံပြုပြီး ရှင်းပြတာက အမေရိကန်ကန်မှာကတော့ Hate Speech နဲ့ ပတ်သက်ပြီး သီးခြားဥပဒေမရှိဘူး။  အင်္ဂလန်နဲ့ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံ အတော်များများမှာတော့ ဒီလိုဥပဒေ ပြဋ္ဌာန်းထားတာတွေ ရှိတယ်။ အဲဒါလေးတွေကို ဥပမာပေးပြီး ရှင်းပြတာ ရှိပါတယ်။  Hate Speech ကို အဓိပ္ပာယ်ဖွင့်တဲ့အခါမှာ ဂရုစိုက်ရမယ့်အချက်တွေပေါ့။ ဝေဖန်တိုင်းလည်း Hate Speech မဖြစ်ဘူး။  နားထောင်ရတဲ့သူက မနှစ်သက်တိုင်းလည်း Hate Speech မဖြစ်ဘူး။ အဲတော့ Hate Speech ကို တားမြစ်ဖို့ လိုအပ်ချက်နဲ့ ဒီဘက်က လွတ်လပ်မှု လိုအပ်ချက်အတွက် မျှတဖို့ကိစ္စ ဒါတွေကို နိုင်ငံတကာ ဥပဒေတွေနဲ့ ယှဉ်ပြီး ပြောသွားတယ်လို့ အကြမ်းဖျင်း သိပါတယ်။”

အမုန်းတရားနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံမှာ ဥပဒေပြဋ္ဌာန်းဖို့ရှိမရှိ မေးခွန်းကိုတော့ နိုင်ငံတကာကို စလေ့လာနေပြီး စာနယ်ဇင်း သမားတွေ တက်ကြွလှုပ်ရှားတဲ့ အဖွဲ့တွေရော စဉ်းစားနိုင်အောင် လုပ်ဆောင် ပေးခဲ့တာဖြစ်သလို နောင်မှာ အမုန်းတရားနဲ့ ပတ်သတ်တဲ့ ဥပဒေ ရှိမရှိ ၀ိုင်း စဉ်းစားရမှာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

ဧပြီ ၄ ရက်က စတင်ပြီး လူသားအချင်းချင်း အမုန်းပွားစေမယ့်စကားတွေ မပြောကြဖို့ ပန်းစကားလို့ နာမည်ပေးထားတဲ့ လူထုလှုပ်ရှားမှုတခုကို ဦးဆောင် လှုပ်ရှားနေတဲ့  ဘလော့ဂါ ဦးနေဘုန်းလတ်က အမုန်းတရားနဲ့ ပတ်သက်ပြီး ဥပဒေ ပြဋ္ဌာန်းမယ်ဆိုရင်လည်း အစိုးရက သူ့သဘောအတိုင်း မလုပ်ဘဲ နားလည်တတ်ကျွမ်းတဲ့သူတွေနဲ့ နိုင်ငံတကာက ဥပဒေတွေကို လေ့လာရေးဆွဲတာကို ဖြစ်စေချင်တယ်လို့ ပြောပါတယ်။

“Hate Speech ကို တားရင်းတားရင်းနဲ့ ဒီဘက်က Freedom of Speech ကို လာထိမှာလည်း ကျနော်တို့က ကြောက်ရသေးတယ်။

အရင်နှစ်ကလည်း အမုန်းတရား လူမှုရေး မီဒီယာမှာပြန့်တာနဲ့ ပတ်သက်ပြီးတော့ ပထမအကြိမ် အလုပ်ရုံဆွေးနွေးပွဲ လုပ်ဆောင်ခဲ့ပါတယ်။
Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013