DVB Logo
Home
မြန်မာသတင်း
ဦးဝင်းတင်အမှတ်တရများ ထိန်းသိမ်းစောင့်ရှောက်ရန် ဒေါ်အောင်ဆန်းစုကြည် အကြံပြု
DVB
·
April 24, 2014
ဦးဝင်းတင်အမှတ်တရများ ထိန်းသိမ်းစောင့်ရှောက်ရန် ဒေါ်အောင်ဆန်းစုကြည် အကြံပြု
Donate to DVB
ကွယ်လွန်သွားပြီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သဘာပတိအဖွဲ့ဝင် သတင်းစာ ဆရာကြီး ဟံသာပတီဦးဝင်းတင် နောက်ဆုံးနေထိုင်ခဲ့တဲ့ နေအိမ်ငယ်လေးအပါအ၀င် သူရဲ့ ကျန်ရစ်ခဲ့တဲ့ အသုံးအဆောင်ပစ္စည်းတွေကို ပြတိုက်အဖြစ် ဖွင့်လှစ်ပြီး ထိန်းသိမ်းစောင့်ရှောက် ထားဖို့ ဒေါ်အောင်ဆန်းစုကြည်က အကြံပြု တိုက်တွန်းလိုက်ပါတယ်။ [caption id="attachment_55422" align="alignleft" width="300"]ဦးဝင်းတင်နေအိမ်ကို ဒေါ်အောင်ဆန်းစုကြည် ကြည့်ရှုစဉ် ဦးဝင်းတင်နေအိမ်ကို ဒေါ်အောင်ဆန်းစုကြည် ကြည့်ရှုစဉ်[/caption]

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရဲ့ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်က ရန်ကင်းမြို့နယ် ကျောင်း ကုန်း တပင်ရွှေ ထီး လမ်း အိမ်အမှတ် ၁၀ မှာ ရှိတဲ့  ဦးဝင်းတင် နောက်ဆုံးနေ ထိုင်ခဲ့တဲ့ နေအိမ်ကလေးကို လာရောက်ရင်း ကျန်ရစ်ခဲ့တဲ့ အသုံးအဆောင် ပစ္စည်းတွေကို အမှတ်တရ ထိန်းသိမ်းထားကြဖို့ အကြံပြုသွားတာ ဖြစ်ပါတယ်။

ဒီအကြောင်းနဲ့ ပတ်သက်ပြီး ဦးဝင်းတင်ကို အနီးကပ်ပြုစုစောင့်ရှောက်ခဲ့သူလည်းဖြစ်၊ ဟံသာဝတီဦးဝင်းတင် ဖောင်ဒေးရှင်းရဲ့ အမှုဆောင် ဦးဇော်မျိုးအောင်က ခုလိုပြောပါတယ်။

“အန်တီစု ဒီလာသွားပြီး ကျနော်တို့ကို ဘယ်လိုအားပေးစကားပြောသွားလဲဆိုရင် ပစ္စည်းတွေ အကုန်လုံးကို ဆက်ထိန်းထားပါ။ အကယ်၍ နေရာရှိမယ်ဆိုရင် ဘဘနေခဲ့တဲ့ နေအိမ်ကြီးတခုလုံးကို မပြီးတော့ ဟိုမှာ သွားပြီး နေရာချထားမယ့်၊ ချလို့ရမယ့် နည်းပညာတွေလည်း ရှိပါတယ်။ ဒါကြီးကို ပုံစံမပျက်မသွားပြီး မြေကွက်လပ်သော်လည်းကောင်း၊ ဒါမှမဟုတ် တခုခုပေါ့။ အဲမှာ ပြတိုက်ပုံစံမျိုးထားမယ်။ အဲဒါဆိုရင် ပစ္စည်းတွေကအစ ဒီအိမ်ကြီးအဆုံး ယူသွားမယ်၊ ထားမယ်၊ ထိန်းသိမ်းမယ်၊ လူတွေကို ပြသမယ်ဆိုရင် ကောင်းမယလို့ အန်တီစုက အဲလိုပြောသွားပါတယ်၊ ကျနော်တို့ကလည်း သဘောတူတယ်။”

သတင်းစာဆရာကြီး ဦးဝင်းတင်ဟာ ဘ၀တလျှောက်လုံး ရိုးရှင်းစွာ နှိမ့်ချနေထိုင်ခဲ့သူ ဖြစ်ပြီး နိုင်ငံတကာက ချီးမြှင့်တဲ့ဆုတွေအပါအ၀င်  စာအုပ် ရေးသားထုတ်ဝေမှုက ရတဲ့ ၀င်ငွေတွေကို နိုင်ငံရေးအကျဉ်းသားဟောင်းတွေရဲ့ ဘ၀ ပြန်လည်ထူထောင် အကူအညီ ပေးရေး လုပ်ငန်းတွေ ဆောင်ရွက်ပေးနေတဲ့ သူရဲ့ ဖောင်ဒေးရှင်းမှာပဲ အသုံးပြုနေတာ ဖြစ်ပါတယ်။

လတ်တလော ဟံသာဝတီဦးဝင်းတင် ပိုင်ဆိုင်တဲ့ စာအုပ်စာရေးကိရိယာနဲ့ မျက်မှန်စတဲ့ မများလှတဲ့ အမွေအနှစ် အသုံးအဆောင်ပစ္စည်းတွေကို သူရဲ့ အရင်းနှီးဆုံး မိတ်ဆွေသူငယ်ချင်း နေအိမ်ပိုင်ရှင် ဦးအုန်းထွန်း မိသားစုက ထိန်းသိမ်းစောင့်ရှောက်ထားတယ်လို့ မိသားစုဝင်တဦးက ပြောပါတယ်။

ဒီ အသုံးအဆောင်ပစ္စည်တွေကို စုဆောင်းထိန်းသိမ်းပြီး ပြတိုက် ဒါမှမဟုတ် စာကြည့်တိုက် ဖွင့်လှစ်ထားရှိမယ်ဆိုရင် နောက်လာနောက်သားတွေအတွက် အကျိုးရှိစေမှာ ဖြစ်တယ်လို့ ဟံသာဝတီ ဦးဝင်းတင်ဖောင်ဒေးရှင်းက ဦးဇော်မျိုးအောင်ကပြောပါတယ်။

“ဘဘရဲ့ ပစ္စည်းတွေက ဘယ်လောက်တန်ဖိုးရှိတယ်၊ ဘယ်လောက်အရေးပါသလဲလို့ မေးပါတယ်။ ဘဘ ထောင်ထဲမှာ ၀တ်ဆင်ခဲ့တဲ့ မျက်မှန်ဆိုရင် လွန်ခဲ့တဲ့ ၃ နှစ်က လူတယောက်ကနေပြီး ဘယ်လိုရသွားသလဲ မပြောတတ်ဘူး၊ အမေရိကားမှာ ဒေါ်လာ ၆ သောင်းလား၊ ၇ သောင်းလား၊ ၅ သောင်းလားမသိဘူး၊ အဲဒီပတ်ဝန်းကျင်နဲ့ ရောင်းချသွားတယ်။ ပြီးတော့ ကိုယ်ကျိုးအတွက် သုံးတယ်လို့ ကြားရပါတယ်။ တခြားလူဆီက ကြားတာမဟုတ်ဘူး၊ ဘဘကိုယ်တိုင် ပြောခဲ့တာပါ။ ဆိုတော့ သူ့ပစ္စည်းတွေကို ကျနော်တို့ ထိန်းသိမ်းမယ်၊ ပြီးရင်ပြတိုက်လုပ်တဲ့အခါမှာ ဒါတွေကို လွှဲအပ်မယ်။ နောက်လာနောက်သားတွက ဟံသာဝတီ ဦးဝင်းတင်ဆိုတာ ဘယ်လိုလူလဲ၊ ဘယ်လိုနေထိုင်ခဲ့လဲ၊ ဘယ်လောက် ကျစ်ကျစ်လျစ်လျစ် နေသွားတဲ့ လူလဲဆိုတာ ကျနော်တို့ ပြသဖို့ ဒီပစ္စည်းတွေက အရေးကြီးတဲ့ပစ္စည်းတွေဖြစ်တယ်လို့ ယူဆပါတယ်။”

ဟံသာဝတီ ဦးဝင်းတင်ဟာ ပြီးခဲ့တဲ့ ဧပြီ ၂၁ ရက်နေ့က ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှု ခံယူရင်း ကျောက်ကပ်ရောဂါနဲ့ အသက် ၈၅ နှစ်အရွယ်မှာ ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။ ဈာပနအခမ်းအနားကို ပြီးခဲ့တဲ့ ဧပြီ ၂၃ ရက်နေ့က ရန်ကုန် ရေဝေးသုသာန်မှာ ကျင်းပ ပြုလုပ်ခဲ့ပြီး ဂူသွင်း မြှုပ်နှံထားပါတယ်။
Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013