DVB Logo
Home
မြန်မာသတင်း
သရုပ်ဆောင် သင်ဇာဝင့်ကျော်နှင့် မော်ဒယ် နန်းမွေစံတို့ကို ရုံးထုတ်စစ်ဆေး
DVB
·
September 14, 2022
သရုပ်ဆောင် သင်ဇာဝင့်ကျော်နှင့် မော်ဒယ် နန်းမွေစံတို့ကို ရုံးထုတ်စစ်ဆေး
Donate to DVB

ရုပ်ရှင်သရုပ်ဆောင် သင်ဇာဝင့်ကျော်နဲ့ မော်ဒယ် နန်းမွေစံတို့ နှစ်ယောက်ကို စက်တင်ဘာ ၁၄ ရက် မနက်ပိုင်းက မရမ်းကုန်းနဲ့ မြောက်ဒဂုံမြို့နယ် တရားရုံးတွေမှာ ပုဒ်မ ၃၃(က) နဲ့ ရုံးထုတ်စစ်ဆေးခဲ့တယ်လို့ တရားရုံးနဲ့နီးစပ်တဲ့ အသိုင်းအဝိုင်းက သိရပါတယ်။

မရမ်းကုန်းမြို့နယ်တရားရုံးမှာ ဒီကနေ့မနက်ပိုင်းက ရုပ်ရှင်နဲ့ ဗီွဒီယိုသရုပ်ဆောင် သင်ဇာဝင့်ကျော်ကို အီလက်ထရောနစ် ဥပဒေပုဒ်မ ၃၃(က) နဲ့ ရုံးထုတ် ရမန်ယူခဲ့တယ်လို့ ရှေ့နေတယောက်က ပြောပါတယ်။

“သူရော နန်းမွေစံရော ရုံးထုတ်စစ်ဆေးတာ၊ နောက်အပတ်ရုံးချိန်းတွေမှာ အင်းစိန်ထောင်မှာပဲ စစ်မှာ၊ အခုက ရုံးတင်တရားစွဲတာ။”

အလားတူ မြောက်ဒဂုံမြို့နယ် တရားရုံးမှာလည်း ဒီကနေ့မနက်ပိုင်းက မော်ဒယ် နန်းမွေစံကို အီလက်ထရောနစ် ဥပဒေပုဒ်မ ၃၃(က) နဲ့ ရုံးထုတ်စစ်ဆေးခဲ့တယ်လို့ ရှေနေတယောက်က ဒီဗွီဘီကို ပြောပါတယ်။

“စစ်ကြောရေးမှာ စစ်ပြီးလို့ ရုံးတင်တာဖြစ်မယ်။ ပြောရရင် ရမန်လာယူတာ။ ပြီးရင်တော့ အင်းစိန်ထောင်မှာပဲ စစ်မယ်ထင်တယ်။”

သင်ဇာဝင့်ကျော်နဲ့ နန်းမွေစံတို့နှစ်ယောက်ဟာ စစ်ကောင်စီဘက်က မရပ်တည်တာကြောင့် အခုလို အကွက်ချ ဖမ်းဆီးစစ်ဆေးခဲ့တာဖြစ်တယ်လို့ အမည်မဖော်လိုသူ အနုပညာရှင်တယောက်က ဒီဗွီဘီကို ပြောပါတယ်။

“ဖော်ချွတ်တွေဖမ်းကြေးဆို လူမှုကွန်ရက်မှာ အများကြီး။ စစ်တပ်က သူတို့ကို ထောက်ခံအားပေးတာ မလုပ်လို့ ဖမ်းတာ သိသာတယ်။”

သရုပ်ဆောင် မင်းသမီး သင်ဇာဝင့်ကျော်နဲ့ Sexy မော်ဒယ် နန်းမွေစံတို့ကို မြန်မာအမျိုးသမီးများ စောင့်ထိန်းအပ်တဲ့ မြန်မာ့ယဉ်ကျေးမှုကို ထိခိုက်စေတဲ့ လိင်အသားပေးဓာတ်ပုံနဲ့ ဗွီဒီယိုတွေကို လူမှုကွန်ရက်မှာ အခကြေးငွေယူ ဖြန့်ဝေခဲ့မှုနဲ့ စစ်ကောင်စီက စွပ်စွဲပြီး အီလက်ထရောနစ်ဥပဒေနဲ့ အရေးယူခဲ့ကာ အင်းစိန်အကျဉ်းထောင်ကို ပို့ဆောင်ခဲ့တာ ဖြစ်ပါတယ်။

သရုပ်ဆောင် မင်းသမီး သင်ဇာဝင့်ကျော်ဟာ ပြီးခဲ့တဲ့ ဇူလိုင် ၆ ရက်ကလည်း ရှမ်းပြည်တပ်မတော် (SSPP/SSA) ဝမ်ဟိုင်းဌာနချုပ်ကို သွားရောက်ပြီး ဒေသဖွံ့ဖြိုးရေးအတွက် ရုပ်သံရိုက်ကူးပြီး အပြန်မှာ စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးထိန်းသိမ်းတာ ခံခဲ့ရဖူးပါတယ်။

လတ်တလော စစ်ကောင်စီက တရားစွဲဆိုထားတဲ့ အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေပုဒ်မ ၃၃(က) ဟာ ထောင်ဒဏ် ၇ နှစ်အထိ ချမှတ်နိုင်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013