DVB Logo
Home
မြန်မာသတင်း
စနိုက်ပါဝယ်ယူရန် “Snipe ငှက်တို့၏ တောင်ပံခတ်သံ" စနိုက်ပါကမ်ပိန်း စက်တင်ဘာလကုန်ထိ တိုးမြှင့်
DVB
·
September 14, 2022
စနိုက်ပါဝယ်ယူရန် “Snipe ငှက်တို့၏ တောင်ပံခတ်သံ" စနိုက်ပါကမ်ပိန်း စက်တင်ဘာလကုန်ထိ တိုးမြှင့်
1 / 2
Donate to DVB

ရှမ်းတောင်အခြေပြု Force-36 Ranger/SSPDF အဖွဲ့က သိန်း ၁၆၀ တန် 16 Sniper ဝယ်ယူဖို့ “Snipe ငှက်တို့ရဲ့ တောင်ပံခတ်သံ” ကမ်ပိန်းကို အခုလကုန် စက်တင်ဘာ ၃၀ ရက်အထိ သက်တမ်းတိုးမြှင့်ထားပါတယ်။

အစောပိုင်းက စက်တင်ဘာ ၃ ရက်ကနေ ၁၃ ရက်နေ့အထိ ၁၀ ရက်သာ ပြုလုပ်ဖို့ ရည်ရွယ်ထားပေမဲ့ ရည်မှန်းချက်ပမာဏ မပြည့်သေးတဲ့အတွက် စက်တင်ဘာလကုန်အထိ ရက်ကို တိုးမြှင့်လိုက်ရတယ်လို့ ပြန်ကြားရေးနဲ့ ဘဏ္ဍာရေးတာဝန်ခံ ရဲဘော်ပြောင်းဖူးက ပြောပါတယ်။

ဒီကမ်ပိန်းကိုတော့ Fundraising Cranes for U ကနေ ဦးဆောင်ပြုလုပ်တာဖြစ်ပြီး မြန်မာငွေ ၁၀,၀၀၀ ကျပ် သို့မဟုတ် 3 USD ကျပ်နဲ့အထက် ကူညီသူတွေအနေနဲ့ ကာလတန်ဖိုး သိန်း ၅၀ ခန့်ရှိတဲ့ ရွှေ ၁ ကျပ်သား မြဘယက်နဲ့ ၁၂ ပဲ ၄ ရွေးသား မြလက်ကောက်ကို ကံစမ်းနိုင်မယ့် ကံစမ်းမဲလက်မှတ် ၁ စောင် ရရှိမယ်လို့ ဆိုပါတယ်။

ရဲဘော် ပြောင်းဖူးက “Drone Unit မှာဆို Drone ရှိရမယ်ပေါ့၊ Sniper Unit ဆိုလည်း Sniper ရှိမယ်ပေါ့။ ဆိုတော့ Sniper Unit ကရှိပြီး Sniper ကမရှိဘူး။ အဲ့တော့ Sniper ဝယ်ဖို့ Project လုပ်ဖြစ်သွားတာ ဖြစ်တယ်ဗျ။ ဒီလိုမျိုး Project တွေ မလုပ်ခင်တုန်းက ဒီတိုင်းပဲ အလှူငွေ လိုက်တောင်းကြည့်တဲ့အချိန် ကျနော်တို့ရဲဘော်ထဲက အသိတယောက်က မြဘယက်နဲ့ မြလက်ကောက်လေး လှူဒါန်းလာပါတယ်။ ဒါပေမဲ့ ‌မြလက်ကောက်လေးမှာတော့ မြကလေးတလုံး ပြုတ်နေတယ်ပေါ့။ ကျနော်တို့ကလည်း ဘာပဲဖြစ်ဖြစ် အလှူခံထားပြီး ကျနော်တို့ Project မှာ သုံးထားပါတယ်ဗျ” လို့ ပြောပါတယ်။

အလှူငွေတွေကိုတော့ NUG Pay, Kpay, Wave pay, Paypal စတဲ့ ပြည်တွင်း ပြည်ပ Banking တွေနဲ့ လက်ခံမယ်လို့ ဆိုပါတယ်။

ဒါကြောင့် ပြည်သူတွေအနေနဲ့ Force-36 Ranger/ SSPDF ရဲ့ Facebook Page က ဖြစ်စေ၊ Fundraising Cranes for U page ရဲ့ Messenger / telegram ကဖြစ်စေ ပါဝင်ကူညီ ထောက်ပံ့ပေးကြဖို့ တောင်းဆိုထားပါတယ်။

ကရင်နီပြည်တခုတည်းမှာတင် မဟာမိတ် ပူးပေါင်းတပ်ဖွဲ့တို့ရဲ့ Sniper ပစ်ခတ်မှုကြောင့် ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း စစ်ကောင်စီဘက်မှ အရာရှိ ၁ ယောက် အပါအဝင် တပ်သားပေါင်း ၆၀ ကျော် သေဆုံးခဲ့တယ်လို့ အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးအဖွဲ့ရဲ့ စက်တင်ဘာ ၂ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Force-36 Ranger/SSPDF အဖွဲ့ဟာ ရှမ်းတောင်အခြေပြု လက်နက်ကိုင်တော်လှန်ရေး အဖွဲ့တခုဖြစ်ပြီး ကရင်နီပြည် (ကယား) မှာ အခြေစိုက်ကာ ကရင်နီတော်လှန်ရေးတပ်ပေါင်းစု (KRU) မှာ ပါဝင်တဲ့အဖွဲ့တဖွဲ့ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013