DVB Logo
Home
မြန်မာသတင်း
မြို့နယ်အချို့တွင် ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်း အမြင့်ဆုံးတန်ဖိုးအထက် ရောက်နိုင်
DVB
·
April 24, 2014
မြို့နယ်အချို့တွင် ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်း အမြင့်ဆုံးတန်ဖိုးအထက် ရောက်နိုင်
Donate to DVB

မြန်မာနိုင်ငံရှိ မြို့နယ်တချို့တွင် ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်း အမြင့်ဆုံးတန်ဖိုး ဖြစ်တဲ့ ၁၅ အထက် ရောက်ရှိနိုင်ကြောင်း မိုးလေ၀သပညာရှင် ဒေါက်တာဦးထွန်းလွင်က ပြောပါတယ်။

Slide4၂၀၁၄ ခုနှစ် ၁ နှစ်လုံးအတွင်း လက်ရှိအချိန်အထိ ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်းတွေမှာ အမြင့်ဆုံးတန်ဖိုးဖြစ်တဲ့ ၁၅ ဒသာမ ၁ ကို ရှမ်းပြည်နယ်အရှေ့ပိုင်းနဲ့ ကယားပြည်နယ်တွေ မှာ ရောက်ရှိနိုင်တာပါ။

မြန်မာတနိုင်ငံလုံးမှာ ဧပြီလဆန်းလောက်ကစပြီး ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်း တန်ဖိုးတွေ ၁၁ အထက် ကျော်လွန်နေပြီး လွန်ကဲအဆင့် (Extreme Level) ကို ဆက်လက်ရောက်ရှိနေဆဲ ဖြစ်ပါတယ်။

အခုရက်ပိုင်းအတွင်း ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်းတန်ဖိုး အမြင့်ဆုံးတန်ဖိုး ၁၄ အထက် ကျော်လွန်နေတဲ့ဒေသတွေကတော့ ရန်ကုန် ၁၄ ဒသာမ ၁၊ ပဲခူး ၁၄ ဒသာမ ၁၊ ဧရာဝတီ ၁၄ ဒသာမ ၂ ၊ တနင်္သာရီ ၁၄ ဒသာမ ၁၊ ကယား ၁၄ ဒသာမ ၆ ၊ ရှမ်းပြည်နယ်တောင်ပိုင်း ၁၄ ဒသာမ ၄ နဲ့ ရှမ်းပြည်နယ်အရှေ့ပိုင်း ၁၄ ဒသာမ ၄ တို့ ဖြစ်တယ်လို့ ဒေါက်တာ ဦးထွန်းလွင်က ဆိုပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနကတော့ ခရမ်းလွန်ရောင်ခြည် ထိတွေ့မှုကြောင့် နေလောင်ခြင်း၊ အသားအရောင် ညိုလာခြင်းတို့ ဖြစ်ပြီး ထိတွေ့မှု ကြာလာရင် မျက်စိတိမ်စွဲခြင်း၊ အရေပြား အိုမင်းရင့်ရော်ခြင်း၊ ခုခံအားကျဆင်းခြင်းနဲ့ အရေပြားကင်ဆာရောဂါတို့ ဖြစ်ပွားနိုင်တယ်လို့ ဆိုပါတယ်။

ဒါကြောင့် တတ်နိုင်သမျှ နေပူထဲ မထွက်ကြဖို့နဲ့ နေပူထဲထွက်ရင်လည်း အမိုးအကာ လုံလုံခြုံခြုံ ၀တ်ဆင်သွားလာဖို့ တိုက်တွန်းထားပြီး ကလေးသူငယ်တွေဟာ လူကြီးတွေထက် ခရမ်းလွန်ရောင်ခြည်ဒဏ် ပိုခံစားရတာမို့ သတိထားကြဖို့ နှိုးဆော်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013