DVB Logo
Home
မြန်မာသတင်း
အစားအစာနှင့် ဆေးဝါးများ စစ်ဆေးနိုင်မည့် ဓာတ်ခွဲခန်းများ တိုးချဲ့မည်
DVB
·
April 24, 2014
အစားအစာနှင့် ဆေးဝါးများ စစ်ဆေးနိုင်မည့် ဓာတ်ခွဲခန်းများ တိုးချဲ့မည်
Donate to DVB

အစားအသောက်နဲ့ ဆေးဝါးတွေမှာ အန္တရာယ်ရှိတဲ့ ဓာတုပစ္စည်းတွေပါ၊ မပါကို ချက်ချင်း စစ်ဆေးနိုင်တဲ့ ဓာတ်ခွဲခန်းတွေ နိုင်ငံတ၀န်း တိုးချဲ့ဖွင့်လှစ်သွားမယ်လို့ အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (အက်ဖ်ဒီအေ) က မီဒီယာတွေကို ပြောကြားလိုက်ပါတယ်။

Fishpaste 1 copyမြန်မာနိုင်ငံမှာ  လက်ရှိ နေပြည်တော်၊ ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာပဲ အဆင့်မီဓာတ်ခွဲ ခန်း တွေရှိနေပြီး နယ်စပ်ဒေသတွေအပါအ၀င် တခြားပြည်နယ်နဲ့ တိုင်းတွေမှာပါ  စားသောက် ကုန်aတွ ဘေးကင်းလုံခြုံမှုရှိ၊ မရှိ စစ်ဆေးနိုင်မယ့် ဓာတ်ခွဲခန်းတွေ ဖွင့်ဖို့ အက်ဖ်ဒီအေက စီစဉ်နေတာ ဖြစ်ပါတယ်။

အက်ဖ်ဒီအေအဖွဲ့ရဲ့ ညွှန်ကြားရေးမှူး ဒေါက်တာဒေါ်ခင်ချစ်က နယ်စပ်က တင်သွင်းလာတဲ့ အစားအသောက်နဲ့ ဆေးဝါးတွေကို ချက်ချင်း စစ်ဆေးပေးနိုင်ဖို့ နယ်စပ်ကုန်သွယ်ရေးစခန်းတွေမှာ ဓာတ်ခွဲခန်းတွေ တိုးချဲ့ဖွင့်သွားမယ်လို့ ပြောပါတယ်။

ရန်ကုန်မှာရှိတဲ့ ဓာတ်ခွဲခန်းက အစားအသောက်တွေကို အဓိက စစ်ဆေးပြီး နေပြည်တော်နဲ့ မန္တလေးမှာတော့  အစားအသောက်နဲ့ ဆေးဝါးကိုပါ စစ်ဆေးနိုင်တဲ့ ဓာတ်ခွဲခန်း တွေ ရှိပါတယ်။

ဒီဓာတ်ခွဲခန်းတွေကို နိုင်ငံတကာအဆင့်မီ လက်မှတ်ရအောင် လုပ်မယ်လို့လည်း  ဒေါက်တာဒေါ်ခင်ချစ်က ပြောပါတယ်။

ဒါပေမယ့်  ဓာတ်ခွဲစမ်းသပ်လုပ်ငန်းတွေကို အခုထက်ပိုပြီး လုပ်ဆောင်နိုင်ဖို့အတွက် ၀န်ထမ်းအင်အား၊ စက်ပစ္စည်းနဲ့ နည်းပညာတွေ လိုအပ်ချက်က ရှိနေဆဲ ဖြစ်ပါတယ်။

စားသုံးသူအခွင့်အရေး ကာကွယ်ရေးအဖွဲ့က ဦးဗအုပ်ခိုင်ကတော့ ခုလို ဓာတ်ခွဲခန်းတွေ တိုးချဲ့ ဖွင့်လှစ်နိုင်ပါက စားသုံးသူတွေအတွက် ပိုပြီး အကာအကွယ်ရနိုင်တယ်လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာ   ပြည်တွင်းထုတ် လက်ဖက်နဲ့ ငါးပိစတဲ့ စားသောက်ကုန်တွေအပြင် နယ်စပ်က တင်သွင်းလာတဲ့  အချိုရည်နဲ့ မုန့်ပဲသရေစာတွေမှာပါ အန္တရာယ်ရှိတဲ့ ဆိုးဆေးနဲ့  ဓာတုဗေဒပစ္စည်းတွေ ပါနေတာကို စစ်ဆေးတွေ့ရှိရတဲ့အတွက် ၀ယ်ယူမသုံးစွဲကြဖို့ စားသုံးသူ အခွင့်အရေး ကာကွယ်ပေးရေးအဖွဲ့က မီဒီယာတွေကနေ ကျယ်ကျယ်ပြန့်ပြန့် သတိပေး ခဲ့ဖူးပါတယ်။

အပြည့်အစုံ အသံဖိုင်နားဆင်ရန်
Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013