DVB Logo
Home
Lead Story
အမုန်းတရား ပေါ်ပေါက်စေသည့် ရေးသားဟောပြောချက်ကိစ္စ ရှင်းလင်းမည်
DVB
·
April 24, 2014
အမုန်းတရား ပေါ်ပေါက်စေသည့် ရေးသားဟောပြောချက်ကိစ္စ  ရှင်းလင်းမည်
Donate to DVB

အမုန်းတရား ပေါ်ပေါက်စေတဲ့ ရေးသားဟောပြောချက်တွေနဲ့ ပတ်သက်တဲ့  ရှင်းလင်း ဆွေးနွေးပွဲကို ဒီနေ့ နေလယ် ၁ နာရီကနေ ၃ နာရီအထိ တာမွေမြို့နယ်က Sky Star Hotel  မှာ ပြုလုပ်မှာ ဖြစ်ပါတယ်။

Untitled-1 copyဒီပွဲကို စိတ်ပါဝင်စားသူတိုင်း တက်ရောက်နိုင်ပြီး မြောက် အိုင်ယာလန် အူးလ်စတာ (Ulster) တက္ကသိုလ်က ဥပဒေပညာရှင် ဒေါက်တာ ဗင်ကတ်အယ်လ်ရာ (Venkat Iyer) က ဟောပြော မှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၄ ရက်က စတင်ပြီး လူသားအချင်းချင်း အမုန်းပွားစေမယ့်စကားတွေ မပြောကြဖို့ ပန်းစကားလို့ နာမည်ပေးထားတဲ့ လူထုလှုပ်ရှားမှုတခုကို ဘလော့ဂါ ဦးနေဘုန်းလတ်က ဦးဆောင် လှုပ်ရှားခဲ့ပါတယ်။

“လူသားအချင်းချင်း အမုန်းမပွားဖို့ ငါတို့နှုတ်ကို စောင့်စည်းစို့” ဆိုတဲ့စာတမ်းနဲ့ ပိတောက်ပန်း ကိုက်ထားတဲ့ နှုတ်ခမ်းပုံသင်္ကေတပါ စတေကာတွေကို ဝေငှခဲ့တာ ဖြစ်ပြီး အဲဒီပုံကို ပြန်ကြားရေး ၀န်ကြီးဌာန ပြည်ထောင်စုဒုဝန်ကြီး ဦးရဲထွဋ်က သူရဲ့ ဖေ့စ်ဘုတ် ကာဗာပုံအဖြစ် တင်ထားတာလည်း တွေ့ရပါတယ်။

မြန်မာနိုင်ငံမှာ ဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုတွေကို စတင်တယ်လို့ ပြောနိုင်တဲ့ ပထမဆုံးအကြိမ် ရခိုင်ပြည်နယ်ဖြစ်စဉ်ကို နိုင်ငံပိုင်သတင်းစာတွေမှာ အငြင်းပွားစရာ စကားလုံးတွေနဲ့ ဖော်ပြခဲ့တာလည်း ဖြစ်ပါတယ်။
Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013