DVB Logo
Home
မြန်မာသတင်း
ဖားဝပ်ချောင်းရွာအနီး စစ်တပ်က လေယာဥ်ဖြင့် ဗုံးကြဲ၊ ရခိုင်စစ်ရှောင် ၈ သောင်းကျော် အရေးပေါ် အကူအညီ လိုအပ်
DVB
·
September 12, 2022
ဖားဝပ်ချောင်းရွာအနီး စစ်တပ်က လေယာဥ်ဖြင့် ဗုံးကြဲ၊ ရခိုင်စစ်ရှောင် ၈ သောင်းကျော် အရေးပေါ် အကူအညီ လိုအပ်
Donate to DVB

ရခိုင်ပြည်နယ် မောင်တောမြို့နယ်မြောက်ပိုင်း ဖားဝပ်ချောင်းကျေးရွာနားကို စက်တင်ဘာ ၁၂ ရက် မနက် ၂ နာရီက စစ်ကောင်စီတပ်က တိုက်လေယာဥ်နဲ့ ဗုံးကြဲတာကြောင့်  ဒေသခံတွေ စိုးရိမ်နေကြပါတယ်။

ဖားဝပ်ချောင်းကျေးရွာသား တဦးက "ဒီနေ့ မနက် ၂ နာရီမှာ တိုက်လေယာဥ်တစီးနဲ့ ဗုံးလာချတာပါ။ ရွာနားအနီးကပ် ချသွားတာလည်း ရှိတယ်။ ရွာနဲ့ ၁ ဖာလုံ ၂ ဖာလုံ အကွာမှာ ချသွားတာလည်း ရှိတယ်။ အားလုံး ၅ လုံး ချခဲ့တယ်။ ရွာသူရွာသားတချိုကတော့ ကျေးရွာအပေါ်ကို ချလာမှာကို စိုးရိမ်ပြီး မောင်တောကို တက်ပြေးသွားကြတယ်" လို့ ပြောပါတယ်။

ရခိုင်မှာ ရက္ခိုင်တပ်တော်အခြေစိုက်ရာနေရာတွေကို စစ်ကောင်စီက ဗုံးကြဲ တိုက်ခိုက်ဖို့  ညွှန်ကြားထားတယ်လို့  စစ်တပ်အရာရှိ တဦးရဲ့ သတင်းပေးချက်ကို ကိုးကားပြီး စစ်ရေးလေ့လာသူ မောင်တောဒေသခံတဦးက  ပြောပါတယ်။

မောင်တော-ကြိမ်ချောင်းလမ်းက ဖားဝပ်ချောင်းကျေးရွာအလွန်မှာ အေအေက စစ်ဆေးရေးဂိတ်တခု ဖွင့်ပြီး မောင်တောမြောက်ပိုင်းသွားကားတွေကို စစ်ကောင်စီတပ်အတွက် ရိက္ခာသယ်ယူလာတာ ရှိ၊ မရှိ စစ်ဆေးနေတာကြောင့်  စစ်ကောင်စီတပ်က နတ်မြစ်ကို အသုံးပြုပို့ဆောင်ရာမှာ  အေအေ တပ်ဖွဲ့တွေ ရှိနိုင်တဲ့ ဖားဝပ်ချောင်ကျေးရွာနားကို တိုက်လေယာဉ်နဲ့ ဗုံးလာကြဲတာဖြစ်နိုင်တယ်လို့  စစ်ရေးလေ့လာသူတွေက သုံးသပ်ကြပါတယ်။

စက်တင်ဘာ ၁၁ ရက်  မနက် ၄ နာရီခွဲလောက်ကလည်း စစ်ကောင်စီတပ်က တိုက်လေယဉ် ၂ စီးနဲ့ အေအေ သိမ်းပိုက်ထားတဲ့ ခမရ ၃၅၂ တပ်ရင်းစခန်းနဲ့ ကျေးရွာ ၇ ရွာနားကို ဗုံးကြဲခဲ့တာကြောင့် ဒေသခံ ၄၀၀ ကျော် နေရပ်စွန့် ထွက်ပြေးခဲ့ကြရပါတယ်။

အခုလို ရခိုင်ပြည်နယ်အတွင်းမှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော်(အေအေ)တို့ တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးလာတဲ့ စစ်ဘေးရှောင်ပြည်သူ ၈၀၀၀၀ ကျော်အထိ ရှိလာပြီး အရေးပေါ်အကူညီတွေ လိုအပ်နေတယ်လို့ စစ်ဘေးရှောင်အကူညီပေးရေး ပရဟိတအဖွဲ့ တွေက ပြောပါတယ်။

အရင်ထဲက နေရပ်စွန့်ခွာလာပြီး အိမ်မပြန်နိုင်သေးတဲ့ စစ်ဘေးရှောင်ပြည်သူ ၈၀၀၀၀ လောက်ရှိပြီး တကျော့ပြန်တိုက်ပွဲတွေ ဖြစ်ပွားလာတာကြောင့် နောက်ထပ် လူဦးရေ ၆၀၀၀ လောက် စစ်ဘေးရှောင်စခန်းတွေမှာ လာရောက် ခိုလှုံနေရတယ်လို့ စစ်ဘေးရှောင်အကူညီပေးရေး ပရဟိတ အဖွဲ့ဝင် တဦးက ပြောပါတယ်။

အောင်သပြေရွာက စစ်ဘေးရှောင် အမျိုးသမီး တဦးက“ရွှေရင်အေးကျောင်းတိုက်မှာ ခိုလှုံနေကြရတယ်။ ရွာသူရွာသားတွေ ပေးပို့တဲ့ စားနပ်ရိက္ခာတွေနဲ့ ချက်ပြုတ်စားသောက်ရတယ်။ ​သမံတလင်းပေါ်မှာပဲ ဖြစ်သလို နေနေကြရတယ်။ လတ်တလော လိုအပ်ချက်တွေကတော့ အဝတ်တထည်ကိုယ်တခုနဲ့ ထွက်ပြေးလာရလို့ ခေါင်းအုံး၊ စောင်၊ ခြင်ထောင်၊ ဖျာနဲ့ အဝတ်အစားတွေ လိုနေအပ်ပြီး စားနက်ရိက္ခာတွေလည်း အကူအညီ လိုအပ်နေတယ်”လို့ ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်းက မြို့နယ်တွေမှာ စစ်ရှောင်စခန်း  ၁၀၀ ကျော်လောက်ရှိနေပြီး စားနပ်ရိက္ခာတွေ အရေးတကြီးလိုအပ်နေသလို ရှိပြီးသား စစ်ရှောင်စခန်းတွေမှာလည်း စားနပ်ရိက္ခာတွေ ပြတ်လပ်နေတာ ၃လ လောက်ရှိနေပြီလို့ စစ်ရှောင်တွေက ပြောပါတယ်။

ဒါ့အပြင် နိုင်ငံတကာကအဖွဲ့စည်းတွေဖြစ်တဲ့ ICRC၊ WFP တို့ကိုလည်း သွားလာခွင့်မပေးတာ ကြောင့် စားရေးသောက်ရေးအခက်အခဲ ဆိုးဆိုးရွားရွား ရင်ဆိုင်နေကြရတယ်လို့  ကူညီသူတွေက ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီတပ်နဲ့ ရက္ခိုင်တပ်တော်(အေအေ)တို့ကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က အများအပြားသေဆုံးလို့ လေကြောင်းတိုက်ခိုက်နေပေမယ့် စစ်ကောင်စီတပ်စခန်း ၂ ခုကို AA က သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းအများအပြားနဲ့ စစ်သုံ့ပန်း တချို့လည်း ဖမ်းမိထားတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013