DVB Logo
Home
မြန်မာသတင်း
ဧပြီ ၂၄ ရက်နေ့ မိုးလေ၀သ ခန့်မှန်းချက် (ဒေါက်တာ ထွန်းလွင်)
DVB
·
April 23, 2014
ဧပြီ ၂၄ ရက်နေ့ မိုးလေ၀သ ခန့်မှန်းချက် (ဒေါက်တာ ထွန်းလွင်)
Donate to DVB

ဧပြီလ ၂၃ ရက်နေ့ မနက် (၀၇း၃၀)နာရီအချိန်ဖမ်းယူရရှိထားတဲ့ တိမ်ပုံမှာဆိုရင် ကပ္ပလီ ပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းမှာ တိမ်အသင့်အတင့်ဖြစ်ထွန်းနေပြီး ကျန်ဘင်္ဂလားပင်လယ်အော်မှာတော့ တိမ်ကင်းစင်နေပါတယ်။

မြန်မာနိုင်ငံပေါ်မှာကတော့ မြောက်ပိုင်းစွန်း၊ အရှေ့ပိုင်းနဲ့ တောင်ပိုင်းဒေသတွေမှာ တိမ်အသင့်အတင့် ဖြစ်ထွန်းနေပြီး ကျန်ဒေသတွေမှာ တိမ်အနည်းငယ်ဖြစ်ထွန်းနေပါတယ်။

ဧပြီ ၂၄ ရက်နေ့ 

Slide4မြန်မာ့ပင်လယ်ပြင်အခြေအနေ ခန့်မှန်းချက်က မြန်မာ့ကမ်းရို တန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်မှာ လှိုင်းအနည်းငယ်သာ ရှိနိုင်ပါတယ်။ ရခိုင်ကမ်းရိုး တန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်မှာ လှိုင်းအမြင့် ၂ ပေကနေ ၃ ပေလောက်ရှိနိုင်ပြီး ကျန်ကမ်းလွန်ပင်လယ်ပြင်မှာ လှိုင်းအမြင့် ၁ ပေလောက်ရှိနိုင်ပါတယ်။

အပူရှိန်မြင့်တက်နိုင်မှုကတော့ ခရမ်းလွန်ရောင်ခြည် မြင့်တက်မှုတွေဟာ အရင်နေ့တွေထက် အနည်းငယ်ကျဆင်းနိုင်ပေမယ့် လွန်ကဲအဆင့်ဖြစ်တဲ့ အညွှန်းကိန်းတန်ဖိုး ၁၁ အောက်တော့ မရောက်နိုင်သေးဘူးလို့ ခန့်မှန်းထားပါတယ်။

ခရမ်းလွန်ရောင်ခြည်မြင့်တက်မှုတွေဟာ တောင်ကြီးမြို့မှာ အညွှန်းကိန်းတန်ဖိုး အမြင့်ဆုံးဖြစ်ပြီး ၁၄.၄ ထိ မြင်တက်နိုင်ပြီး ပုသိမ်မြို့နဲ့ ကော့သောင်းမြို့မှာ ဒုတိယအမြင့်ဆုံးဖြစ်ပြီး အညွှန်းကိန်းတန်ဖိုး ၁၄.၁ ထိမြင့်တက်နိုင်ပါတယ်။ မြစ်ကြီးနားမှာကတော့ ခရမ်းလွန်ရောင်ခြည်အနည်းဆုံးဖြစ်ပြီး ၁၁.၈ အထိရှိနိုင်ပါတယ်။

ကျန်မြို့တွေမှာတော့ အညွှန်းကိန်းတန်ဖိုး ၁၃ ကနေ ၁၄ အတွင်းရှိနိုင်ပါတယ်။ ခရမ်းလွန်ရောင်ခြည် မြင့်တက်မှုတွေဟာ လွန်ကဲအဆင့်ကနေ ဆက်လက်ကျဆင်းခြင်း မရှိနိုင်သေးတဲ့အတွက် မနက် ၁၁ နာရီကနေ နေ့လယ် ၂ နာရီအတွင်း နေပူထဲမထွက်ဖို့ တိုက်တွန်းလိုက်ရပါတယ်။

နေ့အပူချိန်ခန့်မှန်းချက်ကတော့ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်ဒေသတွေမှာ နေ့အပူချိန် ၃၂ ဒီဂရီစင်တီဂရိတ်ကနေ ၃၅ ဒီဂရီစင်တီ ဂရိတ်ခန့် ရှိနိုင်ပြီး ကျန်ပြည်နယ်နဲ့ တိုင်းတွေမှာ ၃၆ ဒီဂရီစင်တီဂရိတ် ကနေ ၄၄ ဒီဂရီစင်တီဂရိတ် ခန့်ရှိနိုင်ပါတယ်။

မိုးတိမ်တောင်ဖြစ်ပေါ်နိုင်မှု ခန့်မှန်းချက်ကတော့ ရှမ်းပြည်နယ်တောင်ပိုင်း၊ မကွေးတိုင်းတောင်ပိုင်း၊ မန္တလေးတိုင်းတောင်ပိုင်း၊ ပဲခူးတိုင်းတို့မှာ ၂၅ ရာခိုင်နှုန်းကနေ ၃၅ ရာခိုင်နှုန်းလောက် သေချာမှုရှိနိုင်ပါတယ်။

ကချင်ပြည်နယ် မြောက်ပိုင်း၊ စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်၊ မကွေးတိုင်းမြောက်ပိုင်း၊ ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်း မြောက်ပိုင်း၊ ရန်ကုန်တိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်တို့မှာ မိုးတိမ်တောင်ဖြစ်ပေါ်နိုင်မှု ၅ ရာခိုင်နှုန်း ကနေ ၁၅ ရာခိုင်နှုန်းလောက် သေချာမှုရှိနိုင်ပါတယ်။ ကျန်ပြည်နယ်နဲ့တိုင်းမှာ မိုးတိမ်တောင် ဖြစ်ပေါ်နိုင်မှု မရှိနိုင်ဘူးလို့ ခန့်မှန်းထားပါတယ်။

မိုးရွာသွန်းနိုင်မှုခန့်မှန်းချက်ကတော့ မကွေးတိုင်း တောင်ပိုင်းစွန်း၊ မန္တလေးတိုင်း တောင်ပိုင်းစွန်း၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ ကယားပြည်နယ်၊ ပဲခူးတိုင်းမြောက်ပိုင်း၊ ကရင်ပြည်နယ်မြောက်ပိုင်းစွန်းတို့မှာ နေရာကွက်ကြား မိုးထစ်ချုန်း ရွာနိုင်ပါတယ်။ ရွာဖို့ရာခိုင်နှုန်း ၆၀ ရာခိုင်နှုန်း ရှိနိုင်ပါတယ်။

ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်းမှာ ၃၀ ရာခိုင်နှုန်းကနေ ၅၀ ရာခိုင်နှုန်းလောက် ရှိနိုင်ပါတယ်။ ကျန်ပြည်နယ်နဲ့တိုင်း တွေမှာတော့ အများအားဖြင့်သာယာနိုင်ပါတယ်။

မိုးရေချိန်ခန့်မှန်းချက်ကတော့ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်းတို့မှာ ၂၄ နာရီအတွင်း မိုးရေချိန် ၂ မီလီမီတာမှ ၁၀ မီလီမီတာလောက် မိုးရွာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

မြို့တော်ကြီးတွေ ခန့်မှန်းချက်ကတော့ နေပြည်တော်နဲ့ အနီးတ၀ိုက်မှာ  အမြင့်ဆုံးအပူချိန် ၃၈ ဒီဂရီစင်တီဂရိတ်၊ အနိမ့်ဆုံးအပူချိန် ၂၇ ဒီဂရီစင်တီဂရိတ်လောက် ရှိနိုင်ပါတယ်။ တိမ်အနည်းငယ်ဖြစ်ထွန်း နိုင်ပါတယ်။

ရန်ကုန်နဲ့ အနီးတ၀ိုက်မှာ အမြင့်ဆုံးအပူချိန် ၃၉ ဒီဂရီစင်တီဂရိတ်၊ အနိမ့်ဆုံးအပူချိန် ၂၆ ဒီဂရီစင်တီဂရိတ်လောက်ရှိနိုင်ပါတယ်။ အများအားဖြင့် သာယာနိုင်ပါတယ်။

မန္တလေးမြို့နဲ့ အနီးတ၀ိုက်မှာ အမြင့်ဆုံးအပူချိန် ၄၂ ဒီဂရီစင်တီဂရိတ်၊ အနိမ့်ဆုံးအပူချိန် ၃၂  ဒီဂရီစင်တီဂရိတ်လောက်ရှိနိုင်ပါတယ်။ တိမ်အနည်းငယ်ဖြစ်ထွန်း နိုင်ပါတယ်။
Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013