DVB Logo
Home
မြန်မာသတင်း
ဒလတွင် သောက်သုံးရေ အခက်ခဲနှင့် ကြုံတွေ့နေ
DVB
·
April 23, 2014
ဒလတွင် သောက်သုံးရေ အခက်ခဲနှင့် ကြုံတွေ့နေ
Donate to DVB

ရန်ကုန်တဖက်ကမ်း ဒလမြို့နယ်ထဲက ရပ်ကွက်တချို့မှာ ပူပြင်းတဲ့နွေရာသီကြောင့် ရေခန်းလာတဲ့အတွက် သောက်ရေရှားပါးမှု အခက်အခဲ ကြုံတွေ့နေရပါတယ်။

ဒလမြို့နယ် ရာဇသင်္ကြန်ရပ်ကွက်မှာရှိတဲ့ မဟာသင်္ကြန်သောက်ရေကန်မှာ ရေခန်းလာမှုကြောင့် ဒီရေကန်ကနေ သောက်ရေ အဓိကအားထားသုံးစွဲနေတဲ့ ရပ်ကွက်တွေမှာ သောက်ရေရရှိမှု အခက်အခဲနဲ့ ကြုံတွေ့နေရပါတယ်။

ဒလမှာ နှစ်စဉ်နွေရာသီရောက်တိုင်း ရေရှားပါးမှုပြဿနာရှိနေတာဖြစ်ပြီး ရေရှိတဲ့ရပ်ကွက် တွေကနေ ဝယ်သုံးနေရတဲ့အတွက် မိသားစုဝင်ငွေကို ထိခိုက်မှု ရှိနေတယ်လို့ ဒေသခံ ကိုသန်းနိုင်က ပြောပါတယ်။

မဟာသင်္ကြန်သောက်ရေကန်ကို ရာဇာသင်္ကြန်ရပ်ကွက်က အဓိကမှီခိုနေပြီး ရေရှားတဲ့ ရပ်ကွက် ခြောက်ရပ်ကွက်လောက် က သောက်ရေအတွက်မှီခိုနေတယ်လို့သိရပါတယ်။

မဟာသင်္ကြန် သောက်ရေကန်ထိန်းသိမ်းရေးကော်မတီ ဒုတိယ ဥက္ကဋ္ဌ ဦးလှမြင့်က လွန်ခဲ့တဲ့ ငါးနှစ်လောက်ကတည်း ဒီရေကန်မှာ နွေရာသီ ရေရှားပါးမှုတွေ ဖြစ်လာတဲ့အတွက် တနေ့ကို ၁ နာရီသာ ရေခတ်ခွင့်ပြုတယ်လို့ ပြောပါတယ်။

ဒလမြို့မှာ ရာဇသင်္ကြန်ရပ်ကွက်အပြင် ဗညား ဒလ၊ တပင်ရွှေထီး ရပ်ကွက်တွေမှာလည်း သောက်ရေအပြင် သုံးရေပါ ရှားပါးမှုနဲ့ ကြုံတွေ့နေရတာဖြစ်ပါတယ်။

ဒလမြို့နယ် စည်ပင်သာယာက ရေပေးဝေမှုရှိပေမယ့် မြို့ပေါ်ရပ်ကွက်တွေကိုသာ ဖြန့်ဝေနေပြီး မြို့ပြင်ရပ်ကွက်တွေကတော့ စည်ပင်ကရေကို မသုံးစွဲနိုင်ဘူးလို့ ဒေသခံတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013