DVB Logo
Home
မြန်မာသတင်း
မြန်မာဝမ်ပေါင်ကုမ္ပဏီ ၀န်ထမ်းများ လုပ်အားခတိုးပေးရေး ဆန္ဒပြ
DVB
·
April 23, 2014
Donate to DVB

စစ်ကိုင်းတိုင်း မုံရွာခရိုင် လက်ပံတောင်းတောင်မှာ ကြေးနီတူးဖော်နေတဲ့ မြန်မာဝမ်ပေါင်ကုမ္ပဏီက ၀န်ထမ်းတွေဟာ  လုပ်ခလစာ တိုးမြှင့်ပေးဖို့ ဒီကနေ့ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

လက်ပံတောင်း ကြေးနီစီမံကိန်းမှာ ဝင်လုပ်ဖို့ မြန်မာဝမ်ပေါင်ကုမ္ပဏီရဲ့ စာတွေ့၊ လက်တွေ့ သင်တန်း အပတ်စဉ် ၂ မှာ တက်ရောက်ခဲ့တဲ့ ဘွဲ့ရ၀န်ထမ်းတွေ အပါအ၀င် ဒေသခံအလုပ်သမား ၂၅၀ လောက်က ဒီကနေ့ မနက်ပိုင်းက လက်ပံတောင်းဒေသက ၀မ်ပေါင် ကုမ္ပဏီရှေ့မှာ ဆန္ဒပြခဲ့ကြပါတယ်။

[caption id="attachment_55341" align="alignleft" width="300"]ဧပြီ ၁၀ ရက်နေ့ ဆန္ဒပြခဲ့ကြစဉ် ဧပြီ ၁၀ ရက်နေ့ ဆန္ဒပြခဲ့ကြစဉ်[/caption]

ဧပြီ ၁၀ ရက်၊ ၁၁ ရက်နေ့တွေမှာ တရားဝင်ခွင့်ပြုချက်နဲ့ လစာတိုးမြင့်ရေး ဆန္ဒထုတ်ဖော်ခဲ့ပေ မယ့် မြန်မာဝမ်ပေါင် ကုမ္ပဏီက လိုက်လျောခြင်း မရှိတဲ့အတွက် ၃ ကြိမ်မြောက် အဖြစ်  ခုလို ဆန္ဒထုတ်ဖော်တာလို့ ဆန္ဒပြ ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးဖြိုးယုဌေးက ပြောပါတယ်။

ဆန္ဒထုတ်ဖော်ခဲ့တဲ့ ဘွဲ့ရ၀န်ထမ်းတဦးကလည်း တရုတ်လူမျိုးဝန်ထမ်းနဲ့ ဒေသခံမဟုတ်တဲ့ ၀န်ထမ်းတွေကို မြန်မာဝမ်ပေါင်ကုမ္ပဏီက လစာတိုးမြှင့်ပေးထားပြီး ဒေသခံ ၀န်ထမ်း သစ်တွေကို ပေးတဲ့ လစာ နည်းလွန်းတဲ့အတွက်  အခြေခံလစာ ဒေါ်လာ ၂၀၀ ကျော်ပေးဖို့ ဆန္ဒထုတ်ဖော်တာလို့ ပြောပါတယ်။

ဆန္ဒပြအလုပ်သမားတွေဟာ  မြန်မာဝမ်ပေါင်ကုမ္မဏီက တခြားဝန်ထမ်းတွေနည်းတူ  လစာတိုးမြင့်ရရှိဖို့အတွက် အလုပ်မဆင်းဘဲ တောင်းဆိုနေကြတာပါ။

အလုပ်သမားတွေရဲ့ လုပ်အားခတိုးပေးရေးဆန္ဒပြမှုနဲ့ပတ်သက်ပြီး မြန်မာ ၀မ်ပေါင်ကုမ္ပဏီကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းခဲ့ပေမယ့် တာဝန်ယူဖြေကြားမယ့်သူမရှိခဲ့ပါဘူး။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို မြန်မာအစိုးရ၊  မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်နဲ့ တရုတ်နိုင်ငံ ၀မ်ပေါင်ကုမ္ပဏီတို့က အကျိုးတူပူးပေါင်း ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

ဒီစီမံကိန်းကြောင့် သဘာဝပတ်ဝန်းကျင်ပျက်စီးမှုနဲ့ လယ်တီဆရာတော်ဘုရားကြီးရဲ့ သာသနိက အဆောက်အဦတွေ ဖယ်ရှားခံရတဲ့အတွက် စီမံကိန်း လုံးဝရပ်ဆိုင်းပေးဖို့ ဆန္ဒထုတ်ဖော်မှုတွေ ရှိနေပြီး  လက်ပံတောင်အရေးလုပ်ရှားသူတွေကို အစိုးရက ထောင်ဒဏ်အပြစ်ပေးမှုတွေလည်း ရှိခဲ့ပါတယ်။ အပြည့်အစုံ အသံဖိုင်နားဆင်ရန်
Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013