DVB Logo
Home
မြန်မာသတင်း
နခွန်းပထုန်အထည်ချုပ်စက်ရုံမှ မြန်မာလုပ်သား ၂၀၀ ခန့်အကြောင်းမဲ့အလုပ်ထုတ်ခံရသဖြင့် ဆန္ဒပြ
DVB
·
September 9, 2022
နခွန်းပထုန်အထည်ချုပ်စက်ရုံမှ မြန်မာလုပ်သား ၂၀၀ ခန့်အကြောင်းမဲ့အလုပ်ထုတ်ခံရသဖြင့် ဆန္ဒပြ
Donate to DVB

ထိုင်းနိုင်ငံအလယ်ပိုင်း၊ နခွန်းပထုန်မြို့ရှိ အထည်ချုပ်စက်ရုံတစ်ရုံမှာ အလုပ်လုပ်နေတဲ့ မြန်မာ လုပ်သား ၁၀၀ ကျော် ၂၀၀ နီးပါးဟာ အကြောင်းမဲ့အလုပ်ထုတ်ခံရတယ်လို့  AAC အလုပ်သမားကူညီစောင့်ရှောက်ရေးမဟာမိတ်အဖွဲ့က ပြောပါတယ်။

စက်ရုံက မြန်မာပြည်ကနေ အမ်အိုယူအလုပ်သမားတွေကို ခေါ်ယူခန့်ထားဖို့အတွက် အပြစ် မရှိတဲ့လူဟောင်းတွေကို ရုတ်တရက်အလုပ်ထုတ်ပစ်လို့  အလုပ်သမား ၁၀၀ ကျော်ဟာ  စက်တင်ဘာ ၈ ရက် မနက်ပိုင်းက စက်ရုံအနီးမှာ စုဝေးဆန္ဒပြခဲ့ကြတယ်လို့ AAC အဖွဲ့ ခေါင်းဆောင် ကိုရဲမင်းက ဒီဗွီဘီကို ပြောပါတယ်။

“စက်ရုံက မြန်မာပြည်ကနေ MOU နဲ့ဝင်လာမယ့် အလုပ်သမားအသစ် ၂၀၀ ကျော်ကို ခေါ်မှာ‌ဖြစ်တဲ့အတွက် လူဟောင်းတွေကို အလုပ်ဖြုတ်ပစ်တာပါခင်ဗျ။ အလုပ်ဖြုတ်ခံရတဲ့ အလုပ်သ မားတွေက ၁၀၀ ကျော် ၂၀၀ နီးပါးရှိမယ်။ နာမည်စာရင်းအတိအကျတော့ ကောက်နေတုန်းပါပဲ။ အဲဒီကိစ္စမကျေနပ်လို့ မနေ့မနက် ၈ နာရီကနေ ၁၀ နာရီခွဲလောက်ထိ ဆန္ဒပြကြတယ်။ ကျနော်တို့အဖွဲ့ကိုလည်း လှမ်းပြီးအကူအညီတောင်းပါတယ်။ ဒါကြောင့် ကျနော်တို့က အလုပ်သ မားကာကွယ်စောင့်ရှောက်ရေးဌာနကိုအကြောင်းကြားတယ်။ တာဝန်ရှိသူတွေရောက်လာပြီး  စက်ရုံမန်နေဂျာ၊ အလုပ်သမားကိုယ်စားလှယ်တွေနဲ့ ညှိနှိုင်းကြတယ်။ ဒါပေမဲ့ ပြေလည်မှုမရခဲ့လို့ အလုပ်ရှင်ကို အမှုဖွင့်ဖို့ ပြင်ဆင်နေပါတယ်။”

အလုပ်ဖြုတ်ခံရသူတွေဟာ အလုပ်သမားဥပဒေအရ နစ်နာကြေး အနည်းဆုံးလုပ်အားခ ၁ လစာ ( ဘတ်၁၀၀၀ ကျော် ) ရရမှာဖြစ်ပေမဲ့ အလုပ်ရှင်ဘက်က တစ်ဦးလျှင် ဘတ် ၂၀၀၀ သာပေးနိုင်ပြီး အလုပ်သမားနဲ့ သက်ဆိုင်တဲ့အထောက်အထားစာရွက်စာတမ်းတွေကိုလည်း နောက်ထပ် ၂ လကြာမှထုတ်ပေးမယ်လို့ပြောကြောင်း၊ အလုပ်သမားတွေဟာ နောက်ထပ်အလုပ်သစ် ရှာမယ်ဆိုရင် အဆိုပါစာရွက်စာတမ်းတွေလိုအပ်လို့ ၂ လအတွင်း အလုပ်လက်မဲ့ဖြစ်ပြီး စားဝတ် နေရေးအခက်အခဲရှိမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဒီမတိုင်ခင်က အလုပ်သမားတွေကို နေထိုင်ခွင့်လက်မှတ်နဲ့ အလုပ်လုပ်ခွင့်ပါမစ် လုပ်ပေးမယ် ဆိုပြီး တစ်ယောက် ဘတ် ၁၀၀၀၀ ကျော် ငွေကောက်ထားတာ၊ လစာကနေအဖြတ်ခံထားရတဲ့ ကိစ္စ တွေလည်း မဖြေရှင်းပေးဘူးလို့ ပြောပါတယ်။ 

ဒါကြောင့် အဆိုပါစက်ရုံကို အမှုဖွင့်ဖို့အတွက် ဒီကနေ့မှာ အလုပ်သမားဘက်က သက်သေ အထောက်အထားတွေပြင်ဆင်နေပါတယ်။

အခုလိုပြဿနာဖြစ်ရတာဟာ ပြည်တွင်းမှာရှိတဲ့ MOU အလုပ်သမားအေဂျင်စီတွေက ထိုင်း ဘက်ကို အလုပ်သမားမြောက်မြားစွာ အဆောတလျင်သွင်းချင်တာကတကြောင်း၊ ထိုင်းဘက်က အေဂျင်စီနဲ့ အလုပ်ရှင်တွေကလည်း ကော်မရှင်ခရတဲ့အတွက် အလုပ်သမားတွေ ထုတ်ချင်သလို ထုတ် ၊ ခန့်ချင်သလိုခန့်နေလို့ အလုပ်သမားတွေနစ်နာနေရတာလို့ ကိုရဲမင်းက ပြောပါတယ်။ 

photo- မနေ့ကဆန္ဒပြခဲ့သော နခွန်းပထုန်မှ မြန်မာလုပ်သားများ
Photo Crd- Ye Min ( AAC )

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013