DVB Logo
Home
Lead Story
ဟံသာဝတီလေဆိပ် ကုမ္ပဏီ ၃ ခု တင်ဒါပြိုင်
DVB
·
April 23, 2014
ဟံသာဝတီလေဆိပ် ကုမ္ပဏီ ၃ ခု တင်ဒါပြိုင်
Donate to DVB
တင်ဒါ အောင်မြင်တဲ့ ကုမ္ပဏီ ရွေးချယ်ပြီးနောက်မှ အဆင်မပြေမှု ဖြစ်ပေါ်လို့ ဒုတိယအကြိမ် တင်ဒါပြန်ခေါ်ထားတဲ့ ဟံသာဝတီ အပြည်ပြည်ဆိုင်ရာလေဆိပ် စီမံကိန်းကို နိုင်ငံတကာ ကုမ္ပဏီ ၃ ခုက တင်ဒါ ပြန်လျှောက်ထားခဲ့တယ်လို့ မြန်မာ့လေကြောင်းတာဝန်ရှိသူတယောက်က အတည်ပြု ပြောဆိုပါတယ်။ [caption id="attachment_53449" align="alignright" width="300"]ဟံသာဝတီလေဆိပ် နမူနာကို တွေ့မြင်ရစဉ် ဟံသာဝတီလေဆိပ် နမူနာကို တွေ့မြင်ရစဉ်[/caption]

နဂို တင်ဒါ ၀င်ပြိုင်ခဲ့တဲ့ ပြင်သစ် ဗင်စီ (Vinci) ကုမ္ပဏီအုပ်စုက နောက်ထပ် ၀င်မပြိုင်တော့ပဲ ကိုရီးယား အင်ချွန်ကုမ္ပဏီ၊ စင်ကာပူ ယန်နန် (Yangnam)ကုမ္ပဏီနဲ့ ဂျပန် တိုင်ဆေးအ် (Taisei) ကုမ္ပဏီတို့ပဲ တင်ဒါ ပြန်တင်ခဲ့ကြပါတယ်။

တင်ဒါကို ဧပြီ ၂၂ ရက်က ပိတ်ခဲ့ပြီး မေလထဲမှာ တင်ဒါအောင်သူ ထုတ်ပြန်ကြေညာမယ်လို့ ဆိုပါတယ်။

လက်ရှိ တင်ဒါအသစ်ရဲ့ စည်းကမ်းချက်ထဲမှာ တည်ဆောက်ရေးကုမ္ပဏီတွေအနေနဲ့ နိုင်ငံတကာဖွံ့ဖြိုးရေး အကူအညီ (အိုဒီအေ) ၅၀ ရာခိုင်နှုန်းအထိ ရယူပြီး တည်ဆောက်နိုင်ခွင့် ရှိတယ်ဆိုတဲ့ အချက်ကိုလည်း ထည့်သွင်းထားပါတယ်။
Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013