DVB Logo
Home
မြန်မာသတင်း
ကလေး PDF တပ်ရင်း ၇ က ကျဆုံး၊ ဒဏ်ရာရရဲဘော်များ၏ မိသားစုဝင်များအား ထောက်ပံ့
DVB
·
September 8, 2022
ကလေး PDF တပ်ရင်း ၇ က ကျဆုံး၊ ဒဏ်ရာရရဲဘော်များ၏ မိသားစုဝင်များအား ထောက်ပံ့
1 / 5
Donate to DVB

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်အခြေစိုက်၊ အမှတ်-၇ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF Kalay တပ်ရင်း-၇) က မိမိတပ်ရင်းမှာ နိုင်ငံတော်နဲ့ ပြည်သူလူထုအတွက် တာဝန်ထမ်းဆောင်ရင်း ကျဆုံး ဒဏ်ရာရခဲ့တဲ့ ပြည်သူ့ကာကွယ်ရေးတပ်သားတွေရဲ့ မိသားစုဝင်တွေကို တပ်ရင်းရဲ့ အစီအစဉ်နဲ့ ထောက်ပံ့ကူညီမှုတွေ ပြုလုပ်ပေးခဲ့တယ်လို့ သိရပါတယ်။

အဆိုပါထောက်ပံ့မှုကို ဇွန်လနှောင်းပိုင်းက စတင်လုပ်ဆောင်ခဲ့တာဖြစ်ပြီး ပြည်သူလူထုရဲ့ လှူဒါန်းထောက်ပံ့ငွေထဲကနေ ခွဲဝေသုံးစွဲခြင်းဖြစ်ကာ ကလေး PDF တပ်ရင်း - ၇မှာ တိုင်းပြည်အတွက် အသက်ပေးလှူ တိုက်ပွဲဝင်ခဲ့တဲ့ အာဇာနည်သူရဲကောင်း ၇ ယောက်အထိ ရှိပြီး ဒဏ်ရာရ ရဲဘော်မှာလည်း ၁၀ ယောက်ထက်မနည်း ရှိခဲ့ပြီဖြစ်ပါတယ်။

စားဝတ်နေရေး အဆင်မပြေတဲ့ ကျဆုံးရဲဘော်တွေရဲ့ မိသားစုတွေအတွက် လစဥ် ၁ သိန်းကျပ် ထောက်ပံ့ပေးပြီး ဒဏ်ရာရရဲဘော်တွေနဲ့ စားဝတ်နေရေး အဆင်မပြေတဲ့ ရဲဘော်မိသားစုတွေ အတွက် လစဥ် ဆန်တအိတ်၊ ငွေနှစ်သောင်းကျပ်ကို တပ်ရင်းက ထောက်ပံ့ပေးခဲ့ကြောင်း ကလေး PDF တပ်ရင်း ၇ က ပြောပါတယ်။

အခုအခါ တိုင်းပြည် အဘက်ဘက်က ယိုယွင်းပျက်စီးလာပြီး ကုန်စျေးနှုန်း မြင့်တက်မှုကြောင့် ကျဆုံးရဲဘော်တွေရဲ့ မိသားစုတွေကို လစဥ် ၅၀,၀၀၀ ကျပ်သာ ထောက်ပံ့ပေးနိုင်ပြီး ဒဏ်ရာရ ရဲဘော်နဲ့ အဆင်မပြေတဲ့ မိသားစုတွေအတွက် ဆန်လေးပြည်နဲ့ ငွေ ၁၅,၀၀၀ ကျပ်သာ ထောက်ပံ့ပေးနိုင်ခဲ့ပါတယ်။

ငွေကြေးအခက်အခဲကြောင့် ဆက်လက်ထောက်ပံ့ရမယ့် ရဲဘော်မိသားစုတွေ ကျန်ရှိနေသေးကာ တပ်ရင်း ၇ အနေနဲ့ အခုလို မိသားစုဝင်တွေအပေါ် ထောက်ပံ့ပေးတာကို လစဉ်လတိုင်း ဆောင်ရွက်ပေးလိုပြီး ထောက်ပံ့ပေးနိုင်ဖို့ ပြည်သူတွေရဲ့ လှူဒါန်းမှု များစွာလိုအပ်ကြောင်း တပ်ရင်း ၇ ရဲဘော်တယောက်က ဒီဗွီဘီကို ပြောပါတယ်။

“ထပ်မံပြီးလည်း လစဉ် ထောက်ပံ့နိုင်ဖို့အတွက် မိဘပြည်သူတွေအနေနဲ့ အလှူငွေတွေ ပါဝင်လှူဒါန်းပေးကြဖို့၊ မိမိတို့တပ်ဖွဲ့ဝင်တွေအနေနဲ့ စစ်အာဏာရှင် အမြစ်ပြတ် ကျဆုံးသည်အထိ တော်လှန်သွားမှာဖြစ်ကြောင်း” သူကဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013