DVB Logo
Home
မြန်မာသတင်း
Aladdin Men Fashion ဆိုင်က ဆန်တပြည် ၁၀၀ ကျပ်၊ ကြက်ဥတကတ် ၁၀၀ ကျပ်ဖြင့် ရောင်းချပေး
DVB
·
September 8, 2022
Aladdin Men Fashion ဆိုင်က ဆန်တပြည် ၁၀၀ ကျပ်၊ ကြက်ဥတကတ် ၁၀၀ ကျပ်ဖြင့် ရောင်းချပေး
1 / 4
Donate to DVB

ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်နေ အခြေခံလူတန်းစားတွေအတွက် Aladdin Men Fashion ဆိုင်က စက်တင်ဘာ ၇ ရက် မနက်ပိုင်းက ဆန်တပြည် ၁၀၀ ကျပ်၊ ကြက်ဥတကတ် ၁၀၀ ကျပ်နဲ့ လူဦးရေ ၇၀၀ ကို ရောင်းချပေးခဲ့ပါတယ်။

လေးထောင့်ကန်လမ်းမကြီးပေါ်က Aladdin Men Fashion ဆိုင်က ရောင်းချပေးတာဖြစ်ပြီး ဝယ်ယူသူတွေဟာ မနက်အစောပိုင်းကတည်းက လာရောက် စောင့်ဆိုင်းနေကြတယ်လို့  Aladdin Men Fashion ဆိုင် တာဝန်ခံကပြောပါတယ်။

“တချို့ဆို မနက်သုံးနာရီလောက်ကတည်းက လာစောင့်နေတာ၊ ဝယ်ကြမှာပေါ့ဗျာ။ ဆန်တပြည် ၂,၀၀၀ ကျော်နေပြီ။ ကြက်ဥတလုံးကို ၂၅၀ ရှိတယ်။ အဲဒါကြောင့် မိသားစုလိုက် လာဝယ်ကြတာ။”

လာရောက်ဝယ်ယူသူတွေဟာ တောင်ဒဂုံ၊ မြောက်ဒဂုံ၊ သာကေတ၊ လှိုင်သာယာ၊ တောင်ဥက္ကလာ၊ သင်္ဃန်းကျွန်းနဲ့ တခြားမြို့နယ်တွေက ဖြစ်ပါတယ်။

“မနက်အစောကြီးကတည်းက လာတန်းစီနေတော့ အားနာတယ်။ အဲဒါကြောင့် ၁၂ နာရီမှ ရောင်းဖို့လုပ်ထားပေမဲ့ ၁၀ နာရီကနေ စပြီးရောင်းပေးလိုက်တာ။”

အခြေခံလူတန်းစားတွေအပြင် လခစားဝန်ထမ်းတွေလည်း ဆန်တပြည်နဲ့ ကြက်ဥတကတ်ကို ၁၀၀ ကျပ်နဲ့ လာရောက်ဝယ်ယူကြတယ်လို့ တောင်ဥက္ကလာပမြို့နယ်နေသူတယောက်က ဒီဗွီဘီကို ပြောပါတယ်။

“အရင်က ရတဲ့လစာနဲ့ စားလို့ရတယ်။ အခု ကုန်စျေးနှုန်းက တက်နေတော့ လစာနဲ့ ဘယ်လိုမှ မရပ်တည်နိုင်ဘူး။ လင်မယားနှစ်ယောက် ကလေးတွေပါခေါ်ပြီး လာတန်းစီတာ။”

Aladdin Men Fashion ကနေ ပြီးခဲ့တဲ့ သြဂုတ် ၁၇ ရက်ကလည်း အခြေခံလူတန်းစား ၄၀၀ လောက်ကို ရောင်းချပေးခဲ့တယ်လို့ ဆိုင်တာဝန်ခံက ဒီဗွီဘီကို ပြောပါတယ်။

“နောက်လည်း လှူနိုင်အောင် ကြိုးစားသွားမယ်။ သူငယ်ချင်းတွေစုပြီးလုပ်တဲ့ အလှူပါ။ ပီတိလည်းဖြစ်တယ်။ မရှိတဲ့လူတွေအတွက်လည်း အဆင်ပြေသွားတယ်။”

ပြီးခဲ့တဲ့ စက်တင်ဘာ ၁ ရက်ကလည်း သာကေတမြို့နယ် JP Star ဘေထုပ်လက်က္ကားဖြန့်ချိရေးဆိုင်က ဆန်တပြည် ၁၀၀ ကျပ်၊ ကြက်ဥဆယ်လုံး ၁၀၀ ကျပ်နဲ့ နှစ်ရက်တိုင် ရောင်းချပေးခဲ့ပါသေးတယ်။

လတ်တလောမှာ ဒေါပုံမြို့နယ်ထဲက ရပ်ကွက်တွေကို နွယ်အေးစွန္နီဂျာမေဗလီက ကြက်ဥခြောက်လုံးကို ၁၀၀ ကျပ်နဲ့ အပတ်စဥ် ရောင်းချပေးနေတာလည်း ရှိပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံမှာ အလုပ်အကိုင် အခွင့်အလမ်း ရှားပါးလာပြီး ကုန်စျေးနှုန်း ကြီးမြင့်လာတာကြောင့် လုပ်ငန်းရှင်တွေနဲ့ လူမှုရေးအဖွဲ့အစည်းတွေက အခုလို ရောင်းချပေးနေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013