DVB Logo
Home
Lead Story
Red Bull အချိုရည်ကုမ္ပဏီ အလုပ်အကိုင် ၆၀၀ ကျော် ခေါ်
DVB
·
April 23, 2014
Red Bull အချိုရည်ကုမ္ပဏီ အလုပ်အကိုင် ၆၀၀ ကျော် ခေါ်
Donate to DVB

ကမ္ဘာ့နာမည်ကြီး အားဖြည့်အချိုရည်လည်း ဖြစ်၊ မြန်မာနိုင်ငံမှာလည်း သောက်သုံးမှု အများဆုံးဖြစ်တဲ့ ကျွဲရိုင်းလို့ခေါ်တဲ့ Red Bull အချိုရည်ကုမ္ပဏီဟာ ပြည်တွင်းမှာ လာရောက် အခြေစိုက်ပြီး ဖြန့်ဖြူးရေးလုပ်ငန်းတွေအတွက် အလုပ်အကိုင်နေရာသစ် ၆၀၀ ကျော် ခေါ်ယူကြောင်း ဒီကနေ့ ကြေညာပါတယ်။

red-bull-online-video-case-studyဒီအလုပ်အကိုင်သစ်တွေထဲမှာ အရောင်းဝန်ထမ်း ၃၀၀ ဦး၊ ကားလည်းမောင်း၊ ဖြန့်ချိရေး လည်း လုပ်ရမယ့် ရောင်းမောင်း ၂၀၀ ဦး၊ အရောင်းမန်နေဂျာနဲ့ စာရင်းကိုင် အယောက် ၅၀ ပါဝင်ပါတယ်။

အရင် စစ်အစိုးရခေတ်ကတော့ ကျွဲရိုင်းအချိုရည် ပြည်တွင်းတင်သွင်းခွင့် ပိတ်ပင်ထားပြီး သောက်သုံးရင် ရူးသွပ်စေနိုင်တယ်လို့ မြန်မာ့ရုပ်သံက ပြသခဲ့ဖူးပါတယ်။

ဒါပေမယ့် နယ်စပ်တွေကနေ မှောင်ခို ၀င်ရောက်မှု များပြီး သောက်သုံးမှုလည်း များခဲ့ပါတယ်။

Red Bull အချိုရည်ကုမ္ပဏီဟာ ၂၀၁၃ ခုနှစ်က ကမ္ဘာတ၀ှမ်း အချိုရည်ဘူးပေါင်း ၅ ဒဿ မ ၄ ဘီလီယံလောက် ရောင်းချခဲ့ပါတယ်။
Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013