DVB Logo
Home
မြန်မာသတင်း
ရေးမြို့နယ်တွင် မီးသွေးဈေးကောင်းမရသဖြင့် မီးသွေးဖုတ်သမားများ တွက်ခြေမကိုက်
DVB
·
September 8, 2022
ရေးမြို့နယ်တွင် မီးသွေးဈေးကောင်းမရသဖြင့် မီးသွေးဖုတ်သမားများ တွက်ခြေမကိုက်
Donate to DVB

မွန်ပြည်နယ်၊ ရေးမြို့နယ်မှာ  မီးဖိုချောင်သုံး မီးသွေးတွေ အရင်ကထက် ပိုမိုအရောင်းအဝယ် ဖြစ်လာနေပေမဲ့ မီးသွေးဖုတ်သမားတွေကတော့ တွက်ခြေမကိုက်ကြဘူးလို့ တပိုင်တနိုင် မီးသွေးဖုတ်သမားတွေက ပြောပါတယ်။

မီးသွေးဖုတ်လုပ်ကိုင်သူတယောက်က “အခုက မီးသွေးကို အရင်ကထက် ပိုမို အရောင်းအဝယ် ဖြစ်ပေမဲ့ ဈေးက စစ်တပ် အာဏာမသိမ်းခင်ကလည်း တအိတ်ကို လက်ကားဈေး ၂,၅၀၀ ကျပ်သာရတယ်။ အခုလည်း ဒီကနေ့အထိ ကျပ် ၂,၈၀၀ ပဲရတော့ ဈေးက သိပ်မရဘူး။ ကုန်ကျစရိတ်ကသာ များသွားတယ်။ အကျိုးအမြတ်က သိပ်ပြီးမကျန်ဘူး” လို့ ပြောပါတယ်။

မီးသွေးဖုတ်သမား နောက်တယောက်ကလည်း “မီးသွေးဖုတ်တဲ့အခါ သစ်ကုန်ကြမ်းဝယ်ယူရတဲ့စရိတ်၊ သယ်ယူစရိတ်နဲ့ လူငှါးခစရိတ်တွေက နှစ်ဆနီးပါးလောက်သာ တက်သွားတယ်။ အခု မီးသွေးဈေးက မရတော့ တွက်ခြေမကိုက်ကြဘဲ အလုပ်မရှိလို့သာ ဆက်ပြီး လုပ်နေရတယ်” လို့ ပြောပါတယ်။

အိမ်ရှင်မတယောက်က “အခု မီတာခတွေက ၁ ယူနစ် ၁,၆၀၀ နီးပါးအထိ ပေးရတယ်။ တခါတလေ မီးက မမှန်တာနဲ့ အိမ်သုံး ချက်ပြုတ်စားသောက်ရာမှာလည်း ပိုမို အကုန်အကျများတယ်လေ။ အခု ကုန်ဈေးနှုန်းလည်း ကြီးတာ အကုန်လုံးနီးပါးပဲ။ ငွေကသာ ရှာရခက်တာ၊ သုံးရတာက လွယ်တယ်။ ဒါ့ကြောင့် ချွေတာသင့်တာ ချွေတာရတယ်လေ။ နောက်ပိုင်း ဂက်စ်ကလည်း မထည့်နိုင်၊ မီးသွေးကိုပဲ ပြန်ပြီး သုံးစွဲရတယ်ပေါ့” လို့ ပြောပါတယ်။

မီးသွေးကို နယ်စွန်းနယ်ဖျားက ကျေးလက်နေလူတွေသာမက ဒီနေ့ စစ်တပ် အာဏာသိမ်းပြီး ၁ နှစ်ခွဲကျော် ကာလမှာ ကုန်စျေးနှုန်းတွေ ကြီးမြင့်မှုဒဏ်ကို လူတွေ အလူးအလဲ ရင်ဆိုင် ခံစားရလာပြီးတဲ့နောက် မြို့ပြလူတွေလည်း မီးသွေးကို ပြန်ပြီး စတင်သုံးစွဲလာနေကြပါတယ်။

မီးသွေးတွေကို အိမ်သုံးအပြင် လက်ဖက်ရည်ဆိုင်၊ ထမင်းဆိုင်တွေနဲ့ ပင်လယ်ပြင် ငါးဖမ်းလှေတွေမှာလည်း ချက်ပြုတ်စားသောက်တဲ့ နေရာမှာ မရှိမဖြစ် အဓိက သုံးစွဲကြပြီး မီးသွေးတအိတ်ကို ပုံမှန်ဈေးထက် ၁,၀၀၀ ကျပ်ကျော်အထိပေးကာ ဝယ်ယူသုံးစွဲနေကြရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013