DVB Logo
Home
မြန်မာသတင်း
ရုရှားသမ္မတပူတင်နှင့် မြန်မာစစ်ခေါင်းဆောင်တွေ့ဆုံ၊ ရုရှားထံမှ လောင်စာဆီ မြန်မာဝယ်ယူနေ
DVB
·
September 7, 2022
ရုရှားသမ္မတပူတင်နှင့် မြန်မာစစ်ခေါင်းဆောင်တွေ့ဆုံ၊ ရုရှားထံမှ လောင်စာဆီ မြန်မာဝယ်ယူနေ
1 / 2
Donate to DVB

ရုရှားသမ္မတ ဗလာဒီမီယာပူတင်နဲ့  မြန်မာအာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ ရုရှားနိုင်ငံ ဗလာဒီဗိုစတော့ဆိပ်ကမ်းမြို့မှာ  ကျင်းပတဲ့  အရှေ့ဖျားစီးပွားရေးဖိုရမ် (EEF) ဆွေးနွေးပွဲမှာ  တွေ့ဆုံခဲ့ကြပါတယ်။

ဆွေးနွေးပွဲရဲ့ ပြင်ပအစီအစဉ်အဖြစ် ဖိုရမ်တက်ရောက်လာတဲ့ တခြားနိုင်ငံတွေက ခေါင်းဆောင်တွေကို  ရုရှားသမ္မတ ဗလာဒီမီယာပူတင်က တွေ့ဆုံသလို မြန်မာစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကိုလည်း တွေ့ဆုံခဲ့တယ်လို့ ကရင်မလင် သမ္မတနန်းတော်က ထုတ်ပြန်ပါတယ်။

ဒီလိုတွေ့ဆုံစဉ်မှာ မြန်မာနိုင်ငံဟာ ရုရှားရဲ့ ရေရှည်ယုံကြည်စိတ်ချရတဲ့ မိတ်ဖက်နိုင်ငံဖြစ်တယ်လို့ ပူတင်ကပြောကြားခဲ့သလို နှစ်နိုင်ငံဆက်ဆံရေးဟာ ပိုမိုတိုးတက်လာနေတယ်လို့ ရုရှားသမ္မတ ပူတင်က ပြောခဲ့ကြောင်း ရုရှား RIA သတင်းကပြောပါတယ်။ 

နိုင်ငံတကာရဲ့ ဖိအားတွေအောက်မှာ အနည်းငယ်သောမဟာမိတ်အချို့နဲ့ မပြိုလဲအောင်ကျားကန်နေရတဲ့ မြန်မာစစ်ခေါင်းဆောင်မင်းအောင်လှိုင်နဲ့  တွေ့ဆုံရာမှာ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂီလာ့ဗရော့ဗ်လည်း ပါဝင်ခဲ့တယ်လို့ သိရပါတယ်။

စက်တင်ဘာ ၅ ရက်ကတည်းက ရုရှားနိုင်ငံကို စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရောက်ရှိခဲ့တာဖြစ်ပြီး စီပွားရေးဖိုရမ်တက်ရောက်တာ၊ အထင်ကရနေရာတွေ၊ တက္ကသိုလ်တွေနဲ့ စက်ရုံတွေကို သွားရောက်လည်ပတ်မယ်လို့ စစ်ကောင်စီ ပြန်ကြားရေးက ထုတ်ပြန် ထားပါတယ်။

ရုရှားကနေ ဒီဇယ်ဆီတွေက မြန်မာက စတင်ဝယ်ယူနေပြီဖြစ်ပြီး ရက်ပိုင်အတွင်း စတင် တင်သွင်းတော့မှာဖြစ်တယ်လို့ မြန်မာစစ်ခေါင်းဆောင် အခုခရီးစဉ်အတွင်း ပြောကြောင်း  မော်စကိုတိုင်းမ်သတင်းမှာ ဖော်ပြပါတယ်။

နိုင်ငံတကာရဲ့ စီးပွားရေးပိတ်ဆို့မှုတွေကြားမှာ အထီးကျန်နေတဲ့ နှစ်နိုင်ငံအချင်းချင်း ဆက်ဆံရေးပိုမိုခိုင်မြဲအောင် နှစ်လအတွင်းမှာ ရုရှားကို ဒုတိယအကြိမ်မြောက်လာရောက်ခဲ့တဲ့ မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောခဲ့တယ်လို့ဆိုပါတယ်။

မြန်မာနိုင်ငံကို ရုရှားရဲ့ ရေနံထုတ်ကုန်တွေတင်ပို့မယ့် လုပ်ငန်းစဉ်တွေ စတင်နေပြီဖြစ်ပြီး ရက်ပိုင်းအတွင်းမှာ မြန်မာနိုင်ငံကို ရောက်ရှိမှာဖြစ်တယ်လို့ မင်းအောင်လှိုင်က ရုရှားနိုင်ငံပိုင်သတင်းဌာန RIA Novosti နဲ့ အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။ 

ဝယ်ယူမှုတွေအတွက် ရုရှားရူဘယ်ငွေနဲ့ ပေးချေဖို့ အဆင်သင့်ရှိနေကြောင်းကို “ရုရှားဘက်က ဘာနဲ့ပဲယူယူ ကျနော်တို့က ပေးမှာပါ၊ တခြားနိုင်ငံခြားငွေတွေနဲ့ ပေးဖို့ကြတော့ တားဆီးပိတ်ဆို့မှုတွေက အများကြီးရှိနေတယ်” လို့ စစ်ခေါင်းဆောင်က ပြောခဲ့ပါတယ်။

ဇူလိုင်လအတွင်းက ရုရှားကို မင်းအောင်လှိုင်သွားရောက်ခဲ့စဉ်က ရုရှားရဲ့ ရေနံထုတ်ကုန်တင်သွင်းခွင့်ကို ရရှိခဲ့ပြီးဖြစ်တယ်လို့ ဩဂုတ်လလယ်ပိုင်းသတင်းစာရှင်လင်းပွဲမှာ စစ်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောခဲ့ပါတယ်။

အာဏာသိမ်းပြီးချိန်နောက်ပိုင်း စက်သုံးဆီဈေးတွေ ၃၅၀ ရာခိုင်နှုန်းအထိထိုးတက်သွားခဲ့ပြီး ကြုံတွေ့နေရတဲ့ ရေနံမလုံလောက်မှုနဲ့ လျှပ်စစ်မီးပြတ်တောက်မှုတွေကို မြန်မာနိုင်ငံကဖြေရှင်းဖို့ လမ်းစရသွားပြီလို့ မော်စကိုတိုင်းမ်စ် သတင်းကပြောပါတယ်။

အနောက်နိုင်ငံတွေရဲ့ စီးပွားရေးပိတ်ဆို့မှုတွေနဲ့ အကြီးမားဆုံး ဖောက်သည်ဖြစ်တဲ့ ဥရောပနိုင်ငံတွေက ရေနံနဲ့စွမ်းအင်ထုတ်ကုန်ဝယ်ယူရေးပိတ်ဆို့မှုတွေကြောင့် ရုရှားကလည်း သူ့ရဲ့ရေနံထုတ်ကုန်တွေ ရောင်းချဖို့ ဖောက်သည်သစ်ရှာနေတဲ့အချိန်ဖြစ်ပါတယ်။

ရုရှားဟာ မြန်မာနိုင်ငံရဲ့ အဓိကမိတ်ဖက်နိုင်ငံဖြစ်သလို မြန်မာနိုင်ငံကနေ လက်နက်အများဆုံးဝယ်ယူတဲ့နိုင်ငံလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013