DVB Logo
Home
မြန်မာသတင်း
ကရင်ကျေးရွာများကို လက်နက်ကြီးဖြင့် ပစ်ခတ်မည်ဟု BGF ခြိမ်းခြောက်
DVB
·
September 6, 2022
ကရင်ကျေးရွာများကို လက်နက်ကြီးဖြင့် ပစ်ခတ်မည်ဟု BGF ခြိမ်းခြောက်
Donate to DVB

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်တော် (KNLA) ပူးပေါင်းတပ်ဖွဲ့တွေရဲ့ သတင်းမပေးရင် ရွာထဲကို လက်နက်ကြီးနဲ့ပစ်ခတ်မယ်လို့  စစ်ကောင်စီ လက်အောက်ခံ BGF နယ်ခြားစောင့်တပ်က ကရင်ပြည်နယ်၊ ဘားအံမြို့နယ်ထဲက ကျေးရွာတွေကို  ခြိမ်းခြောက်နေတယ်လို့ ကေအန်ယူ သထုံခရိုင်က ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၄ ရက်မှာ စစ်ကောင်စီ လက်အောက်ခံ BGF (၁၀၁၄)  တပ်ရင်းက တကောင်ဘိုးကျေးရွာအုပ်စုရှိ သူကြီးတွေကို မိတ္ထိလာ (ဘုရားကုန်း) BGF တပ်ခွဲ(၂)စခန်းသို့ ခေါ်ယူပြီး KNLA ပူးပေါင်းတပ်ဖွဲ့တွေ ရွာထဲဝင်ခွင့်မပြုဖို့နဲ့ ဝင်ရောက်လာပါက အချိန်နဲ့တပြေးညီ သတင်းပေးဖို့ သတင်းမပေးရင် ကျေးရွာထဲ လက်နက်ကြီး ပစ်ခတ်ဖျက်ဆီးမယ်လို့ ခြိမ်းခြောက်တာ ဖြစ်ပါတယ်။

ကေအန်ယူ သထုံခရိုင် ပြောခွင့်ရ ပဒိုစောအေးနိုင်က “BGF က ရွာသားတွေကို အမြဲခြိမ်းခြောက်တာ၊ သူတို့ဖမ်းဆီးပြီးရင်လည်း ပိုက်ဆံတောင်းတာ ဒါတွေက သူတို့ လုပ်နေကျ အလုပ်ပဲ၊ လက်နက်ကြီးကလည်း အမြဲပစ်နေတာ၊ ဒီအပေါ်မှာ လက်ခံစရာလည်း မရှိဘူး”လို့ ပြောပြောပါတယ်။

စစ်ကောင်စီ လက်အောက်ခံ ညောင်ကုန်း BGF စစ်ဆေးရေးဂိတ်ကနေ ပြီးခဲ့တဲ့ စက်တင်ဘာ ၄ ရက်က ကျုံခန ကျေးရွာအတွင်းသို့ လက်နက်ကြီး ၆၀ မမ နဲ့ ပစ်ခတ်ခဲ့တာကြောင့် လူနေအိမ် ၂ လုံး ထိမှန်ပျက်စီးခဲ့ပါတယ်။

ဒါ့အပြင် သြဂုတ် ၂၇ ရက်ကလည်း ညောင်ကုန်း BGF ဂိတ်ကနေ လက်နက်ကြီး (၆၀-မမ) နဲ့ ၁၁ ချက်ထက်မနည်း ပစ်ခတ်ခဲ့လို့ ကျုံခနနဲ့ ညောင်ကုန်းကျေးရွာကြား ကျရောက်ပေါက်ကွဲခဲ့သလို နေနောဝါးကျေးရွားမှာလည်း လက်နက်ကြီး ၁ လုံး ကျရောက်ပေါက်ကွဲထားပါတယ်။

စစ်ကောင်စီ လက်အောက်ခံ BGF ၁၀၁၄ တပ်ရင်းကနေ အပြစ်မဲ့ပြည်သူတွေကို ခေါ်ယူခြိမ်းခြောက်တာ လက်နက်ကြီးတွေ ကျေးရွာအတွင်း ပစ်ခတ်မယ်လို့ ခြိမ်းခြောက်နေတာကြောင့် ဒေသခံတွေ ထိတ်လန့်ကြောက်ရွံ့နေရတယ်လို့ ကေအန်ယူ သထုံခရိုင်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကေအန်ယူ တပ်မဟာ(၁) ထိန်းချုပ်နယ်မြေ သထုံခရိုင်ထဲမှာတော့ စစ်ကောင်စီရဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် ဒေသခံ ၂၀,၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရပြီး လက်ရှိအချိန်ထိ နေရပ်ပြန်မနိုင်သေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013