DVB Logo
Home
မြန်မာသတင်း
ခေါင်းဆောင်အပါအဝင် အဖွဲ့ဝင်များ ဖမ်းဆီးခံရသဖြင့် MPCT အဖွဲ့ ဖျက်သိမ်း
DVB
·
September 6, 2022
ခေါင်းဆောင်အပါအဝင် အဖွဲ့ဝင်များ ဖမ်းဆီးခံရသဖြင့် MPCT အဖွဲ့ ဖျက်သိမ်း
Donate to DVB

Mandalar Pintagon Combat Troop (MPCT) အဖွဲ့က အဖွဲ့ဝင်တွေ ဖမ်းဆီးခံရတဲ့အတွက် စက်တင်ဘာ ၆ ရက်နေ့ ဒီနေ့မှာ အဖွဲ့ကို ဖျက်သိမ်းကြောင်း ထုတ်ပြန်ပါတယ်။

“အချိန်မတိုင်ခင် နိုင်ငံရေးမှ နုတ်ထွက်သည့်အတွက် ပြည်သူများအားလုံးကို အနူးအညွတ်တောင်းပန်အပ်ပါတယ်ခင်ဗျာ။” လို့ MPCT အဖွဲ့ က ဆိုပါတယ်။

Mandalar Pintagon Combat Troop (MPCT) အဖွဲ့က အဖွဲ့ခေါင်းဆောင် ကျော်လင်းအောင်၊ အဖွဲ့ဝင်တွေဖြစ်တဲ့ မျိုးဇော်ထွန်း၊ သီဟကျော် (ခ) ဂတုံးတို့ ၃ ဦးကို ၅.၅၆ ကျည် ၅၀ တောင့်နဲ့အတူ စက်တင်ဘာ ၃ ရက်နေ့က စစ်ကိုင်းမြို့ စစ်ကိုင်း မင်းကွန်းသွား ကားလမ်းရှိ လက်ဖက်ရည်ဆိုင်မှာ ဖမ်းဆီးရမိခဲ့တယ်လို့ စစ်ကောင်စီနဲ့ နီးစပ်တဲ့ သတင်းတွေမှာ ဖော်ပြခဲ့ကြပါတယ်။

ဒါ့အပြင် အဖွဲ့ဝင် သိန်းသန်းစိုးကိုလည်း စစ်ကိုင်းမြို့နယ်၊ စစ်ကိုင်း- မင်းကွန်း ကားလမ်းပေါ်မှာ ထပ်မံဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

ဩဂုတ် ၃၁ ရက်နေ့ကလည်း King Cobra Guerrilla Force Mandalay မြို့ပြကာကွယ်ရေးအဖွဲ့ကို ဖျက်သိမ်းခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013