DVB Logo
Home
မြန်မာသတင်း
သတင်းစာဆရာကြီး ဦးဝင်းတင် ဈာပနအခမ်းအနား ကျင်းပ
DVB
·
April 23, 2014
သတင်းစာဆရာကြီး ဦးဝင်းတင် ဈာပနအခမ်းအနား ကျင်းပ
1 / 3
Donate to DVB

ဧပြီ ၂၁ ရက်နေ့က ကွယ်လွန်သွားတဲ့ သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင် ဈာပနအခမ်းအနားကို ရေဝေးသုသာန်မှာ ဒီနေ့ ကျင်းပနေပါတယ်။

 

10154194_293698097457064_6682395025383878850_n

ဦးဝင်းတင်ဟာ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ မတ်လ ၁၂ ရက်နေ့ကတည်းက တက်ရောက်ကုသနေ တာဖြစ်ပြီး အထူးစိုးရိမ်ရလို့ အရေးပေါ် အထူးကြပ်မတ် ကုသဆောင်မှာ ကုသမှုခံယူနေရင်း ကွယ်လွန်သွားတာပါ။

ဦးဝင်းတင်ရဲ့ ရုပ်ကလပ်ကို ရေဝေးသုသာန်အအေးခန်းမှာထားရှိပြီး ဒီနေ့ နေ့လယ် ၁၂ နာရီမှ ၅ နာရီထိ ရေးဝေးသုသာန်မှာ အသုဘရှု ဂါဝရပြု အခမ်းအနားကျင်းပပြီး ညနေ ၅ နာရီ သင်္ဂြိုဟ်မှာ ဖြစ်ပါတယ်။

ဈာပနအခမ်းအနားကို အန်အယ်လ်ဒီပါတီဝင်တွေ၊ နိုင်ငံရေးပါတီတွေ၊ အနုပညာ၊ သတင်းမီဒီယာနဲ့ ဆရာကြီးဦးဝင်းတင်ကို ချစ်ခင်လေးစားကြတဲ့ ပြည်သူတွေ တက်ရောက်နေကြပါတယ်။

သတင်းစာဆရာကြီး ဦးဝင်းတင်ဟာ ၁၉၈၈ ခုနှစ် သမိုင်းဝင်ရှစ်လေးလုံး လူထုအုံကြွမှု ဖြိုခွင်းခံရပြီးနောက် ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို စတင်ထူထောင်သူတဦးဖြစ်ပါတယ်။

၁၉၈၉ ခုနှစ်မှာ သူ့ရဲ့နိုင်ငံရေးလှုပ်ရှားမှုတွေကြောင့် ဖမ်းဆီးထောင်ချခံရပြီး နောက်ထပ်နှစ်ကြိမ် ပြစ်ဒဏ်သက်တမ်းတိုး နေခဲ့ရပါတယ်။
ထောင်တွင်း ၁၉ နှစ်ကြာနေထိုင်ခဲ့ရပြီးနောက် ၂၀၀၈ ခုနှစ် လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွတ်မြောက်ခဲ့ပေမယ့် အပြင်မှာလည်း စစ်အုပ်ချုပ်မှုကို ဆန့်ကျင်မှုအဖြစ် ထောင်ဝတ်စုံ အပြာကို ကွယ်လွန်တဲ့အထိ တောက်လျှောက် ၀တ်ဆင်ခဲ့ပါတယ်။

ထောင်ပြင်ရောက်ပြီး ရေးသားတဲ့ ဦးဝင်းတင်ရဲ့ “ဘာလဲဟဲ့ လူ့ငရဲ” ဆိုတဲ့ စာအုပ်ဟာ အာဏာပိုင်တွေရဲ့ နိုင်ငံရေးအကျဉ်းသားတွေအပေါ် စစ်ကြောရေးမှာရော၊ အကျဉ်းထောင်တွင်းမှာပါ နှိပ်စက်ရက်စက်မှုတွေကို ခြယ်မှုန်းထားတာ ပေါ်လွင်လှပါတယ်။

သူဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အားကိုးရတဲ့လက်ရုံးအဖြစ် လူသိများပြီး တခါတရံ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ပြဝေဖန်လေ့ရှိသူအဖြစ်လည်း အသိအမှတ်ပြုခံရပါတယ်။

ဦးဝင်းတင်ကို ပဲခူးတိုင်း ကြို့ပင်ကောက် မြို့မှာ မွေးဖွားခဲ့ပြီး ၁၉၅၃ ခုနှစ်မှာ ရန်ကုန် တက္ကသိုလ်က အင်္ဂလိပ် စာပေ၊ ခေတ်သစ် ရာဇဝင်နှင့် နိုင်ငံရေး သိပံ္ပ ဘာသာ တွဲနဲ့ ဝိဇ္ဇာဘွဲ့ ရခဲ့ပါတယ်။

ကြေးမုံသတင်းစာထူထောင်ရာမှာ ပါဝင်ခဲ့တဲ့ ဦးဝင်းတင်ဟာ စာပေ၊ ပန်းချီ၊ သဘင်ဂီတ၊ နိုင်ငံရေး၊ ဆောင်းပါး စာတမ်း ဝေဖန် သုံးသပ်ချက် အစရှိတာတွေ အမြောက်အမြား ရေးသားခဲ့သူဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013