DVB Logo
Home
မြန်မာသတင်း
နွမ်းပါးပြည်သူများအတွက် ဆန်နှင့် ကြက်ဥ ကြိုက်တာယူ ကျပ် ၁၀၀ ဈေးနှုန်းဖြင့် ရောင်းချမည်
DVB
·
September 6, 2022
နွမ်းပါးပြည်သူများအတွက် ဆန်နှင့် ကြက်ဥ ကြိုက်တာယူ  ကျပ် ၁၀၀  ဈေးနှုန်းဖြင့် ရောင်းချမည်
Donate to DVB

စစ်အာဏာသိမ်းပြီးနောက်  မကြုံစဖူး ကုန်ဈေးနှုန်းကြီးမြင့်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ နွမ်းပါးပြည်သူတွေအတွက် ဆန် ၁ ပြည် ကျပ် ၁၀၀၊ ကြက်ဥ ၁၀ လုံး တကတ်ကို ၁၀၀ ကျပ် ဈေးနှုန်းနဲ့ စက်တင်ဘာ ၇ ရက် မွန်းတည့် ၁၂ နာရီမှာ စတင်ရောင်းချပေးသွားမယ်လို့ ရန်ကုန်မြို့က အမျိုးသားအဝတ်အထည် ဖက်ရှင်ဆိုင်တဆိုင်က ကြေညာထားပါတယ်။

ဆန်ပြည် ၄၀၀ နဲ့ ကြက်ဥအလုံး ၃၃၀၀ ကို  တဦးလျှင် ကြိုက်နှစ်သက်ရာ တမျိုး  မကုန်မချင်း ရောင်းချပေးမှာဖြစ်ပြီး လူတွေရုတ်ရုတ်သဲသဲ မဖြစ်အောင် စနစ်တကျတန်းစီပေးဖို့လည်း ရောင်းချပေးသူက မေတ္တာရပ်ခံထားပါတယ်။ 

Aladdin Men Fashion ဆိုင်အနေနဲ့ စားဝတ်နေရေးကျပ်တည်းနေတဲ့ ပြည်သူတွေအတွက် ခုလိုရောင်းချပေးတာဟာ ဒုတိယအကြိမ်ဖြစ်ပြီး ပြီးခဲ့တဲ့ ဩဂုတ် ၁၇ ရက်ကလည်း ပထမအကြိမ် ရောင်းချခဲ့ပါတယ်။

နွယ်အေးစွန္နီဂျာမေဗလီ လူမှုရေးအသင်းကလည်း   ကြက်ဥ ၆ လုံးကို ကျပ် ၁၀၀၀ နှုန်းနဲ့  ရန်ကုန်တိုင်း၊ ဒေါပုံမြို့နယ်ရှိ ရပ်ကွက်တွေမှာ မကြာသေးခင်က   လိုက်လံရောင်းချပေးခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ အကြမ်းဖက်စစ်အုပ်စုကမတရားအာဏာသိမ်းယူထားတဲ့ကာလဟာ ၁ နှစ်ခွဲကျော်ထိ ကြာမြင့်လာခဲ့ပြီဖြစ်ကာ ဒီကာလတွေအတွင်း နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့အတူ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေးကဏ္ဍတွေအသီးသီးမှာ အဘက်ဘက်က ကျဆင်းနေခဲ့တာပါ။

စီးပွားရေးကဏ္ဍမှာလည်း မြန်မာကျပ်ငွေတန်ဖိုး စံချိန်တင်ထိုးကျပြီး ငွေကြေးဖောင်းပွမှုနဲ့အတူ အလုပ်အကိုင်ရှားပါး၊ အလုပ်လက်မဲ့ပြဿနာတွေကြောင့် ပြည်သူတွေဟာလည်း တနေ့တခြား ပိုမိုဆင်းရဲ ကျပ်တည်းနေပါတယ်။

 ဆိုင်လိပ်စာ-

တိုက်-1,No-003, မြေညီထပ်၊ လေးထောင့်ကန်လမ်းမကြီး၊  CB ဘဏ် မျက်စောင်းထိုး၊ ဘဝမြင့် မှတ်တိုင်အနီး သင်္ကန်းကျွန်းမြို့နယ်၊ရန်ကုန်မြို့။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013