DVB Logo
Home
မြန်မာသတင်း
ရခိုင်ပြည်နယ်တွင် အိုင်အန်ဂျီအိုရုံး ပြန်ဖွင့်နိုင်ရေး အခက်အခဲရှိ
DVB
·
April 22, 2014
ရခိုင်ပြည်နယ်တွင် အိုင်အန်ဂျီအိုရုံး ပြန်ဖွင့်နိုင်ရေး အခက်အခဲရှိ
Donate to DVB

နေရာထိုင်ခင်းနဲ့ လုံခြုံရေးအခြေအနေတွေကြောင့် ရခိုင်ပြည်နယ်မှာ အိုင်အန်ဂျီအိုရုံးတွေ ပြန်ဖွင့်လှစ်လည်ပတ်ဖို့ အခက်အခဲရှိနေတယ်လို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံရုံး ပြန်ကြားရေးအရာရှိ ဦးအေးဝင်းက ပြောဆိုလိုက်ပါတယ်။

[caption id="attachment_53970" align="alignleft" width="300"]မတ်လ ၂၇ ရက်နေ့က ရခိုင်ပြည်နယ်ရှိ အန်ဂျီအိုရုံးတချို့ တိုက်ခိုက်ခံခဲ့ရပြီးနောက် တွေ့မြင်ရစဉ် (ဓာတ်ပုံ - April Maung Maung) မတ်လ ၂၇ ရက်နေ့က ရခိုင်ပြည်နယ်ရှိ အန်ဂျီအိုရုံးတချို့ တိုက်ခိုက်ခံခဲ့ရပြီးနောက် တွေ့မြင်ရစဉ် (ဓာတ်ပုံ - April Maung Maung)[/caption]

ရခိုင်ပြည်နယ် စစ်တွေမြို့မှာ မတ် ၂၆ ရက်နေ့နဲ့ ၂၇ ရက်တွေက  ကုလသမဂ္ဂနဲ့ အိုင်အန်ဂျီ အိုလ်အဖွဲ့အစည်းတွေ အကြမ်းဖက်ခံရတဲ့ aနာက်ပိုင်း အိုင်အန်ဂျီအိုတွေ ရခိုင်ပြည်နယ်ကနေ ထွက်ခွာခဲ့ပါတယ်။

လူသားချင်း စာနာမှုအကူအညီနဲ့ ဖွံ့ဖြိုးမှု လုပ်ငန်းတွေ ပြန်လည် လုပ်ကိုင်နိုင်ဖို့  အစိုးရနဲ့ အန်ဂျီ အို အဖွဲ့စည်းကြိုးစားနေကြပေ မယ့် နေရာထိုင်ခင်း အခက်အခဲနဲ့ လုံခြုံရေးအခက်အခဲရှိနေ တယ်လို့ ကုလသမဂရဲ့ မြန်မာနိုင်ငံရုံး ပြန်ကြားရေးအရာရှိ ဦးအေးဝင်းက ပြောပါတယ်။

အိုင်အန်ဂျီအိုရုံးတွေ ပြန်ဖွင့်နိုင်ရေးအတွက် ပြည်ထောင်စုအစိုးရက အရေးပေါ် ပေါင်းစပ် ညှိနှိုင်းရေး စင်တာ (Emergency Coordination Center) အဖွဲ့ကို ဖွဲ့စည်းပေးထားပြီး ညှိနှိုင်း ဆောင်ရွက်မှုတွေ လုပ်ဆောင်နေပါတယ်။ ဒီအဖွဲ့မှာ နယ်စပ်ရေးရာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယ၀န်ကြီးတွေ၊ ယူအန်က ကိုယ်စားလှယ်၊ အိုင်အန်ဂျီအိုက ကိုယ်စားလှယ်နဲ့  ဒေသခံတွေ ပါဝင်ပါတယ်။

ဧပြီလ ၁၃ ရက်နေ့ထုတ်  အစိုးရပိုင် မြန်မာ့အလင်းသတင်းစာမှာတော့ ကျန်းမာရေးဦးစီးဌာန ဒုတိယညွန်ကြားရေးမှူးချုပ် (ရောဂါနှိမ်နင်းရေး) ဒေါက်တာစိုးလွင်ငြိမ်းနဲ့ MSF-Holand အဖွဲ့ ဧပြီ ၁၀ ရက်နေ့က ရန်ကုန်မြို့ ဆွေးနွေးပွဲမှာ နှစ်ဘက်ကျန်းမာရေး ၀န်ထမ်းတွေ ဆက်လက်ပူးပေါင်းဆောင်ရွက်သွား မယ့်အကြောင်းနဲ့ ရခိုင်ပြည်နယ်တွင်း ၀န်ထမ်းတွေနေထိုင်ရေးတွက် ပြည်နယ်အစိုးရနဲ့ အီးစီစီတို့ အကြံဥာဏ်ရယူသွားမယ့်အကြောင်း ဖော်ပြခဲ့ပါတယ်။

ရခိုင်ပြည်နယ်အစိုးရ ပြောခွင့်ရသူ ဦးဝင်မြိုင်ကို ဒီဗွီဘီက မေးမြန်းကြည့်တဲ့ အခါ   ရခိုင်ပြည်နယ်အတွင်း ယူအန်လက် အောက်ခံအဖွဲ့အစည်းတွေပဲ ပြန်လည်ဖွင့်လှစ်မှာဖြစ်ပြီး  နယ်စည်းမခြား ဆရာဝန်များအဖွဲ့ (MSF) နဲ့ မာတင်ဇာ အင်တာ နေရှင်နယ်အဖွဲ့တွေကတော့ ဖွင့်မှာမဟုတ်ဘူးလို့ ပြောပါတယ်။

ရခိုင်အမျိုးသမီး ကွန်ရက်အဖွဲ့ဝင် ဒေါ်ညိုအေးကတော့ ပြည်သူတွေနဲ့ ပဋိပက္ခဖြစ်တဲ့ အဖွဲ့အစည်းတွေ ရပ်သင့်တယ်လို့ ပြောပါတယ်။

လက်ရှိမှာတော့ ယူအန်လက်အောက်ခံအဖွဲ့အစည်းတွေ ရုံးဖွင့်နိုင်ရေး လုပ်ဆောင်နေပြီး စစ်တွေဟိုတယ်နားမှာ တစုတဝေးတည်းထားပြီး လုပ်ဆောင်ဖို့ရှိနေတယ်လို့ စစ်တွေမြို့က ရခိုင်ခေါင်း ဆောင်တဦးဖြစ်တဲ့ ဦးအောင်မြတ်ကျော်က ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ  အိုင်အိုင်ဂျီအိုရဲ့လုပ်ငန်းတွေ ရပ်တန့်ထားတဲ့အတွက် ဒေသတွေ မှာ လူသားချင်းစာနာမှုအထောက်အကူတွေ၊ ကျန်းမာရေးပြ၍နာတွေ အများအပြားရှိနေတယ်လို့ ဦးအေးဝင်းက ပြောပါတယ်။ တချို့နေရာတွေမှ ကျန်းမာရေးဦးစီးဌာနက လုပ်ဆောင်ပေး တာရှိပေမယ့် လိုအပ်ချက်နဲ့ မမျှတနိုင်ဖြစ်တယ်လို့လည်း ဦးအေးဝင်းက ဒီဗွီဘီကို ပြောပါတယ်။ အပြည့်အစုံ အသံဖိုင်နားဆင်ရန်
Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013