DVB Logo
Home
မြန်မာသတင်း
ဘင်္ဂလားဒေ့ရှ်ပိုင်နက်ထဲ လက်နက်ကျည်များထပ်မံကျရောက်မှု မြန်မာစစ်တပ်၏ ရန်စမှုဖြစ်နိုင်ဟု သုံးသပ်
DVB
·
September 5, 2022
ဘင်္ဂလားဒေ့ရှ်ပိုင်နက်ထဲ လက်နက်ကျည်များထပ်မံကျရောက်မှု မြန်မာစစ်တပ်၏ ရန်စမှုဖြစ်နိုင်ဟု သုံးသပ်
Donate to DVB

မြန်မာဘက်က ပစ်လိုက်တဲ့ လက်နက်ကျည်တွေ ဘင်္ဂလားဒေ့ရှ်ပိုင်နက်ထဲ  ကျရောက်မှု ဆက်တိုက်မကြာခဏဖြစ်နေတာဟာ ဘင်္ဂလားဒေ့ရှ်စစ်တပ်ကို မြန်မာစစ်တပ်က ကြိုတင်တွက်ချက်ရန်စနေတာဖြစ်နိုင်တယ်လို့ ဟားဗတ်တက္ကသိုလ်အာရှစင်တာရဲ့ ဧည့်ပါမောက္ခ အန္နူအန္နဝါက သုံးသပ်ပြောပါတယ်။

ဒီလိုဖြစ်ရပ်တွေအတွက် ကန်ကွက်ကြောင်းသတိပေးစာပေးတာအပြင် ဘင်္ဂလားဒေ့ရှ်စစ်တပ်က သင့်တော်တဲ့လှုပ်ရှားမှု တစ်ခုခုပြသပြီး ဗျူဟာကျတဲ့နေရာတွေမှာ စစ်တပ်အင်အားတို့ချဲ့ ထားတာတွေ၊ လေကြောင်းကာကွယ်ရေးစနစ်တွေကို ပြင်ဆင်နေရာချထားတာတွေ ဆောင်ရွက်သင့် တယ်လို့လည်းပြောတဲ့အကြောင်း  New Age ဘင်္ဂလားဒေ့ရှ်သတင်းမှာ ရေးသားဖော်ပြပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာနက မြန်မာစစ်ကောင်စီသံအမတ်ကိုဆင့်ခေါ်ကာ သူတို့ပိုင်နက်ထဲ မော်တာကျည်ကျရောက်ခဲ့တာကို ကန့်ကွက်ကြောင်းသတိပေးစာပေးခဲ့ပြီး နောက်ထပ်ရက် အနည်းငယ်အကြာမှာပဲ ဘင်္ဂလားဒေ့ရှ်ပိုင်နက်ထဲ မြန်မာစစ်တပ်က ပစ်ခတ်လိုက်တဲ့ မော်တာကျည် ထပ်မံကျရောက်ပေါက်ကွဲခဲ့တာဖြစ်ပြီး ဒီတစ်ကြိမ်နဲ့ဆိုရင် တစ်လအတွင်း ၃ ကြိမ် ဖြစ်ပွားခဲ့တာပါ။

နောက်ဆုံးလက်နက်ကျည်တွေကျတဲ့ဖြစ်ရပ်ကတော့  ဘန်ဒါဘန်နယ်မြေထဲက ဂန်ဒမ်ဧရိယာထဲမှာ စက်တင်ဘာ ၃ ရက် စနေနေ့မနက် ၉ နာရီခွဲခန့်က ဖြစ်ပွားခဲ့တာဖြစ်ပြီး အခင်းဖြစ်ပွားရာနေရာဟာ ကော့ခ်ဘဇားရိုဟင်ဂျာဒုက္ခသည်စခန်းနဲ့ ၆ ကီလိုမီတာခန့် အကွာခန့်မှာရှိတယ်လို့ သိရပါတယ်။ 

အခင်းဖြစ်ပွားတဲ့နေ့မှာပဲ ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူက ဒီဖြစ်ရပ်ဟာ ကန့်ကွက်ရမယ့်ကိစ္စဖြစ်တယ်လို့ပြောပါတယ်။ အခုဖြစ်ဖြစ်ရပ်ဟာ မတော်တဆဖြစ်ရပ် ဟုတ်မဟုတ်ကို ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်က စုံစမ်းစစ်ဆေးနေပြီး ကန့်ကွက်ကြောင်းသတိပေးစာထပ်ပေးရမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။

ပစ်ခတ်မှုတွေကြောင့် မြန်မာနိုင်ငံဘက်က ဖိအားပေးမောင်းထုတ်ခံရတဲ့ မြန်မာနိုင်ငံသားတွေ နယ်စပ်ကနေကျော်ဖြတ်ပြီး ဝင်မလာနိုင်အောင် မြန်မာနယ်စပ်ကို အထူးသတိထားစောင့်ကြည့်နေရတယ်လို့လည်း သူကပြောပါတယ်။

ပြီးခဲ့တဲ့စနေနေ့မနက်က ပျံသန်းနေတဲ့ မြန်မာစစ်တပ်ရဲ့ ဂျက်တိုက်လေယာဉ် အနည်းဆုံး နှစ်စီးရှိပြီး ရဟတ်ယာဉ် နှစ်စီးက နယ်စပ်မှာ ပျံဝံနေခဲ့တယ်လို့ ဂန်ဒမ် ဧရိယာထဲက စုံစမ်းစစ်ဆေးရေးရဲဌာနက ပြောပါတယ်။

အခင်းဖြစ်ပွားခဲ့တဲ့ စနေနေ့က လေကြောင်းနယ်နိမိတ် ကျူးကျော်မှုမှတ်တမ်းတော့ မတွေ့ရဘူးလို့ ဘင်္ဂလားဒေ့ရှ်လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ အခင်းဖြစ်တဲ့နေ့ မွန်းလွဲ ၂ နာရီ ၄၅ မိနစ်အထိတော့ အဲဒီဖြစ်ရပ်ကြောင့် လူသေဆုံးမှုသတင်းမကြားရသေးဘူးလို့လည်း ဘန်ဒါဘန် ရဲဌာနကလည်း ပြောပါတယ်။

အဲဒီနောက် ဂျက်တိုက်လေယာဉ်တွေကနေ မော်တာကျည် ၈ လုံးလောက်ပစ်ခတ်ခဲ့ပြီး ရဟတ်ယာဉ်တွေက မော်တာကျည် အလုံး ၃၀ ကျော်ပစ်ခတ်ခဲ့ကြောင်းနဲ့ အဲဒီထဲက မော်တာကျည် နှစ်လုံးဟာ ဘင်္ဂလားဒေ့ရှ်ပိုင်နက် မီတာ ၁၂၀ အတွင်းမှာ ကျရောက်ပေါက်ကွဲခဲ့တာဖြစ်တယ်လို့ ဘန်ဒါဘန် ရဲမှူးက ပြောပါတယ်။

မြန်မာစစ်တပ်က  ဘင်္ဂလားဒေ့ရှ်ပိုင်နက်ထဲ မကြာခဏကျွံဝင်လာတတ်ပေမဲ့ အဲဒီဖြစ်ရပ်တွေကြောင့် ကြီးကြီးမားမားထိခိုက်မှု ဘာမှမရှိခဲ့ဖူးကြောင်း ပြီးခဲ့တဲ့အပတ်ထဲမှာ ဘင်္ဂလားဒေ့ရှ်ပြည်ထဲရေးဝန်ကြီးက ပြောခဲ့ပါတယ်။

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်းရှိ နှစ်နိုင်ငံနယ်စပ်မှာ ပြီးခဲ့တဲ့ ရက်ပိုင်းက စစ်ကောင်စီတပ်တွေနဲ့   ရက္ခိုင့်တပ်တော် (အေအေ)တို့ တိုက်ပွဲပြင်းထန်ဖြစ်ပွားခဲ့တာပါ။ 

သြဂုတ် ၃၁ ရက်မနက်မှာတော့ ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်ခြား မှတ်တိုင်အမှတ် ဘီဘီ ၄၀ စစ်စခန်းကို ရက္ခိုင့်တပ်တော် (အေအေ)က  သိမ်းပိုက်ခဲ့ပြီးနောက်  စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ ပိုမိုပြုလုပ်ခဲ့တာဖြစ်ပါတယ်။

Ref- New Age Bangladesh

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013